What's New


Saturday, 13 July 2019 17:14

ဂရန်း(ဒ်) ဟံသာအင်တာနေရှင်နယ်ဆေးရုံကြီး အကြောင်း - Gran Hantha International Hospital

ဂရန်း(ဒ်) ဟံသာ ဆေးရုံကြီးကို ၂၀၁၇ခုနှစ်တွင်

နိုင်ငံတကာအဆင့်မှီ စံနှုန်းသတ်မှတ်ချက်နှင့်အညီ တည်ဆောက်ထားခဲ့ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကိုယ်ပိုင်ဆေးရုံကြီးများထဲမှ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ ဂရန်း(ဒ်) ဟံသာ ဆေးရုံကြီးကို အထပ် ၈ ထပ်ရှိသော အဆောက်အဦးဖြစ်ပြီး ကုတင် ၇၀၀ ဆံ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

 

ဂရန်း(ဒ်) ဟံသာ ဆေးရုံကြီးဟာဆိုရင် ကျွမ်းကျင်မှုပြည့်ဝတဲ့ ဆရာဝန် ၊ သူနာပြုများ နဲ့ နောက်ဆုံးပေါ် ဆေးကုသမှုနည်းပညာများကို ပေါင်းစပ်ပြီး လာရောက်ကုသမှုခံယူသူများအတွက် အထူးကောင်းမွန်သော ဝန်ဆောင်မှုကိုပေးနေသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

 

ရန်ကုန်မြို့၏ အချက်ချာနေရာတစ်ခုဟုဆိုနိုင်တဲ့ ကမရွတ်မြို့နယ်တွင်တည်ရှိပြီး မြို့တွင်းကသာမက မြို့ဆင်ခြေဖုံးမှလည်း အလွယ်တကူလာရောက်နိုင်မှာဖြစ်ပြီး သွာရေး လာရေး လွယ်ကူသောနေရာတစ်ခုမှာ တည်ဆောက်ထားတဲ့ ဆေးရုံတစ်ခုလည်း ဖြစ်ပါတယ်။

 


ဆေးရုံကြီးမှ လူနာများကို ပိတ်ရက်မရှိ ၂၄နာရီပတ်လုံး ဝန်ဆောင်မှု ပေးနေတာလည်း ဖြစ်ပါတယ်။

 

ဆေးရုံကြီးတွင် လန်ဒန် ၊ ပဲရစ် နဲ့ နယူးယောက် စတဲ့ ကမ္ဘာ့မြို့ကြီးများ မှ ပင်လာရောက် ကုသမှုခံ ယူရတဲ့အထိ အဆင့်မြင့် ဆေးကုသမှုများ နဲ့ ဝန်ဆောင်မှုများကို ပေးလျက်ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။ ဂရန်း(ဒ်) ဟံသာ ဆေးရုံကြီးတွင် အမေရိကန် ၊ သြစတြေးလျ ၊ စင်ကာပူ စတဲ့ ကမ္ဘာ့ မြို့ကြီးများမှ ဆရာဝန်များ အပါအ၀င် ဆရာဝန်ပေါင်း ၃၀၀ ကျော်ဖြင့် အလှည့်ကျ ကုသပေး လျှက်ရှိပါတယ်။ အထွေထွေရောဂါမျိုးစုံတို့အတွက် ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများဖြင့် အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုပေးနိုင်ရေးမှာ ဂရန်းဆေးရုံကြီး၏ ရည်မှန်းချက်ပင်ဖြစ်ပါတယ်။

 

 

ဂရန်း(ဒ်) ဟံသာ ဆေးရုံကြီးတွင် ရရှိနိုင်တဲ့ ပြင်ပလူနာ ဝန်ဆောင်မှုများကတော့

၁ ။ အထူးကု ပြင်ပလူနာဌာန

၂ ။ ဆီးချို နှင့် ဟော်မုန်းရောဂါ အထူးကုစင်တာ

၃ ။ မျက်စိ ၊ နာ ၊ နှာခေါင်း ၊ လည်ချောင်း အထူးကုစင်တာ

 

၎ ။ သွား နှင့် ခံတွင်း အထူးကုစင်တာ

၅ ။ အရေပြား နှင့် အလှအပဆိုင်ရာ ကုသမှုစင်တာ

၆ ။ အစာအိမ် နှင့် အူလမ်းကြောင်း မှန်ပြောင်း ကြည့်ရှုခြင်း နှင့် ပန်ကိရိယာ နှင့် သည်းခြေလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း

 

 

၇ ။ ကင်ဆာဆေးသွင်း ကုသခြင်း နှင့် ဓာတ်ရောင်ခြည်ပေး ကုသခြင်း

၈ ။ ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိသော ပြန်လည်သန်စွမ်းရေး ၊ လေ့ကျင့်ခန်းများနှင့် ဝန်ဆောင်မှုများ

၉ ။ နေ့ချင်းပြီး တစ်နေရာတည်းတွင် စုံလင်စွာ ပြုလုပ်နိုင်သော One-shop ကျန်းမာရေး စစ်ဆေးမှု

 

၁၀ ။ အာဟာရ နှင့် အဝလွန်ခြင်းဆိုင်ရာ ကုသမှုစင်တာ

၁၁ ။ အသံလှိုင်းဖြင့် ကျောက်ခြေခြင်း

၁၂ ။ နှလုံး နှင့် သွေးကြောဆိုင်ရာရောဂါများ အဖြေရှာ ကုသသည့်ဌာန

 

၁၃ ။ ကျောက်ကပ်သွေးသန့်စင်ဌာန

 

ပုဂ္ဂလိက ဆေးရုံးပေါင်း ၁၀၀ ကျော်၏ လိပ်စာ နှင့် ဖုန်းနံပါတ်များကို ရှာဖွေရန် " နှိပ် " ပါ။

Image result for Hospitals

 

၂၄ နာရီ ကျန်းမာရေး ဝန်ဆောင်မှုများကတော့

၁၄ ။ အရေးပေါ်ဌာန

 

၁၅ ။ အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှု

၁၆ ။ ကုတင် (၇၀၀) ဆန့် အတွင်း လူနာဌာန

၁၇ ။ သားဖွားခန်း ဝန်ဆောင်မှုများ

 

၁၈ ။ ခွဲစိတ်ခန်း ဝန်ဆောင်မှုများ

၁၉ ။ အထူးကြပ်မတ် ကုသဆောင် နှင့် နှလုံးကြပ်မတ်ကုသဆောင်

၂၀ ။ နိုင်ငံတကာအဆင့်မီ ဓာတ်မှန် နှင့် ပုံရိပ်ဖော်ရောဂါရှာဖွေဌာန

 

၂၁ ။ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း

၂၂ ။ ဆေး နှင့် ဆေးပစ္စည်း အရောင်းဌာန

စသည့် ဝန်ဆောင်မှုများကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

လိပ်စာ

အမှတ် - ၃ ၊ နာနတ်တောလမ်း နှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းထောင့် ၊ ကြည့်မြင်တိုင်မြို့နယ် ၊ ရန်ကုန်မြို့။

 

ဆက်သွယ်ရန်

01 523 000 ၊ 01 523 111 ၊

01 231 7619 ၊ 09 520 2282 ၊ 09 520 2284 ။

 

Written By Aung Win (Health Products Directory)

Read times Last modified on Tuesday, 23 July 2019 13:20
Rate this item
(1 Vote)