What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 13 March 2019 13:45

တရုတ်နိုင်ငံတွင် ဝက်အပြင်းဖျား ရောဂါကျရောက်လျက်ရှိနေ

တရုတ်နိုင်ငံတွင် အာဖရိက ဝက်အပြင်းဖျား ရောဂါ (African Swine Fever) ဖြစ်ပွားချက်ရှိပြီး မြန်မာနိုင်ငံ သို့ ဝင်ရောက်နိုင် မရှိစေရန်အတွင် ပြည်တွင်းသို့ ဝက် နှင့် ဝက် ပစ္စည်းများ တင်သွင်းမှုကို ယာယီ ရပ်ဆိုင်းထားခဲ့ပါတယ်။

ကမ္ဘာ့ ကုလသမဂ္ဂစားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့က မတ် ၈ ရက်နေ့တွင် ထုန်ပြန်ကြေညာခဲ့တဲ့ တရုတ် ၊ မွန်ဂိုလီးယား နှင့် ဗီယက်နမ်နိုင်ငံတို့မှ အာဖရိက ဝက် အပြင်းဖျား ရောဂါ ဖြစ်ပွားမှုဆိုင်ရာ အစီရင်ခံစားများအရ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်ခြေမြင့်မားနိုင်တာကြောင့် ရောဂါများ မပြန့်ပွားအောင် ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

တရုတ်နိုင်ငံတွင်း ဝက်အပြင်းဖျားရောဂါကြောင့် ဝက်အများအပြား သေဆုံးလျက်ရှိရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမဝင် အေးခဲဝက်သား ၊ ဝက်ပေါင်ခြောက် ၊ ဝက်အူချောင်း နှင့် အခြားဝက်ထွက် ပစ္စည်းများကို တင်သွင်းခြင်း ၊ သယ်ယူခြင်း နှင့် ရောင်းချခြင်းများကို တားဆီးပိတ်ပင်မှုအား ပူးပေါင်းဆာင်ရွက်ပေးကြရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာန မှ မတ်လ ၈ ရက်က အသိပေး ထုန်ပြန်ခဲ့ပါတယ်။

Read More : ဝမ်းချုပ်တဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

 

မြန်မာနိုင်ငံသို့ ရောဂါပိုးကူးစက်ဝင်ရောက်မှုမရှိစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် အဆိုပါ ရောဂါ ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ နှင့် အခြားနိုင်ငံများ ဝက်အရှင် နှင့် ဝက်ထွက်ပစ္စည်းများကို မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ဝင်ပေါက်များ နှင့် လေဆိပ် ၊ ရေဆိပ် များမှ တစ်ဆင့်သယ်ယူခြင်း ၊ ဝယ်ယူခြင်း နှင့် ရောင်းချခြင်းများ မပြုလုပ်ကြရန် သက်ဆိုင်ရာဌာန အသီးသီးများသို့ မတ်လ ၆ ရက် က အသိပေးထားခဲ့ပါတယ်။

 

အဆိုပါ သတင်း နှင့် ပတ်သက်၍ စိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီး ဌာန ၊ မွေးမြူးရေး နှင့် ကုသရေးဦးစီးဌာန နှင့် သက်ဆိုင်ဌာနများသို့ မြန်မာတိုင်းမ်နေ့စဉ် မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

 

Source: myanmar.mmtimes 

Health Products Directory

Read times
Rate this item
(1 Vote)