What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 01 March 2019 16:15

သင့်ဆီးကျိတ် ရောဂါ အတွက် အကောင်းဆုံး ဓာတ်စာသုံးမျိုး

လိုင်ကိုပင်း

ဆီးကျိတ်ကင်ဆာ ရောဂါက အမျိုးသားတွေမှာ တတိယဖြစ်ပွားမှု အများဆုံး ရောဂါတစ်ခု ဖြစ်တယ်လို့ စင်ကာပူနိုင်ငံ တန်တောက်စင်း ဆေးရုံမှ တွဲဖက်ပါမောက္ခ ဒေါက်တာ Chia Sing Joo က ပြောကြားပါတယ်။ လိုင်ကိုပင်းက ဆီးကျိတ်ကို ရောဂါတွေ ဖြစ်ပွားတာကနေ ကာကွယ်ပေးနိုင်ပါတယ်။

 

အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ လိုင်ကိုပင်းကို ခရမ်းချဉ်သီးမှာ တွေ့ရပြီး ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ အမေရိကန် သုတေသီရဲ့ မကြာမီက လေ့လာခဲ့တဲ့ သုတေသနတွေက တွေ့ရှိခဲ့ပါတယ်။ လိုင်ကိုပင်းက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကို ပြောင်းလဲပေးတာနဲ့ ကင်ဆာဖြစ်နေတဲ့ ဆဲလ်တွေကို သူ့အလိုလို သေစေတာကို ဖြစ်စေတဲ့ အာနိသင် ရှိပါတယ်။  နေ့စဉ် လိုအပ်သော ပမာဏ- ၁၅-၂၀ မီလီဂရမ် ၊ သဘာဝမှ ရနိုင်သော အရင်းအမြစ်- ခရမ်းချဉ်သီး၊ အနီရောင်ရှိသော သစ်သီးများ ၊ အကျိုးရလဒ်- ပန်းသေပန်းညှိုးရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ဂျင်ဆင်း

စင်ကာပူ နိုင်ငံသားတွေရဲ့ ၅၁ ဒသမ ၃ ရာခိုင်နှုန်းက ပန်းသေပန်းညှိုး ရောဂါကို ခံစားနေကြရတယ်လို့ စင်ကာပူနိုင်ငံရဲ့ ဆေးပညာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ ကိုရီးယားနိုင်ငံက ပြုလုပ်တဲ့ သုတေသနအရ ဂျင်ဆင်း သောက်သုံးတဲ့ ပန်းသေပန်းညှိုးရောဂါ ခံစားနေရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းမှာ တိုးတက်တာ တွေ့ရပါတယ်။ မကြာသေးမီက ကနေဒါ နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနအရ ဂျင်ဆင်းက နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။ နေ့စဉ် သောက်သုံးပါက သွေးလွှတ်ကြောတွေ မာကျောမှုကိုလည်း လျှော့ချပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

 

 

နေ့စဉ် လိုအပ်သောပမာဏ- ၉၀၀ မီလီဂရမ်၊ တစ်နေ့ သုံးကြိမ် ခွဲသောက်ပါ။ သဘာဝမှ ရနိုင်သော အရင်းအမြစ်- ကိုရီးယား ဂျင်ဆင်းမြစ် ၊ အကျိုးရလဒ်- ရိုးရိုးဆီးကျိတ်ကြီး ရောဂါ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

 

ဆေးထန်းပင်

အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ရိုးရိုး ဆီးကျိတ်ကြီး ရောဂါ (BPH) ဖြစ်ပေါ်နိုင်ခြေ များပါတယ်။ ဆီးကျိတ်ကြီးတဲ့အခါ ဆီးမကြာခဏ သွားတာကြောင့် အိပ်ရေးပျက်ကာ တက်ကြွရွှင်လန်းမှု မရှိဘဲ လေးလံထိုင်းမှိုင်း နေတတ်ပါတယ်။ မကြာသေးမီက ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေ အရ အမျိုးသား တစ်ယောက်က နေ့စဉ် Saw Palmetto 320 mg ကို တစ်နှစ် သောက်ပြီးတဲ့အခါ ဆီးကျိတ်ကြီးနေတဲ့ အရွယ်အစားကနေ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

 

နေ့စဉ်လိုအပ်သော ပမာဏ- ၃၂၀ မီလီဂရမ် ၊ သဘာဝမှ ရနိုင်သော အရင်းအမြစ်- ဆေးထန်းသီး ၊ အကျိုးရလဒ်- ရိုးရိုး ဆီးကျိတ်ကြီးရောဂါ ဖြစ်ပွားမှုကို ဟန့်တားပေးနိုင်ပါတယ်။

 

Source: ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Health Products Directory

Read times Last modified on Friday, 01 March 2019 16:58
Rate this item
(0 votes)