What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 05 October 2019 16:28

လေးလံထိုင်းမှိုင်းနေတဲ့ မနက်ခင်းကို ကျော်ဖြတ်နိုင်မဲ့ အချက် ၇ ချက်

မနက်မိုးလင်းလို့ ရုံးသွား၊ ကျောင်းသွားရဖို့အတွက်ကို အိပ်ရာထဲကနေ ငေါက်ကနဲ ထပြီး ပြင်ဆင်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလွန်းတဲ့ ကိစ္စပါ။ အဲဒီအပြင် မနက်အိပ်ရာထဖို့ Alarm လေးပေးဖို့ မေ့သွားတာ (သို့) အိပ်ရာထ နောက်ကျသွားပြီဆိုတာနဲ့ သင့်ရဲ့ မနက်ခင်း Schedule ဟာ ရုန်းရင်းဆန်ခတ် ဖြစ်တော့တာပါဘဲ။

ဒီလိုဖြစ်နေရခြင်းတွေဟာ သင့်ရဲ့တစ်နေ့တာကို စတင်ဖို့ အဆိုးရွားဆုံးပါဘဲ။ သင်ဒီလို ကြုံတွေ့နေရပြီဆိုရင်တော့ အောက်က နည်းလမ်းလေးတွေနဲ့ သင့်ရဲ့ မနက်ခင်းကို တက်တက်ကြွကြွ၊ အကျိုးရှိရှိ စတင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

 

အချိန်မှန်မှန်ထပါ

အချိန်မှန်မှန် အိပ်ရာထတာ ဒါမှမဟုတ် စောစော နိုးထခြင်းဟာ သင့်ရဲ့တစ်နေ့တာကို ကောင်းမွန်ခြင်းများနဲ့ စတင်ရာ ရောက်ပါတယ်။ သင့်အတွက် ပြင်ဆင်စရာ အချိန် လုံလုံ လောက်လောက်ရမှာဖြစ်ပြီး အိမ်ကနေ အပြေးအလွှား ကသောကမျော ထွက်ရတဲ့ ဒုက္ခက ကင်းဝေးနိုင်မှာပါ။

 

လိုက်ကာတွေကို ဖွင့်လိုက်ပါ

မနက်အိပ်ရာထတာနဲ့ သင့်အိပ်ခန်း ပြတင်းပေါက်ရဲ့ လိုက်ကာတွေကို ဖွင့်ချလိုက်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ သင့်ကို နေရောင်ခြည်နဲ့ ပထမဆုံး ထိတွေ့စေတာကြောင့် ဦးနောက်ကို နိုးကြားစေပြီး စိတ်အာရုံ ရွှင်လန်းစေပါတယ်။

 

ရေချိုးပါ

မနက်မိုးလင်း စောစောစီးစီး ရေချိုးတာက သင့်ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံသာမက လန်းဆန်းစေဖို့လည်း အထောက်အကူပြုပါတယ်။ ရေနွေးနွေးလေးနဲ့ ချိုးမယ်ဆိုရင် အကြောအချဉ်ပြေပြီး သက်သောင့်သက်သာ ရှိစေမှာ ဖြစ်သလို ရေအေးအေးလေးနဲ့ ချိုးချလိုက်မယ်ဆိုရင် လန်းဆန်းရွှင်ပျသွားဖို့ အကောင်းဆုံးနည်းလမ်းပဲပေါ့။

 

အသေးစား ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

မနက်မိုးလင်းပိုင်းမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင် သက်ရောက်မှုရှိတဲ့ အကျိုးကျေးဇူးကို ခံစားရမှာပါ။ Internet ကနေ ကိုယ်တိုင်လုပ်လို့ရနိုင်မယ့် Workout Tips လေးတွေနဲ့ စလုပ်ကြည့်ပေါ့။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးတာက စိတ်အာရုံ နိုးကြားစေပြီး ရုပ်ပိုင်းဆိုင်ရာ ပိုမိုပေ့ါပါး သွက်လက်စေမှာပါ။

အရေပြားပေါ်မှာ မပြတဲ့ အရေပြားကင်ဆာ လက္ခဏာများ ဖတ်ရှုရန် နှိပ်ပါ။

အေရျပားေပၚမွာ မျပတဲ့ အေရျပားကင္ဆာ လကၡဏာမ်ား

 

မြူးမြူးကြွကြွ သီချင်းလေးတွေ နားထောင်ပါ

မနက်ခင်းဆိုင်ရာ လုပ်ငန်းဆောင်တာတွေကို ပြင်ဆင်နေချိန်မှာ မြူးကြွစေတဲ့ သီချင်းလေးတွေပါ ဖွင့်ထားကြည့်လိုက်ပါ။ သင့်ရဲ့ လေးလံနေတဲ့ စိတ်အာရုံကို လွဲပြောင်းစေပြီး တက်တက်ကြွကြွနဲ့ အလုပ်လည်း လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်မှာပါ။ အပေါ်က ဖော်ပြထားတဲ့ ရေချိုးတာ၊ Workout လုပ်နေချိန်တွေမှာ သီချင်းအလန်းလေးတွေ နားထောင်ပြီး လုပ်နိုင်ပါတယ်။

