What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 February 2019 13:26

ဘလူးဘယ်ရီသီး ပုံမှန်စားသူများ နှလုံးသွေးကြောရောဂါအန္တရာယ် လျော့ကျနိုင်

ဘလူးဘယ်ရီသီးများကို အပြာရောင်ဖြစ်စေသည့် ဒြပ်ပေါင်း များသည် နှလုံးသွေးကြောကျန်းမာရေးကို သိသာစွာ တိုးတက်စေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

အစောပိုင်းအဆင့်များတွင် မြင်သာသော ရောဂါလက္ခဏာ ပြသခြင်းမရှိသဖြင့် အသံတိတ်လူသတ်ကောင်ရောဂါအဖြစ် အမည် ပေးခံရသော သွေးတိုးရောဂါနှင့် အမေရိကန်နိုင်ငံ၌ လူကြီးသုံးဦး တွင် တစ်ဦးကြုံတွေ့ရပါတယ်။

 

သွေးတိုးရောဂါကြောင့် နှလုံးသွေးကြောစနစ်ကို ထိခိုက်စေပြီး ကာလကြာရှည်ပါက နှလုံးလုပ်ဆောင်ချက် ရပ်ဆိုင်းခြင်း၊ လေ ဖြတ်ခြင်းနှင့် ကျောက်ကပ်လုပ်ဆောင်ချက်ရပ်ဆိုင်းခြင်းဆီသို့ ဦး တည်နိုင်ခဲ့ပါတယ်။

 

သွေးတိုးရှိသူများအနေဖြင့် ကျန်းမာရေးနှင့်ညီသော ကိုယ်အ လေးချိန်ကို ထိန်းထားကာ ဆေးလိပ်မသောက်ဘဲ လေ့ကျင့်ခန်းပုံမှန် လုပ်၍ ကျန်းမာရေးနှင့်အညီ စားသောက်ခြင်းဖြင့် ယင်းအခြေအနေ ကို ထိန်းချုပ်ရန် အမေရိကန်အမျိုးသားကျန်းမာရေးအဖွဲ့ (NLH) က အကြံပြုထားပါတယ်။

 

ပန်းဂေါ်ဖီစိမ်း၊ ဒေါက်ခွရွက်၊ ပဲနှင့် ငါးတို့အပြင် ဘယ်ရီသီး များ ပုံမှန်စားပေးခြင်းဖြင့် နှလုံးရောဂါအန္တရာယ်ကို လျှော့ချနိုင်ပြီး ယင်းအစားအစာများတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ကြောင်း သုတေသီများက ပြောပါတယ်။

 

လန်ဒန်ကောလိပ်ရှိ သုတေသီများက ဘလူးဘယ်ရီသီး ၂၀၀ ဂရမ်စီ နေ့စဉ်စားပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ကျစေကြောင်း လေ့လာတွေ့ရှိသည်။ ဘလူးဘယ်ရီသီး ပုံမှန်စားပေးပါက သွေးတိုးလည်း ကျစေနိုင်ကြောင်း သုတေသီများက ပြောပါတယ်။

 

တစ်နေ့လျှင် ဘလူးဘယ်ရီသီး ၂၀၀ ဂရမ်စီ တစ်လအထိ စား သုံးသူများသည် သွေးပေါင် 5mmHg လျော့ကျကြောင်း သိရပါတယ်။

 

ဘလူးဘယ်ရီသီးတွင် ကျန်းမာရေးအတွက် အထောက်အကူ ပြုသော ဒြပ်ပေါင်းများအပြင် အာဟာရဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်သဖြင့် ပုံမှန်စားသုံးသင့်ကြောင်း သုတေသီများက အကြံပြု ထားပါတယ်။

Source: 7daydaily

Health Products Dorectory

 

Read: ဆလပ်ရွက်ကို စားပေးရင်

ဆလပ်ရွက်ကို စားပေးရင်

Read times Last modified on Wednesday, 27 February 2019 11:46
Rate this item
(1 Vote)