What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 February 2017 11:22

ကိုယ်ဝန်ဆောင် မိခင်များ သိထားသင့်သော အခြေခံ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ

ကိုယ်ဝန်ဆောင် မိခင်များ သိထားသင့်သော အခြေခံ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ Google.com

 - Caffeine ဓာတ် အများအပြား ပါဝင်သော အစားအစာ များဖြစ်သည့် ကော်ဖီ၊ ချောကလက်၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ အားဖြည့် အချိုရည် ကဲ့သို့သော အရာများကို ရှောင်ရှားသင့်ပါသည်။ စားသောက်ပါ ကလည်း တစ်နေ့ Caffeine ဓာတ် ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။

- Alcohol ပါဝင်သော မည်သည့် အရာမဆို ရှောင်ရှားနိုင်ပါက အကောင်းဆုံးဖြစ်ပါတယ်။

- ပင်လယ် အစားအစာများကိုလည်း မစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယခုအချိန်မှာ ပင်လယ်အတွင်း Mercury (ပြဒါး) ဓာတ်မြင့်မား လာနေခြင်းကြောင့် ပင်လယ် အစားအစာများ စားသုံးခြင်းဖြင့် ပြဒါးဓာတ် (အဆိပ်) ဟာ ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်မှ တစ်ဆင့် ကလေးငယ်၏ အမြင်အာရုံ၊ အကြားအာရုံ၊ ဦးနှောက် အာရုံကြော ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်ပါသည်။

- Omega - 3 ဓာတ်ကြွယ်ဝသော ဆော်လမွန် ငါးကဲ့သို့သော Mercury (ပြဒါး) ဓာတ် ပါဝင်မှု နှုန်းနည်းပါသော ငါးများကိုတော့ လေ့လားပြီး စားသောက်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနှင့် တစ်ပတ်မှာ တူနာငါး ၆ အောင်စ ထက် ပိုမို မစားသုံးသင့် ပါဘူး။

- အသားစိမ်း၊ ငါးစိမ်း၊ ဥအစိမ်း (ကျက်အောင် မပြုလုပ်ထားသော ဥပြုတ်၊ ဥကြော်များ )၊ မကျိုချက်ရ သေးသော နို့ များတွင် ဘက်တီးရီးယား များစွာ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် ကလေးပျက်ကျ နိုင်ခြေ မြင့်မားသောကြောင့် ရှောင်ရှားသင့်ပါတယ်။ ယမ်းစိမ်းများ ပါဝင်သော အသားကင် အမျိုးမျိုးကိုလည်း မစားသင့်ပါဘူး။

- အသည်း၊ ကလီဇာများဟာလည်း ရှောင်ရှားသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ် ပါတယ်။ အသည်း၊ ကလီဇာ များတွင် ဗီတာမင်အေ များစွာ ပါဝင်သောကြောင့် လွန်ကဲစွာ စားသောက်ပါက ကလေးငယ်များတွင် မွေးရာပါ ချွတ်ယွင်းချက်များဖြစ်နိုင်သလို အသည်းကိုလည်း ထိခိုက်စေနိုင်ပါသည်။

- ကြက်ဟင်းခါးသီး၊ မှို ၊ ဒညင်းသီး ကဲ့သို့သော အစားအစာများ ကိုလည်း ရှောင်ရှား ရပါ့မယ်။ အထူးသဖြင့် ကြက်ဟင်းခါးသီး ဟာ ကိုယ်ဝန် နုနယ်စဉ် ကိုယ်ဝန်ပျက်ကျနိုင်ချေ မြင့်မားသောကြောင့် လုံးဝ မစား သုံးသင့်သော အသီးဖြစ်ပါသည်။

