လက်ဖက်ခြောက်၊ လက်ဖက်စိမ်း စတဲ့ လက်ဖက်ရည်မှန်သမျှဟာ ကျန်းမာရေးအတွက် အထူကောင်းမွန်တာကို တွေ့ရပါတယ်။
သူတို့က ခန္ဓာကိုယ်နဲ့ အသားအရည်အတွက် ဘယ်လိုလုပ်ဆောင်ပေးလဲဆိုတာကို huffingtonpost က အခုလိုဖော်ပြပေးထားပါတယ်။ နေ့စဉ်သောက်သုံးပေးပြီး ထူးခြားတဲ့ ရလဒ်ကောင်းတွေကို ကိုယ်တိုင် ခံစားကြည့်လိုက်ပါ။
(၁) ဝိတ်ကျစေတယ်
လက်ဖက်ရည်ကြမ်းဟာဟာ ခန္ဓာကိုယ်ရဲ့ အဆီဖြစ်ပေါ်ခြင်းကို လျှော့ချပေးတယ်။ အစားအစာထဲမှာ ပါတဲ့ အဆီတွေကိုလည်း ခန္ဓာကိုယ်ထဲမှာ ချေဖျက်ပေးတယ်။ လက်ဖက်ရည်ထဲကို အချိုတွေ၊ သကြားတွေ ရောမထည့်ပါနဲ့။ လက်ဖက်ခြောက်ကို ရေနွေးထဲထည့်လိုက်လို့ ရလာတဲ့ လက်ဖက်ရေနွေးကြမ်းကို ဆိုလိုတာဖြစ်ပါတယ်။
(၂) အမြင်အာရုံကောင်းမွန်စေတယ်
မျက်စိဟာလည်း ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပဲ အားစိုက်အသုံးပြုကြရပါတယ်။ လက်ဖက်ရည်ကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် သင့်မျက်လုံးကြွက်သားတွေနဲ့၊ မျက်ကြောလွှာတွေကို အားကောင်းလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်ရည်ကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် မျက်လုံးကို ကာကွယ်ကြရအောင်။
(၃) အရွယ်တင်နုပျိုစေတယ်
(White Tea) လို့ခေါ်တဲ့ လက်ဖက်ဖြူဟာ လူသိနည်းလှပါတယ်။ ဒါပေမယ့် သင့်ရဲ့ အသားအရည်နဲ့ပတ်သက်ပြီး သူ့ရဲ့ အစွမ်းထက်ပုံဟာ အံ့မခန်းပါပဲနော်။ လက်ဖက်ရည်ကြမ်း နေ့တိုင်းသောက်တဲ့ သူတွေဟာ သာမန်လူတွေထက် အရွယ်တင်နုပျိုနေတာကို တွေ့ရပါတယ်။ အမဲစက်နဲ့ အရေးကြောင်းဖြစ်စေမှုကို ဟန့်တာပေးတဲ့ လက်ဖက်ရည်ကြမ်းဟာ အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။
(၄) စိတ်ဖိစီးမှုတွေကိုလျှော့ချပေးတယ်
သင်ဟာ ကျောင်းသားတစ်ယောက်ဆိုရင် နေ့စဉ် လက်ဖက်ရည်ကြမ်းကို သောက်သုံးပေးခြင်းဖြင့် စာနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ အများကြီး သက်သာသွားမှာပါ။ ဒါတင်အကသေးပါဘူး လက်ဖက်ရည်ကြမ်းဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်လာနိုင်တဲ့ သွေးတိုး၊ သွေးကျ နဲ့ နှလုံးရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
(၅) ဆီးချိုနဲ့ နှလုံးအတွက်ကောင်းတယ်
လက်ဖက်ရည်ကြမ်းထဲမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ဟာ ဆီးချိုကို သက်သာစေပါတယ်။ ဒါ့အပြင်လက်ဖက်ကြမ်းရည်ဟာ နှလုံးကို အားကောင်းလာစေပြီး နို့နဲ့ရောသောက်ခြင်းအားဖြင့် နှလုံးသွေးကြောကျဉ်းတာကို သက်သာစေပါတယ်။
source:mingalarmorning
MyanmarMMRD မှ Health Products Directory စာအုပ်အပြင် တခြားစာအုပ်လေးတွေလည်း ထွက်ရှိနေပါပြီနော်။