ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာက မိဘတိုင်းအတွက် ခေါင်းစားစရာ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။
သင်ကိုယ်တိုင် မထင်မှတ်လိုက်တဲ့ အစားအသောက်တွေကို သင့်ကလေးရဲ့ မှတ်ဥာဏ်အားကို လျော့ကျစေတယ်ဆိုတာကို သင့်သတိထားမိပါသလား။ ဒါကြောင့် ကလေးတွေကို ဘယ်လိုအစားအသောက်တွေက မှတ်ဥာဏ်ကို ထိခိုက်စေနိုင်လည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
အချိုများတဲ့သောက်စရာတွေက အဝလွန်ုခြင်းကိုဖြစ်စေတဲ့အပြင် အမျိုးအစား ၂ ဆီးချိုရောဂါနဲ့နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဦးနှောက်ကိုလည်းဆိုးကျိုးသက်ရောက်နိုင်တယ်တဲ့။ အချိုများများစားရင် ဦးနှောက်ရောင်ခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်းနဲ့ သင်ယူလေ့လာနိုင်စွမ်းကျဆင်းခြင်းတွေဖြစ်စေနိုင်တယ်လို့ သုတေသနများ ဖော်ပြချက်အရ တွေ့ရပါတယ်။
ရေခဲမုန့်
ကလေးတွေအတွက် အကြိုက်ဆုံးစားစရာထဲမှာ ရေခဲမုန့်လည်းပါဝင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်က ဝိတ်တက်တာနဲ့ချောင်းဆိုးတာလောက်ပဲ ဖြစ်စေမယ်လို့ မထင်လိုက်ပါနဲ့။ တစ်ခါတလေကဘာမှမဖြစ်ပေမယ့် အမြဲစားနေရင် စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ရေခဲမုန့်တစ်ခွက်မှာပါဝင်တဲ့ ပြည့်ဝဆီ ၁၀ ဂရမ်က သွေးကြောတွေကိုပိတ်ဆို့စေနိုင်ပြီး သကြား ၂၈ ဂရမ်က ဦးနှောက်လုပ်ဆောင်ချက်တွေကို ဟန်ချက်မညီဖြစ်စေနိုင်ပါတယ်။
ကြက်အူချောင်း
ပြုပြင်စီမံထားတဲ့အစားအစာတွေမှာ အငန်ဓာတ်၊အဆီတွေနဲ့ သကြားပါဝင်မှုများပါတယ်။ အသင့်စားလို့ရအောင်၊ တာရှည်ခံအောင်၊ အရသာပိုကောင်းအောင် စီမံထုတ်လုပ်ထားတာတွေမှန်သမျှ ဆိုးကျိုးသက်ရောက်မှုအတူတူပါပဲ။ သူတို့မှာ ကယ်လိုရီမြင့်ပေမယ့် အာဟာရဓာတ်ကျတော့ နည်းလွန်းပါတယ်။ ကိုယ်အလေးချိန်ကိုတက်စေပြီး ဦးနှော်က်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
Read More : ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါ ကုသပျောက်ကင်းခဲ့သူတွေကို ဂုဏ်ပြု
ပီဇာ၊ ဟမ်ဘာဂါ တို့လို အမြန်စား အစားအစာတွေက ဦးနှောက်အတွက် ဆိုးကျိုးပေးတဲ့အဆီအမျိုးအစားပေါင်းစုံ စုပြီးပါဝင်နေတဲ့အရာတွေပါ။ အသင့်အမြန်စား စားစရာတွေစားတာများရင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတြွေုဖစ်လာနိုင်ပြီး စိတ်ကိုထိန်းချုပ်ရခက်ခဲစေနိုင်ပါတယ်လို့ လေ့လာတွေ့ရှိချက်တွေကဆိုပါတယ်။
ခေါက်ဆွဲထုပ်
အသွင်ပြောင်းဆီတွေဟာ ဦးနှောက်ကျန်းမာရေးအတွက် ဘေးအန္တရာယ်များစေနိုင်တဲ့ မပြည့်ဝဆီအမျိုးအစားထဲ ပါဝင်ပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေမှာ တွေ့ရတတ်တဲ့ အသွင်ပြောင်းဆီအတုတွေက ပိုဆိုးပါတယ်။ ဒါတင်မကသေးဘဲ နှလုံးကျန်းမာရေးကိုပါ ထိခိုက်စေနိုင်လို့ တတ်နိုင်သလောက် မကျွေးတာကောင်းပါတယ်။
အာလူးကြော်
ဆီကြော်အစားအစာတွေက အဝလွန်ခြင်း၊ နှလုံးရောဂါတို့အတွက် အန္တရာယ်ဖြစ်စေရုံမက အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်တဲ့။ ပြည့်ဝဆီတွေ၊ ကိုလက်စထရောတွေပါတဲ့ ဆီကြော်အစားအစာတွေက ဦးနှောက်သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။
Source: Hellosayarwon