What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 16 March 2019 14:16

အကိုက်အခဲပျောက်ဆေးတွေ သောက်တဲ့အခါ ပြုလုပ်လေ့ရှိတတ်ကြတဲ့ အမှားများ

အကိုက်အခဲပျောက်ဆေးဆိုတာဟာ လူတော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်နေကျ ဆေးဝါးတမျိုးလို့တောင် ပြောလို့ရပါတယ်။ 

ခေါင်းကိုက်တာ၊ ကိုယ်လက်နာကျင်ကိုက်ခဲတာနဲ့ ကြွက်သားတွေနာကျင်ကိုက်ခဲတဲ့အခါမျိုးတွေမှာ အကိုက်အခဲပျောက်ဆေးတွေကို လွယ်လွယ်ကူကူပဲ သောက်သုံးတတ်ကြပြီး ဒီလိုသောက်သုံးတဲ့အခါမှာ အခုဖော်ပြပေးမယ့် အမှားမျိုးတွေကို ပြုလုပ်လေ့ရှိတတ်ကြပါတယ်။

 

(၁) လိုအပ်တာထက်ပိုပြီး သောက်သုံးတတ်ခြင်း

လူအများစုဟာ အကိုက်အခဲပျောက်ဆေးသောက်သုံးတဲ့အခါ မိမိသဘောနဲ့မိမိ ဆေးအလုံးရေကို ပိုမိုသောက်သုံး တတ်ကြပါတယ်။ ရောဂါမြန်မြန်ပျောက်ကင်းချင်တာကြောင့် ဆေးအလုံးရေပမာဏကို လိုအပ်တာထက်ပိုပြီး သောက်သုံးခြင်းဟာ ရေရှည်မှာ အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ 

 

(၂) မိမိသဘောနဲ့ အကိုက်အခဲပျောက်ဆေးတွကို မကြာခဏဆိုသလို သောက်သုံးတတ်ခြင်း

ဘယ်လိုဆေးအမျိုးအစားမဆို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးတာကတော့ အကောင်းဆုံးပါပဲ။ သင့်အနေနဲ့ အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏဆိုသလို သောက်သုံးခြင်းဟာ အစာအိမ်နာခြင်း၊ အစာအိမ်ရောင်ခြင်း တွေကို ဖြစ်ပေါ်စေတဲ့အပြင် အကိုက်အခဲပျောက်ဆေး အများစုမှာပါဝင်တဲ့ Codeine ဟာ ကိုက်ခဲနာကျင်ခြင်းတွေကို ခဏတာသာ သက်သာစေပြီး ပြန်လည်ဖြစ်ပေါ်စေနိုင်တာကြောင့် မကြာခဏဆိုသလို မိမိသဘောနဲ့ မသောက်သုံး သင့်ပါဘူး။

 

(၃) တခြားသူတွေ သောက်တဲ့ ဆေးပမာဏအလုံးရေအတိုင်း လိုက်သောက်ခြင်း

လူတယောက်နဲ့တယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံဟာ အနည်းငယ်ခြားနားသလို ကိုယ်ခံအားစနစ်ဟာလည်း မတူညီပါဘူး။ မိမိရောဂါဝေဒနာနဲ့ကိုက်ညီတဲ့ ပမာဏကို ဆရာဝန်အညွှန်းအတိုင်း သောက်သုံးပေးခြင်းက အထိရောက်ဆုံးဖြစ်ပြီး တခြားသူသောက်တဲ့ ဆေးပမာဏအတိုင်း သောက်သုံးခြင်းဟာ ခန္ဓာကိုယ်အတွင်းပိုင်းက ကျောက်ကပ်၊ အသည်း၊ အူနဲ့ အစာအိမ်တို့ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။


Source: burma.irrawaddy

 

{Zawgyi}

======

အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္တဲ့အခါ ျပဳလုပ္ေလ့ရွိတတ္ၾကတဲ့ အမွားမ်ား


