What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 09 April 2019 16:35

ကျန်းမာရေးမထိခိုက်အောာင် အဖျော်ယမကာ (ဝါ) အရက် သောက်သုံးနည်း

ဖျော်ယမကာ ၊ အရက်သေစာတွေကို သောက်သုံးတာက နောက်ဆက်တွဲဆိုးကျိုးဆိုတာ ရှိပါတယ်။

ဒါပေမယ့် တစ်ခါတရံ မလွဲမရှောင်လို့ လူမှုရေး ကိစ္စကြောင့်ပဲဖြစ်ဖြစ် ၊ သူငယ်ချင်းတွေနဲ့ စုံလို့ပဲဖြစ်ဖြစ် ၊ လုပ်ငန်းသဘောရပဲ ဖြစ်ဖြစ် ဖျော်ယမကာ ၊ အရက်သေစာတွေကို သောက်သုံးရတော့မယ်ဆိုရင် ဘယ်လိုမျိုးသောက်သုံးရမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးလိုက်ပါတယ်။ 

 

အရက်သောက်တယ်ဆိုတာကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သို့သော် မလွဲမရှောင်လို့သာ သောက်ရမယ့် အခြေနေတစ်ခုကို ရောက်လာခဲ့ရင် အရေးကြီးဆုံးကတော့ စနစ်တကျ နဲ့ စည်းကမ်းတကျ သောက်သုံးဖို့ကလည်း အရေးကြီးပါတယ်။

 

ဥပမာအနေဖြစ် ပြောရမယ်ဆိုရင် အရက်သောက်တဲ့အခါမှာ များသောအားဖြင့် အစားမစာလေ့မရှိကြပါဘူး။ အမှန်ကတော့ အရက်သောက်မယ်ဆိုရင် အစားစားပေးခြင်း ဒါမှ မဟုတ် သောက်သုံးတဲ့ အမြီးလေ ဖြစ်ဖြစ် စားသုံးပေးသင့်ပါတယ်။ ဒါမဟုတ်ရင် အရက်သောက်ပြီးရင် အစားအသောက်များ စားသုံးပေးဖို့ လိုပါတယ်။ ဒါကတော့ အရေးကြီးတဲ့ အချက်တစ်ခုလည်းဖြစ်ပါတယ်။

 

Read More: နောက်ဆုံးကာလ၀မ်းရောဂါပျံ့ပွားမှုအတွက် ယီမင်တွင် အရေးပေါ်အခြေအနေကြေညာ

 

နောက်တစ်ခုကတော့ ကိုယ်သောက်တဲ့ ပမာဏကိုလည်း သိဖို့လိုအပ်ပါတယ်။ ဘယ်လောက်ဆိုရင် မူးသွားနိုင်လဲ ဒါမှ မဟုတ် တစ်ပတ်လား ၊ နှစ်ပတ်လား အစသဖြင့် သိဖို့လိုပါတယ်။ များသောအားဖြင့် ဖျော်ယမကာ နဲ့ အရက်သေစာ သောက်သုံးရင် နေရာဒေသကို တွက်ချက်လေ့မရှိပါဘူး။ အမှန်တကယ်ကတော့ ဖျော်ယမကာ နဲ့ အရက်သေစာ သောက်သုံးတော့မယ်ဆိုရင် နေရာ ကောင်းတဲ့နေရာတွေကို ရွေးချယ်ပေးဖို့လည်း လိုပါတယ်။ အရက်သေစာ သောက်သုံးတော့မယ်ဆိုရင် အေးတဲ့နေရာပဲ ဖြစ်ဖြစ် ၊ အဲကွန်းခန်းမှာဘဲ ဖြစ်ဖြစ် ၊ အရိပ်ရတဲ့ နေရာမှာဘဲ ဖြစ်ဖြစ် ရွေးချယ်ဖို့လည်း လိုပါတယ်။

 

တချို့တွေဆိုရင် မူးဝေခြင်း လျော့ချဖို့ အရက်ထဲမှာ အချိုရည်ထည့်ပြီးသောက်တာကတော့ ခန္ဓာကိုယ်ကို ပိုပြီး ကယ်လိုရီတက်စေပါတယ်။ အ့လို အချိုရည် ရောသောက်တာထက်စာရင် ရေ က ပိုအဆင်ပြေပါတယ်။ တစ်ခါ အရက်သောက်တဲ့အခါ တစ်ခွက်မော့ပြီး ရေလေသောက် ၊ အမြှီးလေစားပေးတာက ပိုအဆင်ပြေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်တဲ့အခါမျိုး ၊ ပင်ပန်းနွယ်နယ်တဲ့ အခါမျိုးတွေမှာ အရက် အလွန်အကျွံသောက်တာကတော့ မကောင်းပါဘူး။ အကယ်၍ အရက်ကို အလွန်အကျွံသောက်သုံးခဲ့မိမယ်ဆိုရင် အရက်နားကျတာမျိုးကို ဖြစ်စေပါတယ်။

 

တချို့ဆိုရင် အရက်ထဲကို ဝီစကီတို့ ၊ ဘီယာတို့ ရောသောက်တာတွေလည်းရှိပါတယ်။ ဒါမျိုးတွေကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ ဒါကြောင့် အရက်ကို မသောက်တာကတော့ အကောင်းဆုံးပါပဲ။ တကယ်လိုသောက်မယ်ဆိုရင် အပေါ်က ရှင်းပြခဲ့တဲ့ တစ်ယောက်ထဲ မသောက်ပဲနဲ့ သူငယ်ချင်းတွေနဲ့ မျှသောက်တာကတော့ ပိုအဆင်ပြေပါတယ်။ ကယ်.......သူငယ်ချင်းတွေကို ကျန်းမာရေး မထိခိုက်အောင် အရက်သောက်နည်းလေးကို မျှဝေပေးလိုက်အုံးနော်......

 

Ref;Dr.Kyaw Swar Oo

Read times Last modified on Tuesday, 09 April 2019 16:45
Rate this item
(1 Vote)