What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 March 2019 10:28

ထမင်းစားပြီးပြီးချင်း ဗိုက်တင်းနေတဲ့အချိန်တွေမှာ မပြုလုပ်သင့်တဲ့အရာငါးခု

ထမင်းစားပြီးခါစမှာဆိုရင် ဗိုက်တင်းနေတာဖြစ်တဲ့အတွက် မပြုလုပ်သင့်တဲ့အရာတွေရှိပါတယ်။ တချို့ကသိပေမယ့်လည်း တချို့ကျတော့ မသိလို့လုပ်မိနေတာတွေ ရှိပါတယ်။

ဒါကြောင့် ထမင်းစားပြီးခါစအချိန်နဲ့ ဗိုက်တင်းနေတဲ့အချိန်တွေမှာ မပြုလုပ်မိအောင် ဂရုစိုက်ပေးရမယ့်အရာငါးခုကို ပရိသတ်တွေရဲ့ကျန်းမာရေးအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

လမ်းလျှောက်ခြင်း၊ ပြေးခြင်း

ထမင်းစားပြီးတဲ့အချိန်နဲ့ အစားအစာတစ်ခုခုကို စားပြီးတဲ့အချိန်တွေမှာ ပြေးတာမျိုးတွေနဲ့ လမ်းလျှောက်တာမျိုးတွေကို မပြုလုပ်ရပါဘူး။ ဒီလိုလုပ်တာဟာ အစာမကြေဖြစ်စေနိုင်တဲ့အပြင် လမ်းမြန်မြန်လျှောက်ရင်၊ ပြေးရင် ဗိုက်အောင့်လေအောင့် ဖြစ်နိုင်ပါတယ်။

 

အိပ်စက်ခြင်း၊ လဲလျောင်းခြင်း

ထမင်းစားပြီးပြီးခြင်းနဲ့ ဗိုက်အရမ်းတင်းနေတဲ့အချိန်မှာ အိပ်စက်တာနဲ့ လဲလျောင်းတာမျိုးကို ရှောင်ကြဉ်ပေးရပါတယ်။ တချို့ကျတော့လည်း မအိပ်ပေမယ့် ထမင်းစားပြီးရင် လဲလျောင်းနေတာမျိုးတွေရှိပါတယ်။ ဒီလိုနေတာဟာ အစာချေစနစ်ကို နှောင့်နှေးစေတဲ့အပြင် အဆီလည်းပိုတက်စေပါတယ်။

Read  More : ခန္ဓာကိုယ်ပေါ်က အမည်းစက်တွေ ပျောက်ချင်တယ်ဆိုရင်

 

ရေချိုးခြင်း

ထမင်းစားပြီးတဲ့အချိန်နဲ့ ဗိုက်တင်းစေတဲ့အစားအစာ တစ်ခုခုကိုစားပြီးတိုင်းမှာ ရေလုံးဝမချိုးရပါဘူး။ ဒီလိုအချိန်မှာ ရေချိုးတာဟာ အစာချေစနစ်ကိုလည်း အနှောင့်အယှက်ဖြစ်စေသလို၊ ဗိုက်ပူပြီး ဗိုက်ရွှဲစေပါတယ်။

 

ရေခဲရေနဲ့ ရေနွေးကြမ်းသောက်ခြင်း

ထမင်းစားပြီးတဲ့အချိန်မှာ ရိုးရိုးရေပဲသောက်သင့်ပါတယ်။ ရေခဲရေသောက်တာဟာ အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေပြီး အစာမကြေဖြစ်နိုင်သလို ရေနွေးသောက်တာကလည်း အစာမကြေဖြစ်စေပါတယ်။

 

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်စေတယ်ဆိုတာကိုတော့ ပြောနေစရာမလိုလောက်အောင် အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် တချို့တွေက ထမင်းစားပြီးရင် ဆေးလိပ်ထွက်သောက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအပြုအမူမျိုးကို ထမင်းစားပြီးခါစအချိန်မှာ လုံးဝမလုပ်သင့်ပါဘူး။

 

Source: My Health Myanmar

Read times Last modified on Tuesday, 26 March 2019 10:40
Rate this item
(0 votes)