What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 March 2019 15:38

သွေးပေါင် ကျဆင်းစေနိုင်သော နည်းလမ်း (၆) ခု

(၁) အာလူးနဲ့ ငှက်ပျောသီး စားပါ

ပိုတက်စီယမ်ကို နေ့စဉ် အနည်းဆုံး ၄၇၀၀ မီလီဂရမ် ရရှိအောင် စားပေးရင် သင်ရဲ့ သွေးဖိအား (ပေါင်ချိန်) ခုနစ်ရာခိုင်နှုန်းထိ ကျဆင်းနိုင်ပါတယ်။ မီးဖုတ်ပြီးသား အာလူးကြီးကြီး တစ်လုံးမှာ ပိုတက်စီယမ် ၁၀၀၀ မီလီဂရမ် ပါဝင်ပြီး ငှက်ပျောသီး ကြီးကြီး တစ်လုံးမှာ ပိုတက်စီယမ် ၅၉၄ မီလီဂရမ် ပါဝင်ပါတယ်။

 

(၂) သွေးကြောတွေ Relax ရအောင် ဗီတာမင်စီ စားပေးပါ

ဗီတာမင်စီ စားတာကြောင့် သွေးကြောတွေ အလွယ်တကူ ကျယ်ပြန့်နိုင်ပြီး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။ ဒါ့အပြင် နေ့စဉ် ဗီတာမင်စီကို ၅၀၀ မီလီဂရမ် ရအောင် စားပေးရင် တစ်လအတွင်း သွေးဖိအား (သွေးပေါင်) ကိုးရာခိုင်နှုန်းထိ ကျဆင်းနိုင်ပါတယ်။

 

(၃) အိပ်ရေးဝအောင် အိပ်ပါ

နေ့စဉ် အိပ်ချိန် နာရီဝက် ပိုယူပြီး အိပ်တာကြောင့် ၄၈ နာရီအတွင်း သွေးဖိအား အမှတ် ၅ မှတ် ကျဆင်းနိုင်ပါတယ်။ အိပ်ပျော်နေစဉ်မှာ သွေးဖိအား တက်စေနိုင်တဲ့ Stress ဟော်မုန်း ထုတ်လုပ်မှုကို လျှော့ချထားလို့ပါ။

Read More : ထောပတ်သီးရဲ့ ဘေးထွက်ဆိုးကျိုးများ

 

(၄) မိတ်ဆွေများနှင့် အတူတူ လမ်းလျှောက်ပါ

သွေးဖိအား အသင့်အတင့်မှာ ရှိသူတွေရဲ့ ၉၂ ရာခိုင်နှုန်းဟာ ၄၅ မိနစ်စာ လေ့ကျင့်ခန်းကို တစ်ပတ် သုံးကြိမ် ပြုလုပ်တာနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ မိတ်ဆွေ သူငယ်ချင်းနဲ့ စကားတပြောပြောနဲ့ လမ်းလျှောက်ထွက်နိုင်ရင် သွေးဖိအား နောက်ထပ် ခြောက်မှတ်ခန့် ထပ်လျော့နိုင်ပါတယ်။

 

(၅) နားကြပ် ဝတ်ဆင်ပြီး အိပ်ပါ

အိပ်ရာဝင်ချိန်မှာ ဆီလီကွန်နားကြပ် (Earplug) တွေ ဝတ်ဆင်ပြီး အိပ်တာကြောင့် ဆူညံသံတွေ မကြားရတော့တဲ့ အတွက် သွေးဖိအားကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ အိပ်ချိန် အပြည့်အဝ ရရှိနိုင်ပါတယ်။

 

(၆) နေစဉ် လက်ဖက်ရည်ကြမ်း သုံးခွက်သောက်ပါ

ခေါင်ရမ်းပန်း လက်ဖက်ရည်ကြမ်း သုံးခွက်ကို နေ့စဉ် သောက်ပေးတာကြောင့် အပေါ် သွေးဖိအား (သွေးပေါင်) ခုနစ်မှတ်ခန့် ကျဆင်းနိုင်ပြီး ဒါဟာ သွေးတိုးရောဂါ ပျောက်ဆေး သောက်သလိုမျိုး အကျိုးရှိတယ်လို့ ဆိုပါတယ်။

 

Source : ဒေါက်တာ ခင်မိုးမိုး

Read times Last modified on Thursday, 21 March 2019 16:13
Rate this item
(0 votes)