What's New


Wednesday, 03 July 2019 11:40

ရွှေလမင်း အထူးကုဆေးရုံ အကြောင်း

ရွှေလမင်း အထူးကုဆေးရုံကို အကောင်းမွန်ဆုံးသော ကျန်းမာရေး ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ၂၀၀၉ ခုနှစ် မတ်လမှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ရွှေလမင်း အထူးကုဆေးရုံ မှာဆိုရင် လူနာတွေရဲ့ ရောဂါဝေဒနာ တစ်ခုချင်းစီအတွက် စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဆရာဝန်တွေ ၊ သူနာပြုဆရာတွေ နဲ့ ဝန်ထမ်းတွေအပြင် ကျန်းမာရေး အထောက်ကူပြု ပစ္စည်းတွေကိုလည်း တစ်ပါတည်း ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်ဖို့ ပြင်ဆင်ထားလျက် ရှိပါတယ်။ လက်ရှိမှာတော့ ဆေးရုံခွဲ ၄ ခုဖြင့် မြန်မာပြည်မှာ ဝန်ဆောင်ပေးလျက်ရှိပါတယ်။

 

ရွှေလမင်း အထူးကုဆေးရုံတွေကို မြောက်ဥက္ကလာပမြို့နယ် မှာ စတင်တည်ထောင်ခဲ့ပြီးတော့ ၊ ဆေးရုံခွဲတွေကို လမ်းမတော်မြို့နယ် ၊ ဟင်္သာတမြို့ နဲ့ မော်လမြိုင် မြို့တွေမှာ ဆေးရုံခွဲတွေ အဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ ဆေးရုံတွေမှာ လူနာတစ်ဦးချင်းစီအတွက် ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများ နှင့် နောက်ဆုံးပေါ် စက်ပစ္စည်းများ ဖြင့် ကုသပေးလျက်ရှိပါတယ်။

 

အဆိုပါ ဆေးရုံမှာ လူနာတွေကို သက်တောင့်သက်သာ ရှိဖို့ နဲ့ စိတ်ချမ်းသာစွာ ဝန်ဆောင်မှုရရှိနိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဝန်ဆောင်မှုတွေကို ဆောင်ရွက် ပေးလျက်ရှိပါတယ်။

 

ရွှေလမင်း အထူးကုဆေးရုံ မှာ ရရှိနိုင်မည့် ဝန်ဆောင်မှုတွေကတော့

၁ ။ ၂၄ နာရီ ခေတ်မီစက်များဖြင့် အရေးပေါ်ကုသခြင်း ။

၂ ။ ပြင်ပလူနာ နှင့် အတွင်းလူနာများကို ကုသပေးခြင်း ။

၃ ။ နာကျင်မှု အနည်းဆုံး နှင့် သဘာဝအတိုင်း မွေးဖွားပေးနိုင်သော ခေတ်မီ အဆင့်မြင့်သားဖွားခန်း ။

၎ ။ ခေတ်မီစနစ်ဖြင့် ပိုးသတ်ထားသော ခွဲစိတ်ခန်းများ ။

 

၅ ။ ကျယ်ဝန်းသန့်ရှင်းပြီး ဈေးနှုန်းချိုသာသော အတွင်းလူနာခန်းများ ။

၆ ။ ကင်ဆာဆေးသွင်းဌာန ။

၇ ။ ကျောက်ကပ်ဆေးဌာန (မြောက်ဥက္ကလာပ) ။

၈ ။ CT Scan GE 128 Slice (လမ်းမတော်) ။

 

၉ ။ (MRI) သံလိုက်စက်ကွင်းတုန့်ပြန်မှုဖြင့် ပုံရိပ်ဖော်စက် (မြောက်ဥက္ကလာပ)။

၁၀ ။ ဆေးဝါး နှင့် ဆေးပစ္စည်း အမျိုးမျိုး ။

၁၁ ။ Digital X-ray , Echo Cardiogram , Ultrasound , Colour Doppler ။

၁၂ ။ အထွေထွေ ကျန်းမာရေး စစ်ဆေးခြင်း (Medicial Check up) ။

 

၁၃ ။ ကုမ္ပဏီ ဝန်ထမ်းဆေးစစ်ခြင်း ။ 

၁၄ ။ Digital စနစ်သုံး ခေတ်မီ ဓာတ်ခွဲခန်း ။ 

၁၅ ။ ၂၄ နာရီ လူနာတင်ယာဉ် ဝန်ဆောင်မှု ။

၁၆ ။ အိမ်တိုင်ရာ ရောက် ဆေးကုမှုပေးခြင်း ။

 

၁၇ ။ မျက်နှာ ၊ မေးရိုး ၊ သွား နှင့် ခံတွင်း အထူးကုစင်တာ ( မြောက်ဥက္ကလာပ) ။

၁၈ ။ Garmany နိုင်ငံထုတ် ( Karl Storz Laproscopic ) ဝမ်းတွင်းကြည့် မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း ။

၁၉ ။ မွေးရာပါ နှုတ်ခမ်းခွဲ ၊ အာခေါင်ကွဲ များကို Smile Train နှင့် ပူးပေါင်းပြီး အခမဲ့ ခွဲစိတ်ကုသခြင်း ။

 

အစရှိတဲ့ ဝန်ဆောင်မှုတွေကို ၂၄ နာရီ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။

 

ပုဂ္ဂလိက ဆေးရုံးပေါင်း ၁၀၀ ကျော်၏ လိပ်စာ နှင့် ဖုန်းနံပါတ်များကို ရှာဖွေရန် " နှိပ် " ပါ။

Image result for Hospitals

 

လိပ်စာ

ရွှေလမင်း အထူးကုဆေးရုံ (၁)

အမှတ်(၁၂၅၄) ၊ သုဓမ္မာလမ်း ၊ ၂ ရပ်ကွက် ၊ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် - 01 655 612 ။

 

ရွှေလမင်း အထူးကုဆေးရုံ (၂)

အမှတ် (၁၅/၁၉) ၊ ဇော်ဂျီလမ်း ၊ လမ်းမတော်မြို့နယ် ၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် - 01 230 1949 ။

 

ရွှေလမင်း အထူးကုဆေးရုံ (၃)

အမှတ် (၃၂) ၊ ဗိုလ်စောမောင်လမ်း ၊ ရုံးကြီးရပ်ကွက် ၊ ဟံသာတမြို့။

ဆက်သွယ်ရန် - 044 2021 375 ၊ 2022 799 ၊ 2022 800 - 802 ၊ 09 950 719 224 ။

 

ရွှေလမင်း အထူးကုဆေးရုံ (၄)

အမှတ် (၁) ၊ မြို့ရှောင်လမ်း ၊ ဒိုင်းဝန်ကွင်း ၊ အောက်ကျင်းရပ်ကွက် ၊ မော်လမြိုင်မြို့ ။

ဆက်သွယ်ရန် - 097 2026 202 ၊ 2026 855 ၊ 2026 709 ၊ 2026 387 ။

 

Written By Aung Win (Health Products Directory)

Read times Last modified on Friday, 12 July 2019 16:05
Rate this item
(1 Vote)