What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 February 2020 16:28

သားအိမ်ခေါင်းကင်ဆာ ဖြစ်ရခြင်းအကြောင်း

သားအိမ်ခေါင်းကင်ဆာဆိုတာ အမျိုးသမီးများအတွက်ကြောက်စရာ စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။

WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း) ရဲ့ ကြောညာချက်အရ အမျိုးသမီး ၈၀ ရာခိုင်နှုန်းမှာ သားအိမ်ခေါင်းကင်ဆာ ရောဂါနဲ့ ရင်ဆိုင်နေရပါတယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ရဲ့ အောက်ဖက်အဝတစ်လျှောက်ရှိ ဆဲလ်များ အလွန်အကျွံပွားများခြင်းက စတင်ဖြစ်ပွားခြင်းဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ပိုးများက HIV ဗိုင်းရက်စ် အမျိုးအစားကို ဖြစ်ပွားနိုင်မှု ၇၀ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရပါတယ်။

 

ဘာကြောင့်သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပေါ်စေပါသလဲ?

သားအိမ်ခေါင်းကင်ဆာက အမျိုးသမီးတွေ အများဆုံးဖြစ်ပွားသော ကင်ဆာတွေထဲကတစ်ခု ဖြစ်တဲ့အပြင် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတဲ့အကြောင်းအရာများက လိင်ဆက်ဆံဖက်များခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ HIV ပိုးရှိခြင်းကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ်။

 

သားအိမ်ခေါင်းကင်ဆာ လက္ခာဏများ

အမျိုးသမီးကိုယ်ကနေ မူမမှန်သွေးဆင်းခြင်း ၊ ဗိုက်အောင့်ခြင်း ၊ ဆီးစပ်နာခြင်း ၊ အသက်ရူမဝခြင်း၊ လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်း ၊အမျိုးသမီးများကိုယ်တွင် မူမမှန်သော အရည်များဆင်းတာ၊ ရင်ပူခြင်း၊ အစာမကြေခြင်း ၊ အသံဝင် အသံပြောင်းခြင်း ၊မကြာခဏ လေပွတာ ၊ ညဘက်ချွေးထွက်ခြင်း ၊ ရင်သားများပြောင်းလဲတာ ၊ ဆီးထဲသွေးပါတာ နှင့် ချောင်းဆိုးလျှင် သွေးပါခြင်း စတဲ့လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။

 

Dental (သွားနှင့် ခံတွင်း ဆေးခန်းသုံးပစ္စည်း ရောင်းချသော် ဆိုင်ပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Dental

ဘယ်အရာများက သားအိမ်ခေါင်းကင်ဆာကို ဖြစ်ပွားနိုင်သလဲ?

HIV ပိုးရှိခြင်း ၊ ကူးဆက်ခံရခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ဆေးလိပ်မှာပါတဲ့ ဆေးရွက်ကြီးက ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဓာတ်တုပစ္စည်းများ ပါရှိသောကြောင့် အမျိုးသမီးများ ဆေးလိပ်သောက်ခြင်းက သာအိမ်ခေါင်း ကင်ဆာကို အများဆုံးဖြစ်ပွားစေနိုင်ပါတယ်။ ခုခံအားကျဆင်းတာ ၊ အသီးအနှံစားသုံးမှုနည်းတာ နဲ့ အဝလွန်တာ ၊ ပဋိသန္ဓေတားပစ္စည်းများ ကာလကြာရှည်စွာသုံးစွဲတာ နှင့် ကလေးခဏခဏ မွေးခြင်း တို့က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို အများဆုံးဦးတည်နေပါတယ်။

 

သားအိမ်ခေါင်းကင်ဆာလျော့ချနည်း

ဆေးလိပ်သောက်ခြင်း မှ ရှောင်ကျဉ်ခြင်း ၊ သန္ဓေသား တားဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးတာ ၊ အသားဓာတ်အဆီဓာတ်ထက် အသီးအရွက်များကို များများစားသုံးတာ နဲ့ HIV ပိုးရှိမရှိ ၆လတစ်ကြိမ် သွေးစစ်ခြင်း ၊ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းခြင်း နှင့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ခြင်းကိုလျော့ချနိုင်တယ်။

 

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ?

အထက်က လက္ခဏာများ ဖြစ်ပေါ်နေလျှင် ဆရာဝန်ကို ပြသပြီး ဆရာဝန်မှ Pap test လို့ခေါ်တဲ့ သားအိမ်ခေါင်းချွဲမြှေးကို စစ်ဆေးမှုပြုလုပ်ခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို အတည်ပြုနိုင်မှာပါ။ သားအိမ်ခေါင်းကင်ဆာရှိကြောင်းအတည်ပြု ပြီးရင်ခွဲစိတ်ကုသခြင်းနည်း ၊ ဓာတ်ရောင်ခြည်သုံးကုသခြင်း နဲ့ ဆေးသွင်းကုသခြင်း တို့ဖြင့်ကုသနိုင်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====


 


 



 



 





 



 




Read times
Rate this item
(1 Vote)