အကိုက္အခဲေပ်ာက္ေဆးဆိုတာဟာ လူေတာ္ေတာ္မ်ားမ်ားနဲ႔ ရင္းႏွီးကၽြမ္းဝင္ေနက် ေဆးဝါးတမ်ိဳးလို႔ေတာင္ ေျပာလို႔ရပါတယ္။ ေခါင္းကိုက္တာ၊ ကိုယ္လက္နာက်င္ကိုက္ခဲတာနဲ႔ ႂကြက္သားေတြနာက်င္ကိုက္ခဲတဲ့အခါမ်ိဳးေတြမွာ အကိုက္အခဲေပ်ာက္ေဆးေတြကို လြယ္လြယ္ကူကူပဲ ေသာက္သုံးတတ္ၾကၿပီး ဒီလိုေသာက္သုံးတဲ့အခါမွာ အခုေဖာ္ျပေပးမယ့္ အမွားမ်ိဳးေတြကို ျပဳလုပ္ေလ့ရွိတတ္ၾကပါတယ္။


(၁) လိုအပ္တာထက္ပိုၿပီး ေသာက္သုံးတတ္ျခင္း

လူအမ်ားစုဟာ အကိုက္အခဲေပ်ာက္ေဆးေသာက္သုံးတဲ့အခါ မိမိသေဘာနဲ႔မိမိ ေဆးအလုံးေရကို ပိုမိုေသာက္သုံး တတ္ၾကပါတယ္။ ေရာဂါျမန္ျမန္ေပ်ာက္ကင္းခ်င္တာေၾကာင့္ ေဆးအလုံးေရပမာဏကို လိုအပ္တာထက္ပိုၿပီး ေသာက္သုံးျခင္းဟာ ေရရွည္မွာ အသည္းကို ထိခိုက္ပ်က္စီးေစနိုင္ပါတယ္။

 

(၂) မိမိသေဘာနဲ႔ အကိုက္အခဲေပ်ာက္ေဆးတြကို မၾကာခဏဆိုသလို ေသာက္သုံးတတ္ျခင္း

ဘယ္လိုေဆးအမ်ိဳးအစားမဆို ဆရာဝန္ညႊန္ၾကားခ်က္နဲ႔ ေသာက္သုံးတာကေတာ့ အေကာင္းဆုံးပါပဲ။ သင့္အေနနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြကို မၾကာခဏဆိုသလို ေသာက္သုံးျခင္းဟာ အစာအိမ္နာျခင္း၊ အစာအိမ္ေရာင္ျခင္း ေတြကို ျဖစ္ေပၚေစတဲ့အျပင္ အကိုက္အခဲေပ်ာက္ေဆး အမ်ားစုမွာပါဝင္တဲ့ Codeine ဟာ ကိုက္ခဲနာက်င္ျခင္းေတြကို ခဏတာသာ သက္သာေစၿပီး ျပန္လည္ျဖစ္ေပၚေစနိုင္တာေၾကာင့္ မၾကာခဏဆိုသလို မိမိသေဘာနဲ႔ မေသာက္သုံး သင့္ပါဘူး။

 

(၃) တျခားသူေတြ ေသာက္တဲ့ ေဆးပမာဏအလုံးေရအတိုင္း လိုက္ေသာက္ျခင္း

လူတေယာက္နဲ႔တေယာက္ ခႏၶာကိုယ္ဖြဲ႕စည္းပုံဟာ အနည္းငယ္ျခားနားသလို ကိုယ္ခံအားစနစ္ဟာလည္း မတူညီပါဘူး။ မိမိေရာဂါေဝဒနာနဲ႔ကိုက္ညီတဲ့ ပမာဏကို ဆရာဝန္အညႊန္းအတိုင္း ေသာက္သုံးေပးျခင္းက အထိေရာက္ဆုံးျဖစ္ၿပီး တျခားသူေသာက္တဲ့ ေဆးပမာဏအတိုင္း ေသာက္သုံးျခင္းဟာ ခႏၶာကိုယ္အတြင္းပိုင္းက ေက်ာက္ကပ္၊ အသည္း၊ အူနဲ႔ အစာအိမ္တို႔ကို ဆိုးဆိုးရြားရြားထိခိုက္ေစနိုင္ပါတယ္။


Source: burma.irrawaddy

Read times Last modified on Friday, 03 January 2020 16:56
Rate this item
(1 Vote)