What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 June 2019 17:31

ဓမ္မတာလာနေချိန်မှာ လုံးဝ မပြုလုပ်သင့်တဲ့ အရာများ

အမျိုးသမီးတိုင်း တလတခါ ခံစားနေကျဖြစ်တဲ့ ဓမ္မတာကိစ္စဟာ စိတ်ညစ်ညူးဖို့ ကောင်းတာ အမှန်ပါပဲ။

ဟော်မုန်းတွေ ပြောင်းလဲတဲ့ အတွက် ဓမ္မတာလာနေချိန်မှာ ရှောင်ကြဉ်ရမယ့် အရာတွေ ရှိနေပါတယ်။ ဒါကြောင့် ဓမ္မတာ လာနေချိန်မှာ လုံးဝမပြုလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ်။

 

ဒရာမာရုပ်ရှင် ကြည့်ခြင်း

ဓမ္မတာလာချိန်ဟာ ဘယ်သူမှ ဘာမှ မပြောရင်တောင် တယောက်တည်း ငိုချင်နေတာမျိုးကို မိန်းကလေးတိုင်း ကြုံဖူးမှာပါ။ အဲဒီအချိန်မှာ ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင်တွေကို ကြည့်ခြင်းက သင့်ကို ပိုပြီး ပင်ပန်းစေပါလိမ့်မယ်။ ဒါကြောင့် ဒရာမာရုပ်ရှင်တွေအစား ပျော်စရာကောင်းတဲ့ ရုပ်ရှင်လေးတွေ ကြည့်ပြီး အချိန်ဖြုန်းသင့်ပါတယ်။

Read More :  ကျောနာခြင်း၊ ခါးနာခြင်းအတွက် သမားရိုးကျနည်းလမ်းများ

ကျောနာခြင်း၊ ခါးနာခြင်းအတွက် သမားရိုးကျနည်းလမ်းများ

 

အရောင်းစွန်း လွယ်မယ့် အဝတ်အစား ဝတ်ခြင်း

ဓမ္မတာ အနည်းအများပေါ် မူတည်ပြီး အဝတ်အစားကို ဝတ်ဆင်သင့်ပါတယ်။ ထဘီဝတ်တာကတော့ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ မတော်တဆ စွန်းထင်းသွားခဲ့ရင်လည်း လှည့်ပြီး ဝတ်လို့ ရတာကြောင့် အရောင်ရင့်တဲ့ ထဘီတွေကို ဝတ်ဖို့ တိုက်တွန်းချင်ပါတယ်။

 

နို့ထွက်ပစ္စည်းများ စားသုံးခြင်း

ကယ်လ်စီယမ်ဟာ အရိုးအဆစ်တွေအတွက် ကောင်းမွန်ပေမယ့် နို့ထွက်ပစ္စည်းတွေကတော့ ဆန့်ကျင်ဖက်ပါပဲ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းကတော့ ဓမ္မတာကြောင့် ဖြစ်တဲ့ ကိုက်ခဲခြင်းတွေကို ပိုဖြစ်စေပါတယ်။

 

Pads 

ဓမ္မတာလာနေချိန်မှာ အရေးအကြီးဆုံးကတော့ Pads ပဲ ဖြစ်ပါတယ်။ လစဉ်သုံးပစ္စည်းကို ဓမ္မတာအနည်းအများနဲ့ လိုက်ပြီး မကြာခဏ လဲပေးဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ကျောင်းမှာပဲ ဖြစ်ဖြစ် Pads အပိုဆောင်သွားဖို့ မမေ့သင့်ပါဘူး။

 

Source :irrawaddy

Read times Last modified on Friday, 21 June 2019 17:37
Rate this item
(0 votes)