 

ရေတစ်ဖန်ခွက် သောက်ပါ

နာရီပေါင်းများစွာ အိပ်စက်အနားယူပြီးတဲ့အခါမှာတော့ သင့်ရဲ့ ခန္ဓာကိုယ်အတွင်းက အင်္ဂါအစိတ်အပိုင်းတွေ နိုးကြားသွားစေဖို့ ရေတစ်ဖန်ခွက်သောက်ပြီး လှုံ့ဆော်လိုက်ပါ။ မနက်တိုင်း ရေတစ်ဖန်ခွက် သောက်ပေးတာက ရေငတ်ပြေ ရုံသာမက အားအင်ပြည့်ဝစေပြီး ခန္ဓာကိုယ်ကို ကောင်းမွန်စေပါတယ်။

 

မနက်စာကို သူငယ်ချင်းတွေနှင့်အတူ သုံးဆောင်ပါ

သမားရိုးကျနည်းအတိုင်း မနက်စာကို အိမ်မှာပဲစားမနေဘဲ အပြင်မှာ သူငယ်ချင်းတွေ ဒါမှမဟုတ် လုပ်ငန်းခွင်က အပေါင်းအဖော်တွေနဲ့ အတူတူ စားကြည့်လိုက်ပါ။ အိမ်မှာ မနက်စာအတွက် အချိန်ပေးပြီး ပြင်ဆင်နေစရာမလိုတော့ဘဲ အပေါင်းအဖော်တွေနဲ့ တူတူတွေ့ဖို့ အချိန်ပိုရပြီး ရယ်မောစားသောက်ရင်း သင့်ရဲ့တစ်နေ့တာကို ပျော်ရွှင်စွာ စတင်နိုင်မှာပဲဖြစ်ပါတယ်။

 

(Zawgyi)

----------

ေလးလံထိုင္းမိႈင္းေနတဲ့ မနက္ခင္းကို ေက်ာ္ျဖတ္နိုင္မဲ့ အခ်က္ ၇ ခ်က္

 

မနက္မိုးလင္းလို႔ ရံုးသြား၊ ေက်ာင္းသြားရဖို႔အတြက္ကို အိပ္ရာထဲကေန ေငါက္ကနဲ ထျပီး ျပင္ဆင္ဖို႔ဆိုတာ အင္မတန္မွ ခဲယဥ္းလြန္းတဲ့ ကိစၥပါ။ အဲဒီအျပင္ မနက္အိပ္ရာထဖို႔ Alarm ေလးေပးဖို႔ ေမ့သြားတာ (သို႔) အိပ္ရာထ ေနာက္က်သြားျပီဆိုတာနဲ႔ သင့္ရဲ႕ မနက္ခင္း Schedule ဟာ ရုန္းရင္းဆန္ခတ္ ျဖစ္ေတာ့တာပါဘဲ။ ဒီလိုျဖစ္ေနရျခင္းေတြဟာ သင့္ရဲ႕တစ္ေန႔တာကို စတင္ဖို႔ အဆိုးရြားဆံုးပါဘဲ။ သင္ဒီလို ၾကံဳေတြ႕ေနရျပီဆိုရင္ေတာ့ ေအာက္က နည္းလမ္းေလးေတြနဲ႔ သင့္ရဲ႕ မနက္ခင္းကို တက္တက္ၾကြၾကြ၊ အက်ိဳးရွိရွိ စတင္နိုင္ဖို႔ မွ်ေဝေပးလိုက္ပါတယ္။

 

အခ်ိန္မွန္မွန္ထပါ

အခ်ိန္မွန္မွန္ အိပ္ရာထတာ ဒါမွမဟုတ္ ေစာေစာ ႏိုးထျခင္းဟာ သင့္ရဲ႕တစ္ေန႔တာကို ေကာင္းမြန္ျခင္းမ်ားနဲ႔ စတင္ရာ ေရာက္ပါတယ္။ သင့္အတြက္ ျပင္ဆင္စရာ အခ်ိန္ လံုလံု ေလာက္ေလာက္ရမွာျဖစ္ၿပီး အိမ္ကေန အေျပးအလႊား ကေသာကေမ်ာ ထြက္ရတဲ့ ဒုကၡက ကင္းေ၀းႏုိင္မွာပါ။

 

လိုက္ကာေတြကို ဖြင့္လိုက္ပါ

မနက္အိပ္ရာထတာနဲ႔ သင့္အိပ္ခန္း ျပတင္းေပါက္ရဲ႕ လိုက္ကာေတြကို ဖြင့္ခ်လိုက္သင့္ပါတယ္။ ဒီလိုလုပ္ျခင္းဟာ သင့္ကို ေနေရာင္ျခည္နဲ႔ ပထမဆံုး ထိေတြ႔ေစတာေၾကာင့္ ဦးေနာက္ကို နိုးၾကားေစျပီး စိတ္အာရံု ရႊင္လန္းေစပါတယ္။

 

