ဖွိ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ ကျနော်တို့လူသားတွေဟာ နေ့စဉ်နဲ့အမျှ လေကောင်းလေသန့် ရဖို့ဆိုတာ မလွယ်ကူလှပပါဘူး။
နေ့စဉ်နဲ့ အမျှ အောက်ဆီဂျင် ကို အပြည့်အဝ မရနိုင်တာကြောင့် ကျနော်တို့ရဲ့ အသက်ရှုလမ်းကြောင်း နဲ့ အဆုတ်တွေမှာ အနည်းနဲ့ အများ အညစ်ကြေးများ ဖြစ်ဖော်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအညစ်အကြေးတွေကို သန့်စင်ဖို့အတွက် အစားအသောက်နဲ့လည်း တစ်ဖက်ကနေ့ ကုသလို့ ရပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ဟာဆိုရင် ရောဂါမျိုးစုံကို ကာကွယ်ပေးနိုင်တဲ့ အပြင် ဒီ ကြက်သွန်ဖြူ ဟာဆိုရင် သင့်ရဲ့ အဆုတ်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ တကယ်လို သင်ဟာ ဆေးလိပ်သောက်တတ်တဲ့ လူဆိုရင် ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းဓာတ်ကြောင့် ဖြစ်ပေါ်လာတဲ့ အညစ်ကြေးတွေကို သန့်စင်ဖို့အတွက် ကြက်သွန်ဖြူကို များများ စားသုံးပေးသင့်ပါတယ်။
ဂရိတ်ဖရုသီး
ဂရိတ်ဖရုသီး ၏ Cirtrus ဓာတ် တွင် ပါဝင်တဲ့ Antioxidant ဟာဆိုရင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်း အတွက် လိုအပ်တဲ့ အထောက်အကူတွေကို များစွာပေးပြီး သွေးလည်ပတ်အား ကောင်းစေပါတယ်။ ဒါ့အပြင် အသည်း ၊ ကျောက်ကပ် နဲ့ အဆုတ် များတွင် ရှိနေတတ်တဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။
ချင်း(ဂျင်း)
ချင်း(ဂျင်း) ဟာဆိုရင် ဘတ်တီးရီးယားပိုးမွှားတွေ နဲ့ ဗိုက်ရစ်ပိုးမွှားတွေကို ခုခံနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ဒါ့အပြင် ချင်း(ဂျင်း) ဟာဆိုရင် သွေး နှင့် အဆုတ်အတွင်း မှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ အဆုတ်အတွင်းမှာရှိတဲ့ ချွဲ နဲ့ သလိပ် (အချွဲကပ်ခြင်း ၊ သလိပ်ကပ်ခြင်း ၊ အသက်ရှုကြပ်ခြင်း ) တို့ကို လျော့ချပေးနိုင်ပါတယ်။
မုန်လာဥနီ
မုန်လာဥနီ ဟာမှာဆိုရင် အာဟာရဖြစ်စေတဲ့ ဗီတာမင် အေ ၊ ဘီ ၊ စီ နဲ့ သတ္တုဓာတ်များစွာပါဝင်ပါတယ်။ ဗီတာမင် အေ ဟာဆိုရင် ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ဆဲလ် နဲ့ တစ်သျှူး တွေကို ကောင်းမွန်စေပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို လျှော့ချပေးလို့ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တယ်။ မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ အသီး ဖြစ်တာကြောင့် အစိမ်းစားဖို့ လဲ မမေ့သင့်ပါဘူး။
Written By Aung Win
{Zawgyi}
======
အဆုတ်ကို သန့်စင်ပေးနိုင်တဲ့ အစားအသောက်များ
ကြက်သွန်ဖြူ
ဂရိတ်ဖရုသီး
မျက်စိ ပျက်စီးသူများအတွက် သတင်းကောင်း ဖတ်ရှုရန် နှိပ်ပါ
ချင်း(ဂျင်း)
မုန်လာဥနီ
Written By Aung Win