What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 26 May 2017 13:25

အူမကြီးကင်ဆာ ဖြစ်စေနိုင်သော အကြောင်းရင်း (၅) မျိုး

အူမကြီးကင်ဆာ ဖြစ်စေနိုင်သော အကြောင်းရင်း (၅) မျိုး Google.com

၁. အူရောင်ရမ်းသော ရောဂါများ

အူရောင်ရမ်းတဲ့ ရောဂါရှိသူတွေနဲ့ အူမကြီးကင်ဆာမျိုးရိုး ရှိသူတွေက အူရောင်ရမ်းတဲ့ ရောဂါမရှိသူ၊ မျိုးရိုးမရှိသူတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ငါးဆ ပိုများပါတယ်။

ထို့အပြင် အူမကြီး အသားလုံးရှိတဲ့ ဆီးချိုသွေးချို ရောဂါရှိသူနဲ့ နှလုံးရောဂါ ရှိသူတွေဟာလည်း အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်နေပါတယ်။

၂. လိင်အမျိုးအစား

အမျိုးသားတွေက အမျိုးသမီးများထက် အူမကြီးကင်ဆာ ဖြစ်နိုင်ချေ များပါတယ်။ အူမကြီးကင်ဆာ နှင့် အစာဟောင်းအိမ် ကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်က အမျိုးသားတွေမှာ ဆိုရင် ၅.၉ ရာခိုင်နှုန်း၊ အမျိုးသမီးမှာ ၅.၅ ရာခိုင်နှုန်း ရှိပါတယ်။

၃. အသက်အရွယ်

အူမကြီး ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်က အသက်ကြီးလာလေလေ၊ ဖြစ်နှုန်း သိသိသာသာ မြင့်တက်လာ လေလေ ဖြစ်ပါတယ်။ အူမကြီးကင်ဆာ ဖြစ်သူ ၉၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၅၀ ကျော်သူတွေ ဖြစ်နေကြပါတယ်။ အသက် ၅၀ အရွယ် တစ်နှစ်ကို လူ ၂၀၀၀ မှာ တစ်ဦးဟာ အူမကြီးကင်ဆာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်မှာ ဆိုရင် လူတစ်ထောင်မှာ တစ်ဦး ဖြစ်တတ်ပါတယ်။

၎. မျိုးရိုး

အူမကြီးကင်ဆာ ၂၀-၂၅ ရာခိုင်နှုန်းခန့်ဟာ ရောဂါမျိုးရိုး ရှိသူတွေမှာ ဖြစ်တတ်ပါတယ်။ အသက် ၆၀ မတိုင်ခင် မျိုးရိုးထဲမှာ ရောဂါရှိပါက အူမကြီးကင်ဆာ ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်က ပိုမြင့်တက်နေတာကို တွေ့ရပါတယ်။

၅. ဘ၀နေထိုင် စားသောက်မှုပုံစံ

အဆီများတဲ့ အစာစားတာ၊ အ၀လွန်တာ၊ ဆေးလိပ်သောက်တာနဲ့ အရက်အလွန်အမင်း သောက်တာစတဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အထ ရှိရင် အူမကြီးကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေပါတယ်။ ဒီလိုနေထိုင်စားသောက်မှုဆိုင်ရာ အလေ့အထတွေကို ကျင့်သုံးလေလေ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားလေလေပဲ ဖြစ်ပါတယ်။

Source: health care

Read times
Rate this item
(0 votes)