မျက်ဝန်းဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အနုနယ်ဆုံး အင်္ဂါရပ်ပါ။
ဒါကြောင့် သင့်ရဲ့ မျက်လုံးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မျက်လုံး ကျန်းမာရေးကို ထိန်းသိမ်းဖို့ စားသောက်သင့်တဲ့ အစားအသောက် ငါးမျိုးကို ဖော်ပြပေးပါရစေ။
ငါး
တော်တော်များများ မကြိုက်ကြတဲ့ ငါး ဆိုတဲ့ အစားအစာထဲမှာ မျက်စိအားကောင်းစေတဲ့ Omega 3 ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့်ပဲ ငါးစားခြင်းက လူတွေရဲ့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေတာပါ။
အစေ့အဆံ
အစေ့အဆံတွေကလည်း မျက်လုံးကျန်းမာရေးကို တစ်ထောင့်တစ်နေရာကနေ အားဖြည့်ကူညီပါတယ်။ သူတို့မှာ အဓိကအားဖြင့် Omega 3 နဲ့ Vitamin E တို့ ပါဝင်ပါတယ်။
ဥနီ
ပြောစရာမလိုလောက်အောင်ကို မျက်စိနဲ့ ပတ်သက်လာရင် ဆရာကျတဲ့ စားစရာတစ်ခုဖြစ်ပါတယ်။ မုန်လာဥနီမှာ Vitamin A နဲ့ Beta Carotene တို့ပါဝင်နေပါတယ်။ ကြွယ်ဝတဲ့ Vitamin A တွေက မျက်လုံးကို ကျန်းမာစေမှာပါ။
ဥမျိုးစုံ
ဥတွေမှာ ပါဝင်တဲ့ Lutein နဲ့ Zeaxanthin ကြောင့် အမြင်အာရုံ မှုန်ဝါးတာမျိုးကနေ ကင်းဝေးနိုင်ပါတယ်။ Vitamins C ၊ Vitamins E နဲ့ Zinc တို့လည်း ပါဝင်နေတဲ့ အစားအစာ အမျိုးအစားတစ်ခုပါ။
ရေ
ရေဓါတ်ခမ်းခြောက်ခြင်းကလည်း မျက်လုံးကို ထိခိုက်စေနိုင်တာဖြစ်လို့ ရေကိုလည်း ပုံမှန်သောက်သုံးဖို့ အကြံပြုချင်ပါတယ်။
မိတ်ဆွေတို့အားလုံးလည်း မျက်စိအပါအဝင် ကိုယ်ခန္ဓာတစ်ခုလုံး ရောဂါဝေဒနာ ကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Vision Care Eye Center
(Zawgyi)
======
မ်က္လုံးက်န္းမာေရးအတြက္ စားသုံးေပးရမယ့္ အစားအစာ 5 မ်ိဳး
မ်က္ဝန္းဆိုတာ လူ႔ခႏၶာကိုယ္ရဲ့ အႏုနယ္ဆုံး အဂၤါရပ္ပါ။ ဒါေၾကာင့္ သင့္ရဲ့ မ်က္လုံးကို ဂ႐ုစိုက္ဖို့ လိုအပ္ပါတယ္။
မ်က္လုံး က်န္းမာေရးကို ထိန္းသိမ္းဖို့ စားေသာက္သင့္တဲ့ အစားအေသာက္ ငါးမ်ိဳးကို ေဖာ္ျပေပးပါရေစ။
ငါး
ေတာ္ေတာ္မ်ားမ်ား မႀကိဳက္ၾကတဲ့ ငါး ဆိုတဲ့ အစားအစာထဲမွာ မ်က္စိအားေကာင္းေစတဲ့ Omega 3 ႂကြယ္ဝစြာ ပါဝင္ပါတယ္။ ဒါေၾကာင့္ပဲ ငါးစားျခင္းက လူေတြရဲ့ မ်က္လုံးက်န္းမာေရးကို ေကာင္းမြန္ေစတာပါ။
အေစ့အဆံ
အေစ့အဆံေတြကလည္း မ်က္လုံးက်န္းမာေရးကို တစ္ေထာင့္တစ္ေနရာကေန အားျဖည့္ကူညီပါတယ္။ သူတို့မွာ အဓိကအားျဖင့္ Omega 3 နဲ႔ Vitamin E တို့ ပါဝင္ပါတယ္။
ဥနီ
ေျပာစရာမလိုေလာက္ေအာင္ကို မ်က္စိနဲ႔ ပတ္သက္လာရင္ ဆရာက်တဲ့ စားစရာတစ္ခုျဖစ္ပါတယ္။ မုန္လာဥနီမွာ Vitamin A နဲ႔ Beta Carotene တို့ပါဝင္ေနပါတယ္။ ႂကြယ္ဝတဲ့ Vitamin A ေတြက မ်က္လုံးကို က်န္းမာေစမွာပါ။
ဥမ်ိဳးစုံ
ဥေတြမွာ ပါဝင္တဲ့ Lutein နဲ႔ Zeaxanthin ေၾကာင့္ အျမင္အာ႐ုံ မွုန္ဝါးတာမ်ိဳးကေန ကင္းေဝးနိုင္ပါတယ္။ Vitamins C ၊ Vitamins E နဲ႔ Zinc တို့လည္း ပါဝင္ေနတဲ့ အစားအစာ အမ်ိဳးအစားတစ္ခုပါ။
ေရ
ေရဓါတ္ခမ္းေျခာက္ျခင္းကလည္း မ်က္လုံးကို ထိခိုက္ေစနိုင္တာျဖစ္လို့ ေရကိုလည္း ပုံမွန္ေသာက္သုံးဖို့ အႀကံျပဳခ်င္ပါတယ္။
မိတ္ေဆြတို့အားလုံးလည္း မ်က္စိအပါအဝင္ ကိုယ္ခႏၶာတစ္ခုလုံး ေရာဂါေဝဒနာ ကင္းေဝးနိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ရပါတယ္။
Vision Care Eye Center