What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 March 2019 17:11

ဆယ်ကျော်သက်တွေ ဘာကြောင့် အကြောပြတ်တာလဲ

ခြေသလုံး ၊ ဗိုက်အကြောပြတ်တာပျောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လူတော်တော်များက အဖြေသိပ်ရှာမရ ကြပါဘူး။ ဒါကြောင့် အကြောပြတ်တာကို ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 

အကြောပြတ်တာဟာဆိုရင် လူပျိုအရွယ်တွေမှာ ပိုအဖြစ်များလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ယောက်ျားလေ အများစုက အထွားမြန်တက်တာကြောင့် ရုတ်တရုက် အရေပြားကို ဆွဲဆန့်လိုက်သလို့ ဖြစ်ပြီး အရေပြားမှာရှိတဲ့ အကြောငယ် ပျက်စီးသွားတာကို အကြောပြတ်တာလို့ ခေါ်ပါတယ်။

 

အမျိုးသမီးအများစုအနေနဲ့ အကြောပြတ်တာကို ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အဖြစ်များလေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်က တဖြည်းဖြည်း ဖောင်းတာတက်ပြီး အရေပြားများဆွဲဆန့်လိုက်သလိုဖြစ်စေတာကြောင့် အကြောပြတ်ကို ခံစားရတက်ပါတယ်။ တစ်ချို့ဆိုရင် ဝိတ်ချတဲ့အခါမှာဘဲ ဖြစ်ဖြစ် GYM သွားဆော့တာဘဲ ဖြစ်ဖြစ် GYM ကို အပြင်းအထန်းဆော့ ကစားလိုက်တာ အကြောပြတ်တာတွေကို ခံစားရတက်ပါတယ်။

 

ဒါကြောင့် အကြောပြတ်ကို ဖြစ်ပြီးပြီးဆိုတာနဲ့ ကုသတဲ့အခါတွေမှာတော့ အနည်းငယ် အခက်ခဲရှိနိုင်ပါတယ်။ အကြောပြတ်ခြင်းကို ကုသဖို့ လိမ်းဆေးကတော့ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ၎င်းဆေးတွေကို အတိုင်းတာ တခုအထိပဲ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 

အကြောပြတ်တာက ဖြစ်ခါစ အချိန်မှာ သိလိုက်ရပြီးဆိုတာ နဲ့ ဆေးကုသမှုတွေလုပ်လိုက်မယ် ဆိုရင်တော့ ပျောက်ကင်းနိုင်တဲ့အထိ အခွင့်အရေးရှိပါတယ်။ အကယ်၍ နောက်ကျသွားခဲ့တယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်းလောက်တော့ ကိုယ့်အသားရေအတိုင်း ပြတ်တော့ မရနိုင်တော့ပါဘူး။ များသောအားဖြင့် ၈၀ ရာခိုင်နှုန်းလောက်ဘဲ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကြောပြတ်ပြီးဆိုတာနဲ့ ဖြစ်ဖြစ်ချင်း ကုသတာက အကောင်းဆုံးပါဘဲ။

 

အကြောပြတ်ခြင်း မဖြစ်အောင်ဘယ်လို ကာကွယ်လို့ရမလဲ။

 

အမျိုးသမီးများဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဗိုက်တွင် သံလွင်ဆီများကို လိမ်းခြင်း ၊ အဆီ များခြင်း ၊ Bio oil လို ခေါ်တဲ့ လိမ်းဆေးအဆီ ၊ ဗီတာမင် အေ ပါဝင်သော လိမ်းဆေးအဆီ များကို ကြိုတင်လိမ်းထားပေးခြင်းဖြင့် အကြောပြတ်ခြင်း ကို ကာကွယ်နိုင်ပါတယ်။

 

နောက်ဆုံးအနေဖြင့် အကြောပြတ်တာဟာ ကြောပြတ်ခြင်း၏ ဝေါဟာရ မှန်ကန်လားဆိုတာကိုတော့ တော်ယုံ လူတစ်ချို့လောက်သာ သိကြလိမ့်မယ် ထင်ပါတယ်။

 

ဥပမာအားဖြင့် သရေပြား တစ်ပြားကို ဆွဲ လိုက် ဆန့်လိုက် ပြုလုပ်လိုက်လျှင် ပြန်ကျုံ့သွားလေ့ရှိပါတယ်။ ထို သရေပြားကို တော်ရုံထက် ဆွဲ ဆန့်ခြင်း ပြုလုပ်လိုက်မယ်ဆိုရင်တော့ နဂို မူလအတိုင်း ပြန်တော့ မကျုံ့သွားလေ့မရှိပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ အကြောများပြတ်ခြင်းကို မဟုတ်ပါဘူး။

 

Sourcer:  ဒေါက်တာစုဖြိုးအောင် 

Health Products Directory

 

Read times Last modified on Thursday, 07 March 2019 17:28
Rate this item
(0 votes)