What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 25 August 2022 15:24

ကင်ဆာဖြစ်စေနိုင်သော ကလေးပေါင်ဒါမှုန့် ၁၂ မျိုး ထုတ်လုပ်၊ တင်သွင်းမှု ရပ်ဆိုင်း

Baby Power တွင် ကျောက်ဂွမ်းစများ တွေ့ရှိခဲ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသည် Baby Power ထုတ်ကုန်များကို အန္တာရာယ်ရှိသော ထုတ်ကုန်အမှတ်တံဆိပ်ဖြင့် တင်သွင်းဖြန့်ဖြူးခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ စားသုံးသူကာကွယ်ရေး နှင့် Fraud Repression (CFF) မှ ဒါရိုတာဖြစ်သူ Phan Oun ဆိုသူသည် " ကလေးပေါင်ဒါအမှုန့် ၁၂ မျိုးတွင် ကလေးသူငယ်များနှင့် မွေးကင်းစကလေးငယ်များအတွက် အထူးအန္တရာယ်ဖြစ်စေသည့် 'ကျောက်ဂွမ်းစ' များပါဝင်ကြောင်း တွေ့ရှိခဲ့သည်" ဟုဆိုပါတယ်။

 

ဆက်လတ်ပြီး ကျောက်ဂွမ်းသည် နှစ်အတော်ကြာ ထိတွေ့မိပါက ကျန်းမာရေးအန္တရာယ်ဖြစ်ပြီး အစားအသောက်များတွင် မပါဝင်ရဘဲ ကျောက်ဂွမ်းရောဂါ၊ အဆုတ်ကင်ဆာနှင့် Mesothelioma ( အဆုပ်အပေါ်ယံဖြစ်တွင်ဖြစ်ပွားတက်သော ကင်ဆာတမျိုး) အပါအဝင် ရောဂါအမျိုးမျိုးနှင့် ဆက်စပ်နေကြောင်း ၎င်းက ပြောသည်။

 

ထို့အပြင် ထိုင်းနိုင်ငံမှာ ထုတ်လုပ်သော Pureen ကလေးပေါင်ဒါမှုန့် နှင့် မလေးရှာနိုင်ငံထုတ် L'affair Be Love တို့လည်းပါဝင်ကြောင်း CCF က အင်္ဂါနေ့တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ "CCF သည် ဩဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၅ ရက်အထိ စျေးကွက်မှ ထုတ်ကုန်အားလုံးကို ပြန်လည်သိမ်းဆည်းရန်နှင့် နိုင်ငံတကာတွင် ကျော်ကြားသော ပြင်ပဓာတ်ခွဲခန်းတွင် စမ်းသပ်ရန်အတွက် နမူနာများကို စုဆောင်းရန် CCF မှ ညွှန်ကြားထားသည်" ဟု ၎င်းက ဆိုသည်။

 

“ထိုင်းဘက်ကနေ ကမ္ဘောဒီးယားကို ပစ္စည်းတွေ ဝင်လာတဲ့ နယ်စပ်မှာ စစ်ဆေးရေးမှူးက စေ့စေ့စပ်စပ် လုပ်ပြီးတော့ ဈေးဆိုင်တွေနဲ့ အိမ်ကုန်စုံဆိုင်တွေကို အန္တာရယ်ရှိတဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးပြီး တွေ့ရှိရင် သိမ်းဆည်းမယ်” ဟု ၎င်းက ဆိုသည်။

viber1.jpg

Asbestos (ကျောက်ဂွမ်း) ဆိုတာဘာလဲ

Asbestos ကို မြန်မာလို ကျောက်ဂွမ်း (ကျောက်ဂွမ်းမျှင်) ဟု အဓိပ္ပာယ်ရပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တားမြစ်ထားတဲ့ ကျောက်ဂွမ်းကို မြန်မာအပါအဝင် ဖွံ့ဖြိုး ဆဲ နိုင်ငံအတော် များများ ကတော့ ခုထိ သုံးနေကြဆဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးများကြပါတယ်။ ကျောက်ဂွမ်း ရဲ့ Size က လူ့ဆံပင်မျှ၁ချောင်းထက် လွန်စွာ သေးငယ်လှပါတယ်။

 

Asbestos (ကျောက်ဂွမ်း) ရဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ?

