What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 April 2019 12:26

အိမ်အတွင်း အလှပန်းပင် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

လူတစ်ချို့အိမ်မှာ အလှပန်းပင်တွေကို အလှစိုက်ခြင်း ဒါမှမဟုတ် အပင်စိုက်ရတာ ဝါသနာပါလို့ စိုက်တာကိုတွေ့ရပါတယ်။

ဒါပေမယ့် ဒီလိုမျိုးစိုက်ခြင်းအားဖြင့် မိမိရဲ့ ရည်ရွယ်ချက်တစ်မျိုးဆိုပေမယ့် ကျန်းမာရေး ရှုထောင့်ကနေတဖန် ပြန်ကြည့်လိုက်တဲ့ များစွာကောင်းကျိုးရှိတာကို တွေ့ရပါတယ်။ အိမ်တွေမှာ အလှပန်းပင် စိုက်ပျိုးခြင်းဖြင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အလှပန်းပင်တွေကို စိုက်ခြင်းအားဖြင့် ပထမဆုံးအနေဖြင့် လေထုကို သန့်ရှင်းစေပါတယ်

 

ဖွိ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ ကျနော်တို့လူသားတွေဟာ နေ့စဉ်နဲ့အမျှ အောက်ဆီဂျင် လေကောင်းလေသန့် ရဖို့ဆိုတာ မလွယ်ကူလှပပါဘူး။ အပင်တွေဟာဆိုရင် ကာဗွန်ဒိုင်အာက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ထုတ်ပေးတယ်ဆိုတာကို လူတိုင်းလိုလို သိရှိပြီးဖြစ်ပါတယ်။ သင့်ရဲ့အိမ်နဲ့ လုပ်ငန်းခွင်တွေမှာ သစ်ပင်စိုက်ပျိုးမယ်ဆိုရင်တော့ အစိတ်အတောက်ပါတဲ့ အမိုးနီးယားဓာတ်တွေ ဘမ်ဇင်းနဲ့ ဖော်မယ်ဒီဟိုက် လိုဓာတ်ငွေ့တွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးနိုင်ပြီး လေထုကို သန့်စင်စေပါတယ်။

 

သးငယ်သော ဒဏ်ရာတွေကို အိမ်တွင်းကုနည်းဖြင့် ကုသနိုင်ခြင်း

သင်က သင်အရဲ့အိမ်မှာ ရှားဆောင်းလက်ပတ်ပင်စိုက်ထားမယ်ဆိုရင် လောင်ကျွမ်းဒဏ်ရာနဲ့ မတော်တဆထိခိုက် ဒဏ်ရာလေးတွေကို အိမ်တွင်းကုထုံးနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

 

Read More : အချိန်လုပြီး နံနက်စာ စားနေသူများ လိုက်နာရန်

 

အာရုံစိုက်ခြင်းနဲ့ မှတ်ညဏ်ကို တိုးတတ်ကောင်းမွန်စေခြင်း

လေ့လာတွေ့ရှိချက်အရ အိမ်တွင်းသစ်ပင်စိုက်ခြင်းဟာ သင့်ရဲ့ အာရုံစိုက်မှုကို ၂၀ ရာခိုင်းနှုန်း တိုးတတ်စေပါတယ်။

 

ဆူညံတဲ့ အသံဗလံများကို တားစီးပေးနိုင်ခြင်း

အပင်တွေဟာ ဆူညံသံတွေကို စုပ်ယူပေးနိုင်ပြီး တရားထိုင်းခြင်းနဲ့ အိပ်စက်ခြင်းတွေအတွက် ကောင်းမွန်စေပါတယ်။

 

ဖိအားတွေကို ပြန်လည်ကုစားပေးခြင်း

အပင်တွေက သင့်ရဲ့ စိတ်ပင်ပန်းခြင်းတွေအတွက် အကောင်းဆုံးကုသပေးမယ့် သဘာဝကုထုံးတစ်မျိုးပါ။ လေ့လာတွေ့ရှိချက်အရ လုပ်ငန်းခွင်မှာ အပင်စိုက်ထားရင် ၀န်ထမ်းရဲ့ စိတ်ပင်ပန်းမှုကို ပိုပြီးလျှော့ကျစေတယ်လို ဆိုပါတယ်။

 

Ref: Webmd

 

 

Read times Last modified on Monday, 22 April 2019 12:41
Rate this item
(2 votes)