What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 March 2019 11:54

ဘယ်လို အစားစာတွေက ကျန်းမာရေးနဲ့ ညီညွှတ်စေမှာလဲ ....?

ကျန်းမာရေး နှင့် ညီညွှတ်ဖို့ဆိုတာ အစားစာအသောက်တွေနဲ့ သက်ဆိုင်ပါတယ်။

ဒါကြောင့် ဘယ်လို အစားအစာတွေဟာ ကျန်းမာရေး နဲ့ ညီညွှတ်စေမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

နေရာတိုင်မှာ ဘက်တီးရီးယားတွေဟာ အလွယ်တကူ နဲ့ ကောင်းစွာပေါက်ပွားနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေ ကို အဆင့်ဆင့်ပြုလုပ်တဲ့ အခါတွေမှာ ဘက်တီးရီးယားတွေ မဖြစ်ပွား သေချာဂရုစိုက်ဖို့ လိုပါတယ်။ အစားအစာတွေကို ပြင်ဆင်တာ ၊ ချက်ပြုတ်တာ ၊ ခင်းကျင်းတာ ၊ သိုလှောင်တာ စတဲ့ နေရာတွေမှာ စနစ်တကျနဲ့ သန့်ရှင်းမှုရှိရပါမယ်။ ဒါပြင် အသုံးပြုတဲ့ အိုး ၊ ခွက် ၊ ပန်ကန် ၊ အသုံးဆောင် ပစ္စည်းတွေကို လဲ သေချာစွာ သန့်စင်ဆေးကြောဖို့လည်း လိုအပ်ပါတယ်။ 

 

အစားအစာတွေကို ချက် ၊ ပြုတ်တဲ့အခါမှာ ဘက်တီးရီးယားတွေ မဝင်အောင် ၊ မသန့်ရှင်းတာတွေ ဝင်ရောက်မှု မရှိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ စားကြွင်း ၊ စားကျန်များ ၊ အမှိုက် များကိုလည်း စွန့်ပစ်တဲ့အခါတွေမှာ သေချာစွာ ခွဲခြားပြီးတော့ စွန့်ပစ်ခြင်းကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အသား နဲ့ ငါး များတွေမှာ ကပ်ပါးပိုးကောင်းများ နှင့် တခြားသော ပိုးမွှားများ ကင်းဝေးအောင်လို့ သေချာ ချက်ပြုတ်ပြီးမှ စားသောက်သုံးသင့်ပါတယ်။

 

Read More : သင့်ကို နာမကျန်း ဖြစ်စေနိုင်သော အလေ့အထ ငါးမျိုး

 

အသား နှင့် ငါးတွေကို တချို့တွေမှာ အစိမ်းစားတာတွေ ရှိလာပါတယ်။ ၎င်းတို့ကို အစိမ်းစားခြင်းဖြင့် ပိုးမွှားတွေ ၊ ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားနိုင်တာကြောင်း အသား နှင့် ငါးတို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။ တို့စရာ အဖြစ်စားလေ့ရှိတဲ့ အသီးတွေ နဲ့ အရွက်တွေ မှာ ဓာတ်မြေသြဇာတွေ ၊ ဓာတုဗေဒ ပစ္စည်းတွေကို အသုံးပြုတာ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး ဓာတ်မြေသြဇာတွေ ၊ ဓာတုဗေဒ ပစ္စည်းတွေ ကပ်ညှိုတာမျိုးမရှိရလေ့ အသီးအရွက်တွေကို ရေထဲမှာ ၁၀ မိနစ်လောက် စိမ်းပေးခြင်း ၊ ဒါမှ မဟုတ် ရေဘုံမှာ ဆေးကြောတာ ၊ ဆီးစင်တဲ့ ရေမှာ ဆေးကြာတွေကို ပြုလုပ်ပြီးမှသာ စားသုံးပေးသင့်ပါတယ်။

 

ဆီးသွတ်ဗူးတွေကို အသုံးပြုမယ်ဆိုရင် ပထမဆုံးအနေဖြင့် ပန်ကန်ထဲ ပြောင်းထည့်ပြီးမှ စားသုံးပေးသင့်ပါတယ်။ ဆီသွတ်ဗူးများကို ရေနွေးအိုးတွင်ထည့်၍ နွေးခြင်း ၊ မီးအပူပေးခြင်း တို့ကို မပြုလုပ်ပေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗူးခွံမှာ ပါဝင်နိုင်တဲ့ ခဲတွေ ၊ ပြဒါးတွေ ၊ တခြား ဓာတ်သတ္တုဓာတ်တွေ မိမိစားသောက်မယ့်အစားအစာထဲမှာ ပျော်ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် ဆီသွတ်ဗူးတွေကို စားသုံးတာဘဲ ဖြစ်ဖြစ် ၊ အသုံးပြုဖို့ဘဲ ဖြစ်ဖြစ် ဝယ်ယူတဲ့အခါမှာ အက်ကွဲမှု ၊ ပိန်ချိုင့်မှု ၊ သံချေးတက်မှု ၊ သတ်မှတ်ထားတဲ့ သက်တမ်းမကုန်ဆုံးတာမျိုးတွေ သေချာ ဂရုစိုက်ပြီး အသုံးပြုဖို့ လိုအပ်ပါတယ်။

 

နောက်ဆုံးအနေဖြင့် အစားအစာများကို ချက်ပြုတ်သူများ အပြင်ပါဝင် စားသောက်မည့်သူများလည်း လက်ကို သေချာ ဆေးကြောဖို့ လိုအပ်ပါတယ်။ အလွယ်တကူမမြင်နိုင်တဲ့ ရောဂါပိုး တွေဟာ လက်မှာ အမြဲကပ်ညှိုနေတက်ပါတယ်။ ဒါကြောင့် လက်ကို သေသေချာချာ ဆေးကြောမှသာလျှင် မမြင်ရတဲ့ ရောဂါပိုးတွေဟာ လက်ကနေတဆင့် ခန္ဓာကိုယ်ထဲကို မဝင်ရောက်နိုင်မှာဖြစ်ပြီး ဝမ်းပျက် ၊ ဝမ်းလျော် ၊ တုပ်ကွေး ၊ အစားအဆပ်သင့်တာတွေကို ကာကွယ်ပြီးသာ ဖြစ်နိုင်မှာပါ။ ဒါကြောင့် လက်ကိုဆပ်ပြာ နဲ့ သေချာ ဆေးကြောဖို့လည်း လိုအပ်ပါတယ်။

 

Source: ဒေါက်တာ မင်းထင်အောင်

Health Products Directory

Read times
Rate this item
(0 votes)