Asbestos Exposure (Asbestos ထိတွေ့မှု) လို့ခေါ်ပါတယ်။ Asbestos Exposure တစ်ကြိမ်တစ်ခါက အန္တရာယ်မဖြစ်စေနိုင်ပေမယ့် အကြိမ်ရေများလာတဲ့ အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ကျောက်ဂွမ်းဟာ အသက်ရှုလမ်းကြောင်း၊ အဆုတ်၊ အစာအိမ်၊ ရင်ခေါင်းနဲ့ အဆုတ်မှာ ရောဂါဖြစ်ပွါးစေပြီး အဖြူရောင် ကျောက်ဂွမ်းက ရှားပါး ကင်ဆာတမျိုးကို ဖြစ်စေပါတယ်။

 

ဖြစ်ဖို့ခဲယဉ်းပြီး ကုသဖို့ ခက်ခဲတဲ့ Mesothelioma ကင်ဆာမျိုး ကို ဖြစ်စေတာပါ။ အပြာရောင်နဲ့ အညိုရောင်ကျောက်ဂွမ်း တွေကတော့ အဖြူရောင်ကျောက်ဂွမ်းနဲ့ ယှဉ်ရင် ပိုပါးပြီး ပိုဖြောင့်တဲ့ အမျှင်တွေ ရှိသလို ဒီအမျှင်တွေဟာ ပိုပြီးတိုတာမို့ အဆုပ်လမ်းကြောင်းထဲကို တန်းပြီး ဝင်သွားလို့ ရပြီး ကင်ဆာဖြစ်နိုင်ချေ ပိုရှိပါတယ်။ နောက်ရောဂါတမျိုးက ကျောက်ဂွမ်း asbestos ကိုရှုမိလို့ ဖြစ်ပွါးတဲ့ asbestosis လို့ခေါ်တဲ့ အဆုတ်ရောဂါ တမျိုးပါ။

 

ကျောက်ဂွမ်းအမျှင်တွေကို ရှုရှိုက်မိတဲ့အခါ အဆုတ်မှာရှိတဲ့ ဇီဝပစ္စည်းအစု တစ်သျှူးတွေနဲ့ ထိတွေ့ပြီး ကြာလာတဲ့အခါ အမာရွတ်တွေ လို ဖြစ်လာတတ်ပါတယ်။ အသက်ရှုရ ခက်ခဲစေပြီး မောဟိုက်လာတာ၊ အဆုပ်လေပြွန်တွေ ဆဲလ်တွေမှာ လေအိတ်ကလေးတွေရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိခိုက်စေပါတယ်။ ထုတ်လုပ် တင်သွင်းမှု ရပ်ဆိုင်းလိုက်သော ကလေးပေါင်ဒါမှုန့် ၁၂ မျိုး၏ နာမည် စာရင်းများ 

No photo description available.

 

Asbestos ကြောင့် သေစေနိုင်လား?

Asbestos ကို ရှုရှိုက်မိသူတွေမှာ ရောဂါဖြစ်ပွါးမှုဟာ ချက်ချင်း မသိသာတဲ့အတွက် ဂရုမစိုက်မိတာက များပါတယ်။ တကယ်တော့ တွေ့ရလေ့ရှိတဲ့ Asbestos ၆ မျိုးစလုံးကို ကာဆီနိုဂျင်လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ပစ္စည်း အဖြစ် သတ်မှတ်ထား တာပါ။ သူနဲ့ ထိတွေ့မှုရှိသူ သေဆုံးနှုံးဟာ တနှစ်ကို တသိန်းလောက် ရှိတယ်လို့ သတင်းထုတ်ပြန် ထားတဲ့ ILO အလုပ်သမားအဖွဲ့၊ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့၊ ဆေးသုတေသန အဖွဲ့တွေအပြင် နိုင်ငံပေါင်း ၅၀ ကျော်ကပါ သူ့ကို မသုံးစွဲဖို့ တားမြစ်ထား ပါတယ်။ တားမြစ်မှုတွေလုပ်တဲ့ နိုင်ငံတွေ ရှိသလို တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ခွင့်ပြု တဲ့ နိုင်ငံတွေလည်း ရှိပါတယ်။

 

Aung Win (Myanmar Health Products Guide)

Source:

Khmer Times

Environment, Health and Safety Myanmar - EHS Myanmar

viber.jpg

Read times
Rate this item
(0 votes)