What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 October 2019 11:43

ကိုယ္ဝန္ ​ေဆာင္ခ်ိန္ ငွက္သိုက္ ​ေသာက္လို႔ရလား

ေခါင္းစဥ္ပါ ေမးခြန္းကို ခပ္တိုတိုနဲ႕ရွင္းရွင္းေျဖရရင္ မရပါဘူး။

မရတဲ့ အေၾကာင္းျပခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ ငွက္သိုက္ဆိုတာ တ႐ုတ္တိုင္းရင္းရိုးရာစားေကာင္းေသာက္ဖြယ္တစ္မ်ိဳးျဖစ္ၿပီး အားသစ္ေလာင္းေပးတဲ့ စြမ္းရည္ရွိတယ္လို႔ ယုံၾကည္ၾကပါတယ္။ ငွက္သိုက္ဟာ အ႐ြယ္တင္ႏုပ်ိဳေစတဲ့ ဂုဏ္သတၱိရွိတယ္လို႔ ဆိုၾကပါတယ္။ ဒါ့အျပင္ ငွက္သိုက္ဟာ ကိုယ္ခံအားစနစ္ အားေကာင္းေစဖို႔အတြက္ အေထာက္အကူျပဳတယ္လို႔ လူအမ်ားအျပားက ယုံၾကည္ထားၾကပါတယ္။ 

 

ငွက္သိုက္ဆိုတာ ကမ္းရိုးတမ္းတစ္ေလွ်ာက္က ဂူေတြမွာ အသိုက္ေဆာက္တတ္တဲ့ ဇီဝဇိုးငွက္ရဲ႕ ခံတြင္းရည္ (တံေတြး) ကေန ရရွိတယ္လို႔ ယုံၾကည္ၾကပါတယ္။ တစ္ခ်ိဳ႕လူေတြကေတာ့ ငွက္ေတြအသိုက္လာေဆာက္ေအာင္ အေဆာက္အအုံေတြတည္ေဆာက္ၿပီး ငွက္သိုက္ကို စီးပြားျဖစ္ထုတ္လုပ္ေရာင္းခ်ၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ငွက္သိုက္ရဲ႕ အာဟာရတန္ဖိုးနဲ႕ပတ္သက္ၿပီး တသမတ္တည္း မေျပာနိုင္သလို ေဆးသိပၸံအရလည္း သက္ေသမျပနိုင္ပါဘူး။ 

 

ငွက္သိုက္အစစ္ကို အလုံအေလာက္မရရွိနိုင္တာေၾကာင့္ ေဈးကလည္း ႀကီးပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႕ ကိုယ္အပါအဝင္ ရင္ေသြးေလးရဲ႕က်န္းမာေရးအတြက္ ဘာေကာင္းက်ိဳးရွိမွန္း အတိအက်သက္ေသမျပနိုင္တဲ့ အရာတစ္ခုကို မွီဝဲျခင္းအားျဖင့္ ေငြေၾကးအေျမာက္အျမား အလဟႆ ျဖစ္သြားနိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ ငွက္သိုက္ကို ခြာယူတာ သို႔မဟုတ္ စုေဆာင္းရတဲ့ျပႆနာပါ။ နည္းစနစ္ေတြဟာ စနစ္တက်မရွိသလို အသိုက္ေတြကို ဓာတုေဗဒပစၥည္းေတြအသုံးျပဳၿပီး အေရာင္ခြၽတ္ျခင္း၊ အေရာင္ဆိုးျခင္းေတြ လုပ္လာၾကပါတယ္။ 

 

မသမာတဲ့နည္းလမ္းေတြနဲ႕ စီမံျပင္ဆင္လာၾကပါတယ္။ တစ္ခ်ိဳ႕ဆိုရင္ အစားအစာ၊ ေဆးဝါး ဘာမွ ထိန္းခ်ဳပ္ကြပ္ကဲမႈမရွိဘဲ ထည့္ခ်င္တဲ့ပါဝင္ပစၥည္းကို ထည့္ေနၾကတာရွိပါတယ္။ 

 

