What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 15 May 2017 14:29

လုပ်ငန်းခွင်မှာ ခေါင်းကိုက် တဲ့အခါ ဘာလုပ်သင့်လဲ???

လုပ်ငန်းခွင်မှာ ခေါင်းကိုက် တဲ့အခါ ဘာလုပ်သင့်လဲ??? Google.com

၁. အလုပ်ပတ်ဝန်းကျင်ကို ပြုပြင်ပါ။

ခေါင်းကိုက်စေတဲ့ အမွှေးနံ့၊ ရေမွှေး၊ ဆပ်ပြာ စသည်တို့ကို ဖယ်ရှားပါ။ အလုပ်ထဲမှာ ကော်ဖီအလွန်အကျွံ သောက်ခြင်း ရှောင်ပါ။ ရေများများသောက်ပါ။

အစာ စားချိန်ထက် မကျော်ပါစေနှင့်။ ကွန်ပျူတာမော်နီတာ ရှေ့မှာ အလင်းပြန်မှု လျှော့ချနိုင်တဲ့ မှန်တစ်ချပ် တစ်ဆင်ပါ။

၂. ခေါင်းကိုက်ခြင်း၏ ကနဦးလက္ခဏာများကို သတိပြုပါ။

အချို့ပုဂ္ဂိုလ်များ၌ ခေါင်းမကိုက်ခင် စိတ်တိုခြင်း၊ မူးဝေခြင်း၊ ပျို့ချင်အန်ချင်သလိုဖြစ်ခြင်း စသည်တို့ ခံစား ရတတ်သည်။

မိမိပင်ကိုယ် လက္ခဏာများအား ဂရုပြု မှတ်သားပြီး ခေါင်းမကိုက်ခင် ဝေဒနာများဖြစ်ပေါ် လာပါက ခေါင်းကိုက်ပျောက်ဆေးများ ကြိုသောက်ပါ။

၃. တာဝန်လွှဲပြောင်းပါ။

လုပ်ငန်းတာဝန်များကို တစ်ဦး တစ်ယောက်တည်း လုပ်ကိုင်ရခြင်းကြောင့် စိတ်ဖိစီးမှု ဖြစ်စေပြီး ခေါင်းကိုက် စေသည်။ လုပ်ဖော်ကိုင်ဘက် အချင်းချင်းတာဝန် လွှဲပေးပါ။

၎. ဆေးကုသမှုခံယူရန် လိုမလို စောင့်ကြည့်ပါ။

ခေါင်းကိုက်ခြင်းကြောင့် အလုပ် မကြာခဏ ပျက်ကွက် သည့်အခါ၊ လုပ်ငန်းခွင်မှ မကြာခဏစော ပြန်ရသည့် အခါ၊ အလုပ်တွင်အာရုံမစိုက်နိုင် သည့်အခါ ဆေးကုသမှု ခံယူပါ။

၅. အမြင်အာရုံ စမ်းသပ်မှုခံယူပါ။

ခေါင်းကိုက်ခြင်းသည် မျက်စိ မှုန်ခြင်း၊ မျက်စိ အားနည်းခြင်းကြောင့်လည်း ဖြစ်လေ့ ရှိသည်။ မျက်လုံးတစ်ဖက်ချင်းစီ ပိတ်ပြီး အနီးအဝေးကြည့်ပါ။

မျက်လုံးတစ်ဖက်ဖက်က ပိုမှုန် နေပါသလား။ မျက်မှန် တပ်လိုက်ခြင်းဖြင့် ခေါင်းကိုက် ဝေဒနာသက်သာ လာပါလိမ့်မည်။

Source: lwinpyin

Read times
Rate this item
(1 Vote)