What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 April 2019 09:57

ဂေါက်(အဆစ်အမြစ်ရောင်ရောဂါ) နှင့် ပတ်သက်၍ သိထားရမည့်အချက်များ

သွေးနှင့် တစ်သျှူးများထဲတွင် ယူရစ်အက်စစ် များလွန်းသောကြောင့် အဆစ်အမြစ်ရောင်ရမ်းသည့်ရောဂါ (Gout) ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အဆစ်အ မြစ်များတွင် ယူရစ်အက်စစ်များ အနည်ထိုင်ပြီး ဂေါက်ရောဂါဖြစ်လာပါတယ်။ ယင်းအက်စစ်များက ကျောက်ကပ်များထဲတွင်လည်း အနည်ထိုင်နိုင်ပြီး ကျောက်ကပ်တွင် ကျောက်တည်လာနိုင်ပါတယ်။

 

ဂေါက်ရောဂါဖြစ်စေသည့် ယူရစ်အက်စစ်မြင့်မားမှု ဖြစ်စေသော အဓိကအကြောင်းရင်းသုံးမျိုးမှာ ဓာတုပစ္စည်းပါဝင်မှုများသည့် အစားအစာများစားခြင်း၊ မျိုးရိုးလိုက်ခြင်းတို့ကြောင့်ဖြစ်နိုင်ပြီး မည်သည့် အကြောင်းရင်းကြောင့်ဟု မသိရဘဲ ခန္ဓာကိုယ်က ယူရစ်အက်စစ်ထုတ် လုပ်မှု မြင့်မားခြင်းနှင့် ကျောက်ကပ်များက လုံလောက်သော ယူရစ်အက်စစ်များကို မစွန့်ပစ်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။ နောက်တစ် ချက်မှာ ကျောက်ကပ်ရောဂါ ၊ အဆာငတ်ခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်းတို့ကြောင့် ဖြစ်နိုင်ပြီး သွေးတိုးရောဂါကုသသည့် ဆေး တစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

အဝလွန်ခြင်းနှင့် ရုတ်တရက်ကိုယ်အလေးချိန် တိုးလာခြင်းကြောင့် ယူရစ်အက်စစ်ထုတ်လုပ်မှု မြင့်မားလာနိုင်ပါတယ်။ အချို့သော ပုဂ္ဂိုလ်များတွင် ဂေါက်ရောဂါမှာ ယင်းအချက်များ စုပေါင်း၍ ဖြစ်တတ်ပြီး မိသားစုတွင် ဂေါက်ရောဂါရာဇ၀င်ရှိသူများမှာ ယင်းရောဂါဖြစ်ပွားနိုင်ဖွယ်ပိုများပါတယ်။

 

Read More : ကြက်ဥ နှင့် တွဲမစားသင့်သော အစားအစာ ၇ မျိုး

 

ဂေါက်ရောဂါရှင် ၉၀ ရာခိုင်နှုန်းမှာ အသက် (၄၀)ကျော် အမျိုးသားများဖြစ်ပါတယ်။ ငယ်ရွယ်သော အမျိုးသမီးများ ဂေါက်ရောဂါဖြစ်ခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး သွေးဆုံးပြီးနှစ်များစွာကြာပြီးမှသာ အမျိုးသမီးများ ဂေါက်ရောဂါ ဖြစ်လေ့ရှိပါတယ်။

 

ဂေါက်ရောဂါ၏ ပထမဆုံး ရောဂါလက္ခဏာမှာ အဆစ်တစ်ခုတည်းသာ နာကျင်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ဒူး၊ ခြေချင်းဝတ်၊ လက်ကောက်ဝတ်၊ ခြေချောင်း (သို့မဟုတ်) လက်ချောင်းများရှိ အဆစ်များကို ထိခိုက်တတ်ပါတယ်။ ဂေါက်ရောဂါ ခံစားနေရပါက အဆစ်များ နီရဲရောင်ရမ်းကာ အထိမခံနိုင်ဖြစ်လာပါတယ်။

 

ဆေးကုသမှု မခံယူပါက ဂေါက်ရောဂါကြောင့် ရက်ပေါင်းများစွာ နာကျင်မှုဝေဒနာခံစားရနိုင်ပါတယ်။ သို့သော် ပထမဆုံး ၂၄ နာရီမှ ၃၆ နာရီအတွင်း အပြင်းထန်ဆုံး ခံစားရမှာ ဖြစ်တယ်။ ဂေါက်ရောဂါကို ကာကွယ်ရန် ကျန်းမာရေးနှင့်ညီသော အစားအသောက်များစားပါ။ အရက်မသောက်ပါနှင့် အထူးသဖြင့် အရက်အလွန်အကျွံ မသောက်ပါနှင့် ရေဓာတ်မခန်းခြောက်စေနှင့်၊ အ၀လွန်နေပါက ကိုယ်အလေးချိန် လျှော့ချပစ်ပါ။ ဖြစ်နိုင်လျှင် ဆီးရွှင်စေသောဆေးများ (Water Pill) သောက်သုံးခြင်းရှောင်ပါ။

 

ဂေါက်ရောဂါရှင် အများစုမှာ အစားရှောင်လျှင် ရောဂါအတွက် များစွာအထောက်အကူ မဖြစ်သော်လည်း ဂေါက်ရောဂါကို ပြင်းထန်စေမည့် အစားအစာများကို ရှောင်ရှားသင့်ပါတယ်။

 

Source: 7 DayDaily

Read times Last modified on Thursday, 11 April 2019 10:03
Rate this item
(2 votes)