လည်ပင်းနာကျင်ကိုက်ခဲတဲ့ ခံစားမှုကို လူတိုင်းနီးပါးဖြစ်ဖူးကြပြီး အဆစ်အမြစ်ကိုက်ဝေဒနာ ကြောင့် အပြင် အားကစားလုပ်လို့ ပဲဖြစ်ဖြစ်၊ မတော်တဆမှုတစ်ခုခု ကြောင့်လည်း ဖြစ်တတ်ကြပါတယ်။
မသိလိုက်မသိဘာသာလုပ် မိလိုက်တဲ့ အပြုအမူကြောင့် လည်း လည်ပင်းနာစေနိုင်တာ ကြောင့် သတိထား ရှောင်ရှားနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
ဆိုဖာပေါ်လဲလျောင်းခြင်း
တီဗီကြည့်ရင်းပဲဖြစ်ဖြစ်၊ ဂိမ်း ကစားရင်းပဲဖြစ်ဖြစ် ဆိုဖာပေါ်အကြာကြီး လဲလျောင်းတာကြောင့် လည်း လည်ပင်းနာနိုင်တယ်ပါတယ်။
မှောက်အိပ်ခြင်း
အိပ်စက်တဲ့အခါမှာလည်း မှောက်လျက်အိပ်တဲ့အကျင့်က လည်း ခန္ဓာကိုယ်အနေအထားပုံစံ မမှန်စေရာ ကနေ လည်ပင်းကြွက် သားတွေ နာကျင်စေနိုင်ပါတယ်။
ပျော့တိပျော့ခွေနေခြင်း
ကွန်ပျူတာရှေ့မှာ ပျော့တိ ပျော့ခွေ အနေအထားနဲ့အကြာ ကြီး ထိုင်အလုပ်လုပ်တာမျိုးက လည်း လည်ပင်းကို ဒုက္ခပေးနိုင်သလို တစ်ချိန်လုံး စမတ်ဖုန်းသုံး တာပဲဖြစ်ဖြစ်၊ စာအုပ်အကြာကြီး ဖတ်တာ ကြောင့်လည်း လည်ပင်း နာနိုင်ပါတယ်။
ဇက်ချိုးခြင်း
နေထိုင်ရသက်သာတယ်ဆို ပြီး မကြာခဏ ဇက်ချိုးတတ်တာ ကလည်း လည်ပင်းက အရိုးတွေ ကို ထိခိုက်နာကျင် စေနိုင်ပါတယ်။
Source: 7day daily