What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 June 2017 15:41

သရက်သီး စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးအကျိုး (၇)မျိုး

သရက်သီး စားသုံးခြင်းဖြင့် ရရှိလာမယ့် ကျန်းမာရေးအကျိုး (၇)မျိုး Google.com

၁. ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်။

သရက်သီးဟာ ကင်ဆာရောဂါအမျိုးမျိုးဖြစ်သော အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ၊ ဆီးကြိတ်ကင်ဆာ-စတဲ့ ရောဂါတွေကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။

သရက်သီးမှာ အဲဒီရောဂါဆိုးတွေကို ကာကွယ်ပေးနိုင်တဲ့ quercetin, isoquercitrin, astragalin, fisetin, gallic acid နဲ့ methylgallat ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။

၂. ကိုလက်စထရောကို လျှော့ချပေးနိုင်တယ်။

သရက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အပြင်၊ pectin နဲ့ vitamin C ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရောဓာတ် မြင့်မားစွာ ပါဝင်ခြင်းကို လျှော့ချပေးနိုင်ပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

READ - သလဲသီးရဲ့ ကျန်းမာရေး အကျိုးအာနိသင် (၉) မျိုး

၃. အသားရည်ကို ကြည်လင်သန့်ရှင်းစေတယ်။

သရက်သီးမှာ သွေးကို သန့်စင်စေတဲ့ အမျှင်ဓာတ်၊ pectin နဲ့ vitamin C ဓာတ်တွေဟာ အသားအရေကို လည်း အထူးထောက်ပံ့ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း အပုပ်ဓာတ်ကို ကင်းစင်စေလို့ ၀က်ခြံတင်းတိပ် ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပြီး ကြည်လင်လှပတဲ့ အသားအရေးကို ပိုင်ဆိုင်စေမှာပါ။

၎. မျက်လုံး ကျန်းမာရေးအတွက်ကောင်းမွန်တယ်။

သရက်သီးကို ဖျော်ရည်လုပ်ပြီး နေ့စဉ်သောက်ပေးပါက မျက်လုံး အမြင်ကြည်လင်မှုကို ဖြစ်ပေါ်
စေပြီး ခန္ဓာကိုယ်အတွက် တစ်နေတာလိုအပ်တဲ့ vitamin A ပမာဏရဲ့ 25%အထိ ပါဝင်လို့ နေ့စဉ် သောက်ပေး သင့်ပါတယ်။

၅. ခန္ဓာကိုယ်ကို လှပစေတယ်။

အဆီကျသွယ်လျှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ သရက်သီးကို နေ့စဉ်စားခြင်းဖြင့်
ခန္ဓာကိုယ် ၀ိတ်ကို ထိန်ပေးပြီး မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။

၆. အစာချေစနစ်ကို ကောင်းမွန်စေတယ်။

သရက်သီးမှာ အက်စစ်ဓာတ်တွေ ပါဝင်လို့ အစာချေစနစ်ကို အချိန်တိုအတွင်း ထိရောက်
မြန်ဆန် စေနိုင်ပါတယ်။

၇. ကိုယ်ခံစွမ်းအားကို မြင့်တက်စေတယ်။

သရက်သီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အခြေခံရောဂါ တိုက်ဖြတ်မှုမှာ အရေးပါတဲ့ ကိုယ်ခံစွမ်းအားကို ပေးနိုင်ပါတယ်။

READ - အာရုံကြောအားနည်းသူတွေ စားသင့်တဲ့အစားအစာများ

www.healthproducts.com.mm

source: shwemom

Read times Last modified on Friday, 16 June 2017 15:50
Rate this item
(1 Vote)