အချို့သော ပဋိဇီဝသောက်ဆေးများဖြင့် ကုသမှုခံယူနေရသူများသည် ကျောက်ကပ်ကျောက်တည်နိုင်သည့် အန္တရာယ်မြင့်မား ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ ကလေးငယ်များနှင့် ကြီးကောင်ဝင်စအရွယ်များ အထိခိုက်နိုင်ဆုံးဖြစ်ပုံရ ကြောင်း သုတေသီများကပြောသည်။
ပညာရှင်များက ပဋိဇီဝဆေးများကြောင့် ခန္ဓာကိုယ်ထဲရှိ သေး ငယ်သော ပိုးမွှားများအပေါ် သက်ရောက်မှုရှိကြောင်း သိရှိထားပြီး ဖြစ်သည်။
အူလမ်းကြောင်းရှိ သေးငယ်သောပိုးမွှားများ အပြောင်းအ လဲဖြစ်ခြင်းသည် ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ဆက်နွှယ်မှုရှိကြောင်းလည်း ၎င်းတို့က သိရှိထားသည်။
သို့သော် ပထမဆုံးအဖြစ် Nephrology အမေရိကန်ဂျာနယ် တွင် ဖော်ပြထားသည့် လေ့လာမှုက ပဋိဇီဝဆေးများ အသုံးပြုခြင်း နှင့် ကျောက်ကပ်ကျောက်တည်ခြင်းကြား ဆက်စပ်ကြောင်း ဖော်ပြသည်။
ကျောက်ကပ်ထဲရှိ ကျောက်များသည် ပြောင်ချောသော ကျောက်တုံးငယ်များနှင့်တူသော သတ္တုဓာတ်များ အနည်ထိုင်စုဝေးရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ကျောက်ကပ်တစ်ခု (သို့မဟုတ်) နှစ်ခုစလုံးတွင် ဖြစ်ပေါ်နိုင်သည်။
ယင်းကျောက်များကြောင့် သိသာသော ထိခိုက်ပျက်စီးမှု ဖြစ် ပေါ်လေ့မရှိသော်လည်း ကြီးလွန်းပါက ဆီးလမ်းကြောင်းကို မဖြတ်ကျော်နိုင်ဘဲ အလွန်နာကျင်ရလေ့ရှိသည်။ ယင်းအခြေအနေမျိုးတွင် ဆရာဝန်များက ကျောက်များကို ဖယ်ရှားရန် (သို့မဟုတ်) သေးငယ်သော အပိုင်းလေးများဖြစ်အောင် ခြေပစ်ရန် လိုအပ် သည်။
ပဋိဇီဝသောက်ဆေးများ အသုံးပြုခြင်းကြောင့် ကျောက်ကပ် ကျောက်တည်နိုင်သည့် အန္တရာယ်မြင့်မားခြင်းအကြောင်းရင်းကို မသိရသော်လည်း ယင်းအခြေအနေနှစ်ရပ်ကြား ဆက်စပ်မှုရှိ ကြောင်း သုတေသီများကပြောပြီး အထူးသဖြင့် ကလေးငယ်များ သည် လူကြီးများထက် အန္တရာယ်ပိုများသည်ဟု ၎င်းတို့ကပြော သည်။
Sulfas, Cepha Losporins, Fluoroguinolones, Nitro furation နှင့် ပင်နီဆီလင်ဆေး စသော ပဋိဇီဝသောက်ဆေးများ အသုံး ပြုခြင်းနှင့် ကျောက်ကပ်ကျောက်တည်ခြင်းကြား ဆက်စပ်နေ ကြောင်း သုတေသီများကပြောသည်။
Source: 7daydaily news
Read: ခန္ဓာကိုယ်မှာ ရောဂါမဝင်နိုင်အောင် ဘယ်လိုတားဆီးကြမလဲ။