What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 12 May 2017 10:12

ခေါင်းကိုက်ဝေဒနာဖြစ်စေရန် လှုံ့ဆော်နိုင်သော အကြောင်းများ

ခေါင်းကိုက်ဝေဒနာဖြစ်စေရန် လှုံ့ဆော်နိုင်သော အကြောင်းများ Google.com

သင် ခေါင်းကိုက်တာက အိပ်ရေးမဝတာကြောင့်လား၊ အစားမှားတာကြောင့်လား၊ ဘာကြောင့် ခေါင်းကိုက်ရသလဲ ဆိုတာကို သိရှိနိုင်အောင် ဖော်ပြ ပေးလိုက်ပါတယ်။

၁. ရုံးပိတ်ရက်

စနေ၊ တနင်္ဂနွေလိုမျိုး ရုံးပိတ်ရက်တွေမှာ သင်နေ့စဉ် လုပ်နေကျ အချိန်ဇယားအတိုင်း မလုပ်တတ်ပါဘူး။ ဥပမာအားဖြင့် အိပ်ရာမှ စောစော မထတော့ဘဲ နေ့ခင်းပိုင်းထိ အိပ်နေတတ်တာကြောင့် ခေါင်းကိုက်တတ် ပါတယ်။ ရုံးပိတ်ရက်တွေမှာ သင်အိပ်ချိန်ကို ပုံမှန်အတိုင်း အိပ်သင့်ပါတယ်။

၂. ကော်ဖီအသောက်များခြင်း

ကော်ဖီ အနည်းငယ် သောက်တာဟာ ခေါင်းကိုက်တာကို သက်သာစေပေမယ့် ကော်ဖီအသောက် များလွန်းရင် ခေါင်းကိုက်တတ်ပါတယ်။

၃. အဆာခံခြင်း

အလုပ်များလွန်းတာကြောင့် ဆာလောင်နေတာကို အစာမစားဘဲ အောင့်ထားရင် ခေါင်းကိုက်တတ်ပါတယ်။

၎. ရေဓာတ်လျော့နည်းခြင်း

ရေဓာတ်အနည်းငယ် လျော့နည်းရင်လည်း ခေါင်းကိုက်တတ်ပါတယ်။ ရေဓာတ် လုံလုံလောက်လောက် ရရှိအောင် ရေဆာတိုင်း ရေသောက်ပေးပါ။

၅. ခန္ဓာကိုယ်အလေးချိန်

လေ့လာမှုတွေအရ အသင့်အတင့် ဝသူတွေ (BMI 30 ခန့်) ဟာ BMI နည်းသူတွေထက် ခေါင်းကိုက်နိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုများကြောင်း သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အဝလွန်သူတွေ (BMI 40) မှာမူ ခေါင်းကိုက်နိုင်ခြေ ၈၀ ရာခိုင်နှုန်းထိ မြင့်တက်နိုင်ပါတယ်လို့ ဆိုပါတယ်။

၆. ကိုယ်ရည်ကိုယ်သွေး

သီးသန့်နေတတ်တာ၊ အစွဲအလမ်းကြီးတာ၊ စည်းကမ်းတင်းကျပ်စွာ နေတတ်တာလိုမျိုး အပါအဝင် ထူးခြားတဲ့ သွင်ပြင်လက္ခဏာ ရှိသူတွေဟာ ခေါင်းကိုက်တာ ပိုမို ဖြစ်ပွားတတ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ စိတ်ဖြေလျှော့မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ လိုပါတယ်။

၇. အိမ်သုတ်ဆေး

အရောင်အသွေးမျိုးစုံ သုတ်ထားတဲ့ အိမ်သုတ် ဆေးတွေကြောင့် ခေါင်းကိုက်နိုင်ရုံမက အိမ်သုတ်ဆေးမှ ရရှိတဲ့ အနံ့တွေကြောင့်လည်း ခေါင်းကိုက်တတ်ပါတယ်။

၈. လှုပ်ရှားမှု မရှိခြင်း

လှုပ်ရှားမှု မရှိသူတွေဟာ ခေါင်းကိုက်ဝေဒနာ ပိုမိုခံစားကြရပါတယ်။ တစ်နေ့ကို မိနစ် ၂၀ မှ မိနစ် ၃၀ ထိနဲ့ တစ်ပတ်ငါးရက် လေ့ကျင့်ခန်း လုပ်ပေးပါ။

၉. အစားအသောက်တစ်ချို့

စားနိုင်သော အစာများ - ဟင်းနုနယ်၊ တို့ဟူး၊ အုတ်စပါး၊ ဘာလီ၊ ငါးအဆီ၊ သံလွင်ဆီ၊ နေကြာစေ့နဲ့ ဖရုံစေ့။

ရှောင်သ့င်သော အစာများ - ဝိုင်အနီ၊ ဘီယာ၊ အချိုမှုန့်၊ ချောကလက်၊ ချဉ်ဖတ်၊ ချိစ်၊ ပြုပြင်ထားသော အသားများ (ဥပမာ - ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ဝက်အူချောင်း)။

Source: Healthy planet

Read times
Rate this item
(1 Vote)