What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 03 May 2019 13:30

ပူအိုက်တဲ့ ရာသီမှာ ချိုင်းအနံ့ မထွက်အောင် ဘယ်လိုလုပ်မလဲ

အခုလို ပူအိုက်တဲ့ ရာသီမှာ ချိုင်းအနံ့ထွက်တာက အရမ်းကိုစိတ်အနှောက်အယှက် ဖြစ်စေပါတယ်။

တစ်နေ့ကို ရေ နှစ်ခါဘဲ ချိုးချိုး သုံးခါဘဲ ချိုးချိုး ရာသီဥတု အပူရှိန်ကြောင့် ရေချိုးခန်းထဲက အပြင်ကို ထွက်လာရင်တောင် ပူသလိုလို ကို ခံစားနေရ တတ်ပါတယ်။ ဒီလိုအပူရှိန်ကြောင့် ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ ချွေးအနံ့က လူကြားထဲတိုးရမှာ အရမ်းပဲ တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါကြောင့် ဘယ်လိုနေရာပဲ ရောက်ရောက် ၊ ချွေးဘယ်လောက်ပဲ ထွက်ထွက် ချိုင်းအနံ့အသက်မထွက်စေမယ့် နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

ကျောက်ချဉ်

ဘယ်လောက်ပဲ ပူအိုက်တဲ့ရာသီမှာဘဲ ဖြစ်ဖြစ် ကျောက်ချဉ်ကို သွေးပြီးလိမ်းပေးမယ်ဆိုရင် ချွေးအနံ့များကို မထွက်စေပါဘူး။ အားကစားလုပ်တာပဲ ဖြစ်ဖြစ် ၊ လေ့ကျင့်ခန်းလုပ်တာပဲ ဖြစ်ဖြစ် ၊ အကြောင်းအမျိုးမျိုးကြောင့်ပဲ ဖြစ်ဖြစ် ချွေးအနံ့အသက်များ မထွက်စေပါဘူး။

 

 

ထုံးအရည်ကြည်

ထုံးအရည်ကြည် နဲ့ ကျောက်ချဉ်မှုန့် တို့ကို ရောစပ်ပြီး ပါးပါးလေး လိမ်းပေးမယ်ဆိုရင်လည်း ချိုင်းအနံ့ ထွက်ခြင်းကို သက်သာစေပါတယ်။

 

ရှောက်သီး

ရှောက်သီးဟာဆိုရင်လည်း အနံ့သင်းတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် ချိုင်းအနံ့ထွက်သူများအတွက်ဆိုရင် အသင့်တော်ဆုံးဆိုလည်း မမှားနိုင်ပါဘူး။ ချိုင်းအနံ့ထွက်ခြင်းအတွက် ရှောက်သီးကို ချိုင်းမှာ ပွတ်ပေးပြီး ရေချိုးပေးမယ်ဆိုရင် အနံ့ဆိုးတွေကို ကာကွယ်ပေးမှာလည်း ဖြစ်ပါတယ်။

 

A.Win (Health Products Directory)

Read times
Rate this item
(0 votes)