ေရခ်ိဳးပါ

မနက္မိုးလင္း ေစာေစာစီးစီး ေရခ်ိဳးတာက သင့္ခႏၶာကိုယ္ကို သန္႔ရွင္းေစရံုသာမက လန္းဆန္းေစဖို႔လည္း အေထာက္အကူျပဳပါတယ္။ ေရေႏြးေႏြးေလးနဲ႔ ခ်ိဳးမယ္ဆိုရင္ အေၾကာအခ်ဥ္ေျပျပီး သက္ေသာင့္သက္သာ ရွိေစမွာ ျဖစ္သလို ေရေအးေအးေလးနဲ႔ ခ်ိဳးခ်လိုက္မယ္ဆိုရင္ လန္းဆန္းရႊင္ပ်သြားဖို႔ အေကာင္းဆံုးနည္းလမ္းပဲေပါ့။

 

အေသးစား ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ပါ

မနက္မိုးလင္းပိုင္းမွာ ကိုယ္လက္ေလ႔က်င့္ခန္း လုပ္ေပးမယ္ဆိုရင္ သက္ေရာက္မႈရွိတဲ့ အက်ိဳးေက်းဇူးကို ခံစားရမွာပါ။ Internet ကေန ကိုယ္တိုင္လုပ္လို႔ရနိုင္မယ့္ Workout Tips ေလးေတြနဲ႔ စလုပ္ၾကည့္ေပါ့။ ပံုမွန္ေလ့က်င့္ခန္း လုပ္ေပးတာက စိတ္အာရံု နိုးၾကားေစျပီး ရုပ္ပိုင္းဆိုင္ရာ ပိုမိုေပ့ါပါး သြက္လက္ေစမွာပါ။

အေရျပားေပၚမွာ မျပတဲ့ အေရျပားကင္ဆာ လကၡဏာမ်ား ဖတ္ရႈရန္ ႏွိပ္ပါ။

အေရျပားေပၚမွာ မျပတဲ့ အေရျပားကင္ဆာ လကၡဏာမ်ား

 

ျမဴးျမဴးၾကြၾကြ သီခ်င္းေလးေတြ နားေထာင္ပါ

မနက္ခင္းဆိုင္ရာ လုပ္ငန္းေဆာင္တာေတြကို ျပင္ဆင္ေနခ်ိန္မွာ ျမဴးၾကြေစတဲ့ သီခ်င္းေလးေတြပါ ဖြင့္ထားၾကည့္လိုက္ပါ။ သင့္ရဲ့ ေလးလံေနတဲ့ စိတ္အာရံုကို လြဲေျပာင္းေစျပီး တက္တက္ၾကြၾကြနဲ႔ အလုပ္လည္း လြယ္လြယ္ကူကူ ျမန္ျမန္ဆန္ဆန္ ျပီးေျမာက္နိုင္မွာပါ။ အေပၚက ေဖာ္ျပထားတဲ့ ေရခ်ိဳးတာ၊ Workout လုပ္ေနခ်ိန္ေတြမွာ သီခ်င္းအလန္းေလးေတြ နားေထာင္ျပီး လုပ္နိုင္ပါတယ္။

 

ေရတစ္ဖန္ခြက္ ေသာက္ပါ

နာရီေပါင္းမ်ားစြာ အိပ္စက္အနားယူျပီးတဲ့အခါမွာေတာ့ သင့္ရဲ႕ ခႏၶာကိုယ္အတြင္းက အဂၤါအစိတ္အပိုင္းေတြ ႏိုးၾကားသြားေစဖို႔ ေရတစ္ဖန္ခြက္ေသာက္ျပီး လႈံ႔ေဆာ္လိုက္ပါ။ မနက္တိုင္း ေရတစ္ဖန္ခြက္ ေသာက္ေပးတာက ေရငတ္ေျပ ရံုသာမက အားအင္ျပည့္ဝေစျပီး ခႏၶာကိုယ္ကို ေကာင္းမြန္ေစပါတယ္။

 

မနက္စာကို သူငယ္ခ်င္းေတြနွင့္အတူ သံုးေဆာင္ပါ

သမားရိုးက်နည္းအတိုင္း မနက္စာကို အိမ္မွာပဲစားမေနဘဲ အျပင္မွာ သူငယ္ခ်င္းေတြ ဒါမွမဟုတ္ လုပ္ငန္းခြင္က အေပါင္းအေဖာ္ေတြနဲ႔ အတူတူ စားၾကည့္လိုက္ပါ။ အိမ္မွာ မနက္စာအတြက္ အခ်ိန္ေပးျပီး ျပင္ဆင္ေနစရာမလိုေတာ့ဘဲ အေပါင္းအေဖာ္ေတြနဲ႔ တူတူေတြ႔ဖို႔ အခ်ိန္ပိုရျပီး ရယ္ေမာစားေသာက္ရင္း သင့္ရဲ႕တစ္ေန႔တာကို ေပ်ာ္ရႊင္စြာ စတင္နိုင္မွာပဲျဖစ္ပါတယ္။

Read times Last modified on Friday, 14 February 2020 11:02
Rate this item
(0 votes)