What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 December 2019 13:39

စားသုံးရန္မသင့္ေသာ အစားအေသာက္မ်ား ႏွင့္ ပတ္သက္၍ အမ်ားျပည္သူသိရွိရန္ အသိေပးေၾကညာခ်က္

အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာ၊ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနသည္ အရည္အေသြး စစ္မွန္ေကာင္းမြန္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းေသာ အစားအေသာက္မ်ားကို အမ်ား ျပည္သူတို႔ စားသုံးႏိုင္ရန္ စဥ္ဆက္မျပတ္ ေဆာင္႐ြက္လ်က္ ရွိပါသည္။

ေဈးကြက္မ်ားတြင္ ေရာင္းခ်လ်က္ရွိေသာ အစားအေသာက္မ်ားကို ေဈးမ်ား၊ ေက်ာင္းမုန႔္ ေဈးတန္းမ်ားမွ ဝယ္ယူစစ္ေဆးရာ ေအာက္ေဖာ္ျပပါအစားအေသာက္မ်ား၌ စားသုံးသူမ်ား၏ က်န္းမာေရးကို ထိခိုက္ေစႏိုင္ေသာ ခြင့္မျပဳ တာရွည္ခံ ဓာတုပစၥည္းမ်ား၊ ခြင့္မျပဳဆိုးေဆးမ်ား ပါဝင္မႈႏွင့္ ခြင့္ျပဳ အစားအေသာက္ထပ္ျဖည့္ ပစၥည္းမ်ားအား သတ္မွတ္ပမာဏထက္ ပိုမိုေက်ာ္လြန္ သုံးစြဲထားသည္တို႔ေၾကာင့္ အစားအေသာက္မ်ားကို ေရရွည္စားသုံးမိပါက အစာအိမ္၊ အသည္း၊ ေက်ာက္ကပ္မ်ား ပ်က္စီးႏိုင္ျခင္းႏွင့္ ကင္ဆာေရာဂါမ်ား ျဖစ္ပြားေစႏိုင္ပါသျဖင့္ ယခုေဖာ္ျပထား ေသာ အစားအေသာက္မ်ားကို ေနာက္ထပ္ေၾကညာခ်က္ ထုတ္ျပန္သည္အထိ စားသုံးျခင္း မျပဳရန္ အသိေပးအပ္ပါသည္။

 

အစားအေသာက္ထုတ္လုပ္၊ ျဖန႔္ျဖဴး၊ ေရာင္းခ်သူမ်ားသည္ အစားအေသာက္တြင္ သုံးစြဲရန္ ခြင့္မျပဳေသာ ဆိုးေဆးမ်ား၊ ခြင့္မျပဳတာရွည္ခံဓာတုပစၥည္းမ်ားကို လုံးဝအသုံးမျပဳရန္၊ ခြင့္ျပဳအစား အေသာက္ထပ္ျဖည့္ဓာတုပစၥည္းမ်ားကို သတ္မွတ္ပမာဏအတြင္းသာ အသုံးျပဳရန္ႏွင့္ လိုက္နာ
ေဆာင္႐ြက္ျခင္း မရွိပါက အမ်ိဳးသားအစားအေသာက္ဥပေဒ ပုဒ္မ၂၈(က)အရ အေရးယူမည္ ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Food and Drug Administration, Myanmar

{Unicode}

======

စားသုံးရန်မသင့်သော အစားအသောက်များ နှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာ၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများ ပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

 

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့် ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါအစားအသောက်များ၌ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြု တာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါဝင်မှုနှင့် ခွင့်ပြု အစားအသောက်ထပ်ဖြည့် ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန် သုံးစွဲထားသည်တို့ကြောင့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသဖြင့် ယခုဖော်ပြထား သော အစားအသောက်များကို နောက်ထပ်ကြေညာချက် ထုတ်ပြန်သည်အထိ စားသုံးခြင်း မပြုရန် အသိပေးအပ်ပါသည်။

 

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစား အသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာ
ဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ၂၈(က)အရ အရေးယူမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Read times
Rate this item
(0 votes)