What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 26 February 2018 11:06

အသက္တစ္ႏွစ္မျပည့္ေသးသည့္ ကေလးမ်ားအား သစ္သီးေဖ်ာ္ရည္မတိုက္သင့္

အသက္တစ္ႏွစ္မျပည့္ေသးသည့္ ကေလးမ်ားအား သစ္သီးေဖ်ာ္ရည္မတိုက္သင့္ google.com

အသက္တစ္ႏွစ္မျပည့္ခင္အထိ ကေလးငယ္မ်ားကို သစ္သီးေဖ်ာ္ရည္မ်ား တုိက္ျခင္းအား ေရွာင္ရွားသင့္ေၾကာင္း၊

မိဘမ်ားအေနျဖင့္ ဆရာဝန္မ်ားညႊန္ၾကားမွ သာလွ်င္တိုက္ေကၽြးသင့္ေၾကာင္း၊ American Academy of Pediatrics (AAP)၏ ေလ့လာမႈတရပ္အရသိရပါတယ္။

တစ္ႏွစ္ေအာက္ကေလးမ်ားအား သစ္သီးေဖ်ာ္ရည္မ်ားတုိက္ေကၽြးျခင္းသည္ အာဟာရျဖည့္တင္းမႈမရသည့္ အျပင္ က်န္းမာေရးအတြက္ပါ ထိခိုက္ေစနိုင္ေၾကာင္း သိရပါတယ္။

AAP ၏ေဖာ္ျပခ်က္မ်ားတြင္ ေျခာက္လေအာက္အရြယ္ ကေလးငယ္မ်ားကို သစ္သီးေဖ်ာ္ရည္မ်ား၊ မတိုက္သင့္ ေၾကာင္း ေဖာ္ျပထားသည္ျဖစ္ၿပီး ယခုအခါ မတိုက္ေကၽြးသင့္သည့္ ကေလးသက္တမ္းကို တိုးျမွင့္လုိက္ျခင္းျဖစ္ သည္။

“မိဘမ်ားက သစ္သီးေဖ်ာ္ရည္မ်ားသည္ ကေလးမ်ား၏ က်န္းမာေရးကို ေကာင္းမြန္ေစသည္ဟု ယူဆထားေကာင္းထားေနၾကၿပီး သစ္သီးလတ္လတ္ဆက္ဆက္စားသံုးျခင္းအေပၚအစားထိုးမေကၽြးသင့္ ေၾကာင္း” AAP အဖြဲ႕ဝင္တစ္ဦး ကေျပာပါတယ္။

ထို႕ျပင္ အသက္ ၁ ႏွစ္မွ ၃ ႏွစ္အရြယ္ကေလးမ်ားအတြက္ ေန႕စဥ္သစ္သီးေဖ်ာ္ရည္ ၄ ေအာင္စထက္ပို မေသာက္သင့္ေၾကာင္း သိရပါတယ္။

Source: YCDC News

Read:  ကိုယ္၀န္ေဆာင္ႏွင့္ ေမြးစကေလး အထူးက်န္းမာေရး

Unicode

အသက်တစ်နှစ်မပြည့်ခင်အထိ ကလေးငယ်များကို သစ်သီးဖျော်ရည်များ တိုက်ခြင်းအား ရှောင်ရှားသင့်ကြောင်း၊ မိဘများအနေဖြင့် ဆရာဝန်များညွှန်ကြားမှ သာလျှင်တိုက်ကျွေးသင့်ကြောင်း၊ American Academy of Pediatrics (AAP)၏ လေ့လာမှုတရပ်အရသိရပါတယ်။
တစ်နှစ်အောက်ကလေးများအား သစ်သီးဖျော်ရည်များတိုက်ကျွေးခြင်းသည် အာဟာရဖြည့်တင်းမှုမရသည့် အပြင် ကျန်းမာရေးအတွက်ပါ ထိခိုက်စေနိုင်ကြောင်း သိရပါတယ်။
AAP ၏ဖော်ပြချက်များတွင် ခြောက်လအောက်အရွယ် ကလေးငယ်များကို သစ်သီးဖျော်ရည်များ၊ မတိုက်သင့် ကြောင်း ဖော်ပြထားသည်ဖြစ်ပြီး ယခုအခါ မတိုက်ကျွေးသင့်သည့် ကလေးသက်တမ်းကို တိုးမြှင့်လိုက်ခြင်းဖြစ် သည်။
“မိဘများက သစ်သီးဖျော်ရည်များသည် ကလေးများ၏ ကျန်းမာရေးကို ကောင်းမွန်စေသည်ဟု ယူဆထားကောင်းထားနေကြပြီး သစ်သီးလတ်လတ်ဆက်ဆက်စားသုံးခြင်းအပေါ်အစားထိုးမကျွေးသင့် ကြောင်း” AAP အဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။
ထို့ပြင် အသက် ၁ နှစ်မှ ၃ နှစ်အရွယ်ကလေးများအတွက် နေ့စဉ်သစ်သီးဖျော်ရည် ၄ အောင်စထက်ပို မသောက်သင့်ကြောင်း သိရပါတယ်။
Source: YCDC News

Read:  ေဆာင္းရာသီတြင္ ကေလးငယ္မ်ား အေအးမိႏွာေစးျခင္း

Read times Last modified on Monday, 26 February 2018 11:20
Rate this item
(0 votes)