What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 23 April 2019 17:13

ရာသီလာချိန်မှာ ဖြစ်တဲ့ ဝက်ခြံတွေကို ဘယ်လိုဖြေရှင်းမလဲ

ရာသီသွေးဆင်းနေတဲ့ ရက်တိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ ဟော်မုန်းက တစ်ရက်နဲ့တစ်ရက်မတူကြပါဘူး။

ရာသီသွေးဆင်းတဲ့ အစောပိုင်းရက်တွေမှာ ခန္ဓာကိုယ်ထဲမှာ estrogen ဟော်မုန်းတွေများနေတတ်ပြီး နောက်ပိုင်းရက်တွေမှာတော့ progesterone ကများလာပါတယ်။ progesterone ပမာဏ များလာလေလေ အရေပြားရောင်ရမ်းမှုနဲ့ ချွေးပေါက်ပိတ်ဆို့မှုကဆိုးလာလေလေပါ။ အရေပြားမှာ အဆီတွေပိတ်ဆို့မှုများလာတဲ့အခါ မျက်နှာမှာ ဝက်ခြံတွေဖြစ်လာပါတော့တယ်။ ဒီဝက်ခြံတွေက ဂရုမစိုက်ဘဲထားမယ်ဆိုရင် ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


မျက်နှာကိုလက်နဲ့မထိပါနဲ့

လက်က နေရာတိုင်းကိုထိတွေ့မိတာကြောင့် ဘက်တီးရီးယားတွေအများကြီးကပ်ညှိနေနိုင်ပါတယ်။ မျက်နှာကို အမှုမဲ့အမှတ်တဲ့ လက်နဲ့ထိတွေ့မိတာ၊ မျက်လုံးကိုပွတ်တာမျိုးတွေ ၊ လက်နဲ့ကုတ်ဖဲ့တာ၊ ခဏခဏကိုင်တွယ်ထိတွေ့တာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ မျက်နှာကို ထိတွေ့တော့မယ်ဆိုရင် လက်ကိုအရင် စင်ကြယ်အောင် ဆေးကြောဖို့ လိုပါတယ်။

 

အာဟာရ ပြည့်ဝအောင် စားသုံးပါ

ရာသီသွေးဆင်းနေချိန်မှာ အာဟာရပြည့်ဝအောင်စားသုံးပေးတာကလည်း ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဇင့် ၊ အမိုင်နို အက်ဆစ်တို့ ပါဝင်တဲ့အစားအသောက်တွေက ရာသီသွေးဆင်းချိန်မှာဖြစ်တဲ့ဝက်ခြံတွေကို သက်သာစေနိုင်ပြီး အသားအရေကိုလည်း ကြည်လင်လှပစေပါတယ်။

 

Read More: ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

 

ရေများများသောက်ပေးပါ

ရာသီသွေးဆင်းနေချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝနေဖို့လိုပါတယ်။ ရေကခန္ဓာကိုယ်ကျန်းမာဖို့အတွက် အခြေခံအကျဆုံးအရာဖြစ်ပြီး အသားအရေစိုပြည်ကြည်လင်စေဖို့အတွက် တစ်နေ့ကို ရေ ၈ ခွက်လောက်သောက်သုံး ပေးသင့်ပါတယ်။ ရာသီသွေးပေါ်နေချိန်မှာ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်တာမျိုး ဖြစ်စေတာကြောင့် ရေလုံလောက်အောင်သောက်ပေးဖို့ လိုပါတယ်။

 

သန္ဓေတားဆေး သောက်ခြင်း

သန္ဓေတားဆေးက ခန္ဓာကိုယ်ရဲ့ estrogen နဲ့ progesterone ပမာဏကို ကန့်သတ်ပေးနိုင်တာကြောင့် အရေပြားအဆီပြန်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ ဝက်ခြံတွေ သက်သာစေဖို့အတွက် သန္ဓေတားဆေးကို သောက်ပေးလို့ ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အာနိသင်ပြပုံချင်းကတော့ မတူပါဘူး။ ဝက်ခြံတွေကို လုံးဝမထွက်လာစေအောင် မလုပ်နိုင်ပေမယ့် သန္ဓေတားဆေးကဝက်ခြံတွေကို သက်သာစေနိုင်စွမ်းတော့ရှိပါတယ်။

 

လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်း

တကယ်လို့ သင့်က ကိုယ်လက်လှုပ်ရှားလုပ်တတ်တဲ့သူ ဖြစ်မယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးတိတ်အောင်စောင့်ပြီး ရေချိုးပေးလိုက်တာက အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း လုပ်ချိန်မှာ ထွက်လာတဲ့ချွေး ၊အဆီတွေနဲ့ အရေပြားမှာ ကပ်ညှိနေတတ်ပြီး ဘက်တီးရီးယားတွေက မျက်နှာ ၊ ရင်ဘတ် နဲ့ ကျောဘက်တွေမှာ ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။ ရာသီလာချိန်မှာ ဖြစ်တဲ့ဝက်ခြံတွေကိုလည် ပိုဆိုးစေပါတယ်။

 

Source: Hellosayarwon

Read times Last modified on Tuesday, 23 April 2019 17:58
Rate this item
(1 Vote)