- Folic Acid ပါဝင်သော အသီးအနှံများကို ပိုမို စားသုံးသင့်ပါသည်။ Folic Acid ပါဝင်သော အသီးအနှံများကို လုံလောက်စွာ စားသုံးပေးခြင်းဖြင့် ကလေးငယ်များ၏ ဦးနှောက် နှင့် ပင်မ အာရုံကြော စနစ် ချွတ်ယွင်းခြင်းကို ကာကွယ်ပေးပါသည်။

- အုန်းစိမ်းရည် ဟာလည်း မိခင်လောင်းများ သောက်သုံးသင့်သော အရည် တစ်မျိုးဖြစ်ပါသည်။ အုန်းရည် တွင် နို့ ထက် အဟာရ ဓာတ် ပိုမိုများပြား စွာ ပါဝင်ပြီး သကြားဓာတ်၊ ဆားဓာတ်၊ ဗီတာမင်ဓာတ်များလည်း ပါဝင်ပြီး ပင်ပန်း နွမ်းနယ်မှုကို ပျောက်ကင်းစေပါသည်။ အုန်းရည် တွင် ပိုတက်စီယမ်ဓာတ် လည်း များစွာကြွယ်ဝပါသည်။

အုန်းရည် သည် ၀မ်းပျက် ၀မ်းလျှော ရပ်အောင်လည်း ကူညီပေးပါသည်။ အုန်းရည် တွင် ဓာတ်ဆားနှင့် မရှိ မဖြစ် အာဟာရဓာတ် များစွာ ပါဝင်သောကြောင့် ၀မ်းပျက် ၀မ်းလျှောနေချိန် တွင် သောက်သုံးနိုင်သလို အစာကြေညက် စေခြင်း၊ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေခြင်း၊ ၀မ်းချုပ်ခြင်း ကို သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

-ပရိုတိန်း ကြွယ်ဝသော အစားအစာ များကို ပိုမိုစားသောက်သင့် ပါတယ်။ ကိုယ်ဝန်ဆောင် နေစဉ် အမျိုးသမီး များဟာ သာမန် အမျိုးသမီးများထက် ပရိုတိန်းဓာတ် အနည်းဆုံး တစ်နေ့ ၁၀ ဂရမ် ပိုမို စားသောက် ရပါ့မယ်။ ပုံမှန် အမျိုးသမီးများဟာ တစ်နေ့လျှင် ၄၅ ဂရမ် လောက်သာ လိုအပ်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကတော့ တစ်နေ့ အနည်းဆုံး ၆၀ ဂရမ် လောက် လိုအပ်ပါသည်။

-Omega - 3 ဟာလည်း ကိုယ်ဝန်သည်များ အတွက် အဓိက လိုအပ်သော ဓာတ် တစ်မျိုးဖြစ်ပါသည်။ Omega 3 တွင် EPA နှင့် DHA တို့ ပါဝင် ပါသည်။ EPA သည် ကလေး၏ နှလုံး၊ ခုခံအား စနစ်ကို ပိုမို အားကောင်းစေပါသည်။ DHA ကတော့ ကလေးငယ် ၏ ဦးနှောက်၊ မျက်လုံး၊ အာရုံကြော ဖွံ့ ဖြိုးမှုကို ပိုမို အားကောင်း စေပါသည်။

Omega - 3 ဆိုတိုင်း လည်း ကိုယ်ဝန်ဆောင် မိခင်များ သောက်သုံးရန် မသင့်တော်ပါ။ Cod Liver Oil ကဲ့သို့သော ငါးကြီးဆီ များတွင် ဗီတာမင်အေ များစွာ ပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင် မိခင်များ မသောက်သုံးသင့်ပါ။ Omega - 3 ပါဝင်သော ဆေးဝါးများကို နေ့စဉ်သောက်သုံး ပါကလည်း ဆရာဝန်ညွှန်ကြားချက်ထားသည့် ဆေးဝါးများကိုသာ ရွေးချယ် သောက်သုံး သင့်ပါသည်။

Source: yinkhwinlam

Read times
Rate this item
(2 votes)