မိန်းကလေးဆိုတာကတော့ လှရတာကို သဘောကျတတ်ကြပြီး သင်္ကြန်မှာဆို ရေဘယ်လောက် ဆိုဆို လှနေမှ ကြိုက်တတ်ကြပါတယ်။
တချို့တွေဆို မိတ်ကပ်လိမ်းခြယ်ပြီး လှနေတယ် ရေဆိုပြီး နေ့လည်လဲ ရောက်ကော် ရုပ်ပျက်ဆင်းပျက်တွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့် သင်္ကြန်လည်းနီးလာပြီးဆိုတော့ ရေဘယ်လောက်ထိထိ Glow ဖြစ်နေဖို့ ဘယ်လို မိတ်ကပ်မျိုးကို လိမ်းခြယ်သင့်လည်းဆိုတာကို ပျိုမေလေးများ အတွက် ဖော်ပြပေးလိုက်ပါတယ်။
တစ်ချို့ မိန်းကလေးတွေဆို သင်္ကြန်မှာ ရေဘယ်လောက်ဆိုဆို Glow နေပြီး လှနေတတ်ကြပါတယ်။ ဒါကြောင့် မိတ်ကပ် Glow ဖြစ်နေပြီးဖို့အတွက် မိတ်ကပ်လိမ်းခြယ်တဲ့ အဆင့်ဆင့်မှာ ဘာတွေကို သတိထားသင့်လဲဆိုတာ နဲ့ ပတ်သက်ပြီး ရှင်းပြပေးလိုက်ပါတယ်။
မိန်းကလေးအများစုက သင်္ကြန်မှာ အပြင်မထွက်ခင် နေလောင်ဒဏ် ကာကွယ်ဖို့အတွက် Sun Cream ကို လိမ်းပြီးထွက်လေ့ရှိပါတယ်။ ဒါက မိန်းကလေးအများစုက နားလည်ထားကြတာပေါ့။ အမှန်တကယ်ကတော့ အပြင်မထွက်ခင် ၁၀ မိနစ် ဒါမှမဟုတ် ၁၅ ကြိုလိမ်းပြီး အပြင်ထွက်တာက ပိုပြီး ထိရောက်ပါတယ်။ ပြီးတော့ Sun Cream က တစ်ခါ လိမ်းပြီး တနေကုန်ခံတာမျိုး မဟုတ်ပါဘူး။
Sun Cream တွေဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ(ဥပမာ - ၄ နာရီ ဒါမှမဟုတ် ၅ နာရီ )အထိဘဲ အကျိုးသက်ရောက်တာကြောင့် တဖန် Cream ကို ပြန်လိမ်းခြယ်ပေးရပါတယ်။ ဒါ့အပြင် Sun Cream ဆိုတာက ၁၀၀ ရာခိုင်နှုန်း အကျိုးသက်မှု ရှိတာမဟုတ်တဲ့အတွက် ဦးထုပ် ဆောင်ထားပေးမယ်ဆိုရင် ပိုအဆင်ပြေ ပါတယ်။
သင်္ကြန်မှာ မိန်းကလေးအများစုကတော့ ရေဆိုခံတဲ့အခါ Glossy look (ဝါ) Glow လေဖြစ်နေမှကြိုက်တာကြောင့် မျက်လုံးကို အသားမပေးဘဲနဲ့ နှုတ်ခမ်းနီးကို အသားပေးလိမ်းခြယ်ပေးမယ်ဆိုရင် ပိုပြီး ကြည့်လို့ကောင်းပြီး အဆင်ပြေပါတယ်။
Read More : မျက်သားတက်ရောဂါ အကြောင်း သိကောင်းစရာ
မိတ်ကပ်ကြာရှည်ခံဖို့ အဓိကကျတာကတော့ မိတ်ကပ်အောက်ခံ (Primer) ကို သုံးပေးဖို့လိုပါတယ်။ Primer ကိုကြတော့ Foundation မလိမ်းခင် skin နဲ့ ကြားထဲမှာ layer တစ်ခုအနေနဲ့ထားသင့်ပါတယ်။ အ့လို Primer လေ သုံးပြီးတဲ့အခါကျတော့ အပေါ်က မိတ်ကပ်လိမ်းပေးမယ်ဆိုရင် မိတ်ကပ်လဲပိုညက်ပြီး ပိုလဲ ကြာကြာခံပါတယ်။ ဒါကြောင့် Primer လေကို လိမ်းပေးဖို့ မမေ့နဲ့ အုံးနော်။ eye shaldow ဆိုရင်လည်း eye primer လေကို အရင်လိမ်းပေးမယ်ဆိုရင် ပိုပြီး ကြာရှည်ခံမှာလည်း ဖြစ်ပါတယ်။
သင်္ကြန်အတွင်းမှာ ရေဆိုတဲ့အတွက် ကိုယ်လိမ်းနေကျ မိတ်ကပ်ဟာ အသားရေကို ထိခိုက်စေတာမျိုးရှိနိုင်လား ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ Waterproof မိတ်ကပ်ဆိုရင် အမြဲတန်းလိမ်းကတော့ ရေရှည်အတွက် မကောင်းသလို တစ်ခါတလေ အတွက် လိမ်းခြမ်းတာကတော့ ဘာမှမဖြစ်နိုင်ပါဘူး။ (ဥပမာ - waterproof mascara တွေက ပိုပြီးတော့ ထူးတာဖြစ်တဲ့အတွက် မိတ်ကပ်ဖျက်တဲ့အခါမှာ မျက်တောင် ပါသွားတာတို့ ၊ ကျွတ်သွားတာတို့ ဖြစ်တက်ပါတယ်။ မိတ်ကပ်ကို ပြန်ဖျက်တဲ့ အခါ သေသေချာချာဖိပြီး ဖျက်ပါတယ်။)
မိတ်ကပ်ပစ္စည်းသုံးတာကျတော့ ကိုယ့် အသားရေအပေါ်မူတည်ပြီးတော့ sun cream ဆိုရင် ဘယ်လို Dry skin နဲ့ Oil skin အတွက် အတွက်ဆို ဘယ်လိုမျိုးသုံးရမလဲ ၊ နူးညံတဲ့အသားရေအတွက်ဆိုရင် ဘယ်လိုမျိုးလဲတွေကို သုံးရမလဲ ၊ ဘယ်လိုမျိုးကို ရှောင်ရမလဲ ဆိုတာကို သိထားသင့်ဖို့လည်း လိုပါတယ်။ ဒါမှ မဟုတ်ရင်လဲ မိတ်ကပ်အရောင်းဆိုင်ရဲ့ ဝန်းထမ်းများကို မေးမြန်းလို့ ရပါတယ်။
နောက်ဆုံးအနေနဲ့ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် သင်္ကြန်ရေကစားပြီးပြန်လာတဲ့အခါ နေလောင်ဒဏ်ကို ထိခဲ့မယ်ဆိုရင် သခွားသီးကပ်ပေးတာကို ပြုလုပ်ပေးခြင်းဖြင့် အသားရေကို ထိခိုက်ခြင်းမှ ထိန်းသိမ်းပေးပါတယ်။ နောက်ပြီး ဘယ်နေရာကိုပဲ သွားသွား Sun Cream ကို ယူဆောင်သွားဖို့လာည်း မမေ့ကြနဲ့ အုံးနော်။................
Ref: pyoneplay