ၿပီးေတာ့ ငွက္သိုက္ကို စီမံျပင္ဆင္ရာမွာ မသန႔္ရွင္းမႈေၾကာင့္ ေရာဂါပိုးမႊားေတြ ဝင္ေရာက္နိုင္ပါတယ္။ ဒါဟာ ကိုယ္ဝန္ေဆာင္မိခင္ေရာ သႏၶေသားအတြက္ပါ အႏၱရာယ္ရွိနိုင္ပါတယ္။ 

 

MayMayApp

{Unicode}

=========

ကိုယ်ဝန် ​ဆောင်ချိန် ငှက်သိုက် ​သောက်လို့ရလား

 

ခေါင်းစဉ်ပါ မေးခွန်းကို ခပ်တိုတိုနဲ့ရှင်းရှင်းဖြေရရင် မရပါဘူး။ မရတဲ့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ ငှက်သိုက်ဆိုတာ တရုတ်တိုင်းရင်းရိုးရာစားကောင်းသောက်ဖွယ်တစ်မျိုးဖြစ်ပြီး အားသစ်လောင်းပေးတဲ့ စွမ်းရည်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ငှက်သိုက်ဟာ အရွယ်တင်နုပျိုစေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ငှက်သိုက်ဟာ ကိုယ်ခံအားစနစ် အားကောင်းစေဖို့အတွက် အထောက်အကူပြုတယ်လို့ လူအများအပြားက ယုံကြည်ထားကြပါတယ်။ 

 

ငှက်သိုက်ဆိုတာ ကမ်းရိုးတမ်းတစ်လျှောက်က ဂူတွေမှာ အသိုက်ဆောက်တတ်တဲ့ ဇီဝဇိုးငှက်ရဲ့ ခံတွင်းရည် (တံတွေး) ကနေ ရရှိတယ်လို့ ယုံကြည်ကြပါတယ်။ တစ်ချို့လူတွေကတော့ ငှက်တွေအသိုက်လာဆောက်အောင် အဆောက်အအုံတွေတည်ဆောက်ပြီး ငှက်သိုက်ကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငှက်သိုက်ရဲ့ အာဟာရတန်ဖိုးနဲ့ပတ်သက်ပြီး တသမတ်တည်း မပြောနိုင်သလို ဆေးသိပ္ပံအရလည်း သက်သေမပြနိုင်ပါဘူး။ 

 

ငှက်သိုက်အစစ်ကို အလုံအလောက်မရရှိနိုင်တာကြောင့် ဈေးကလည်း ကြီးပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်အပါအဝင် ရင်သွေးလေးရဲ့ကျန်းမာရေးအတွက် ဘာကောင်းကျိုးရှိမှန်း အတိအကျသက်သေမပြနိုင်တဲ့ အရာတစ်ခုကို မှီဝဲခြင်းအားဖြင့် ငွေကြေးအမြောက်အမြား အလဟဿ ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ခုကတော့ ငှက်သိုက်ကို ခွာယူတာ သို့မဟုတ် စုဆောင်းရတဲ့ပြဿနာပါ။ နည်းစနစ်တွေဟာ စနစ်တကျမရှိသလို အသိုက်တွေကို ဓာတုဗေဒပစ္စည်းတွေအသုံးပြုပြီး အရောင်ချွတ်ခြင်း၊ အရောင်ဆိုးခြင်းတွေ လုပ်လာကြပါတယ်။ 

 

မသမာတဲ့နည်းလမ်းတွေနဲ့ စီမံပြင်ဆင်လာကြပါတယ်။ တစ်ချို့ဆိုရင် အစားအစာ၊ ဆေးဝါး ဘာမှ ထိန်းချုပ်ကွပ်ကဲမှုမရှိဘဲ ထည့်ချင်တဲ့ပါဝင်ပစ္စည်းကို ထည့်နေကြတာရှိပါတယ်။ 

 

ပြီးတော့ ငှက်သိုက်ကို စီမံပြင်ဆင်ရာမှာ မသန့်ရှင်းမှုကြောင့် ရောဂါပိုးမွှားတွေ ဝင်ရောက်နိုင်ပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်မိခင်ရော သန္ဓသေားအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်။

Read times
Rate this item
(0 votes)