What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 February 2020 12:45

သည်းခြေ ကျန်းမာအောင်ဂရုစိုက်နည်း

ခန္ဓာကိုယ်အစိတ်ပိုင်းများစွာရှိတဲ့ အထဲမှာသည်းခြေကလည်း အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ 

ဒါကြောင့်သည်းခြေ ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းများ ၊ အစားအသောက်များကလည်း အလွန်အရေးကြီးပါတယ်။

အဝလွန်ခြင်း

အဝလွန်ခြင်းကလည်း သည်းခြေကျောက်တည်ခြင်းကို ဖြစ်ပွားနိုင်မှု အများဆုံးဖြစ်တဲ့အပြင် သည်းခြေကြီးတာ ၊ ခါးနာတာ ၊သည်းခြေကောင်းမွန်စွာအလုပ်မလုပ်နိုင်တာ နဲ့ ကိုလတ်ထရို မြင့်တတ်တာတို့ကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် ကိုယ်အလေးချိန်ကို ပုံမှန်တိုင်းတာပြီး လျော့ချနိုင်ပါတယ်။

အသီးအရွက် များများစားခြင်း

အသီးအရွက်စားခြင်းက သည်းခြေအတွက်ကောင်းရုံသာမက ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်မှုအတွက်ပါ အလွန်ကောင်းမွန်ပါတယ်။ အသီးအရွက်များမှာ ပါရှိသော ဗီတာမင် C ၊ E တို့က သည်းခြေကျောက်တည်ခြင်းမှ ကာကွယ်နိုင်ပါသလို အသီးအရွက်များတွင် ရေဓာတ် ၊ အမျှင်အတက် များပါရှိတဲ့အတွက် ခန္ဓာကိုယ် အလေးချိန်ကိုပါ ထိန်းသိမ်းနိုင်ပါတယ်။

Medical  (ဆေးပစ္စည်း ကိရိယာ ရောင်းချသော ဆိုင်ပေါင်း ၃၂၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Medical

အကြော်အလှော်များ လျော့စားခြင်း

ကြော်လှောင်ထားသော အစားအစာများက အဆီဓာတ်ကို ဖျက်စီးနိုင်ရန် ခက်ခဲတဲ့အပြင် သည်းခြေအလုပ်လုပ်ခြင်းကိုပါ ထိခိုက်နိုင်ပြီး သွေးထဲရှိ ကိုလတ်စထရောများတိုးလာခြင်း နှင့် အဆီဓာတ်တိုးခြင်းတာတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဆီနဲ့ကြော်လှောင်ထားသော အကြော်အလှောင်များကို တစ်ပတ်တွင် လေးကြိမ် စားသုံးခြင်းက ခန္ဓာကိုယ်အလေးချိန် ၃၇ ရာခိုင်နှုန်းပိုတိုးလာစေခြင်းကြောင့် သည်းခြေကျောက်တည်ခြင်းကို အများဆုံးဖြစ်ပွားစေနိုင်ပါတယ်။

ရေများများသောက်ခြင်း

တစ်နေ့ကိုရေအနည်းဆုံး ၁ လီတာ သောက်သုံးပေးခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်သော ရေဓာတ် ၊ သည်းခြေပျက်စီးခြင်း ၊ နူတ်ခမ်းနှင့် အသားအရေခြောက်သွေ့မှု ဖြစ်ပေါ်ခြင်းများကိုလည်းလျာ့ချနိုင်ပါတယ်။ ဒါအပြင် ရေများများသောက်ပေးခြင်းက ကယ်လိုရီ နဲ့ သကြားဓာတ်များခြင်းကို လည်းလျော့ချနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း

လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက သည်းခြေကျောက်တည်တာ ၊ ကယ်လိုရီများလျော့ချတာ နဲ့ စိတ်ရွှင်လန်းခြင်းတိုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက သည်းခြေကျောက်တည်ခြင်း ရောဂါကို ၂၅ ရာခိုင်နှုန်းလျော့ချနိုင်ပါတယ်။ တစ်ပတ်ကို ၅ရက်၊ တစ်ရက်ကို ၃၀မိနစ် နှုန်းဖြင့်လေ့ကျင့် ခန်းများ ပြုလုပ်ပါ။

အသား ၊ ထောပတ် နဲ့ ဒိန်ခဲများ လျော့စားခြင်း

အသား ၊ ထောပတ် နဲ့ဒိန်ခဲများတွင် ပါရှိသောအဆီဓာတ်များက ကိုလက်စထရော မြင့်တတ်ခြင်း ၊ သည်းခြေပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထောပတ် နဲ့ အဆီ များများစားခြင်းအစား အသီးအရွက် နှင့် နို့ပါဝင်သော အစားအသောက်များကို ရွေးချယ်စားသောက်ခြင်းဖြင့်လည်း သည်းခြေကျောက်တည်ခြင်း ကိုလျော့ချနိုင်ပါတယ်။

Written By Health Products Directory

(Zawgyi)

=====

 



အ၀လွန်ခြင်း















Read times
Rate this item
(0 votes)