What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 February 2020 09:43

လေဖြတ်ခြင်းမှ လျော့ချနည်း

လေဖြတ်ခြင်းက လူ့ဘဝကိုအဓိပ္ပာယ်မဲ့မှုများ ဖြစ်ပေါ်စေနိုင်တဲ့အပြင် ရှင်လျှက်နဲ့ သေသူဖြစ်နေရတဲ့ ဝေဒနာတစ်ခုလည်းဖြစ်ပါတယ်။

လေဖြတ်တယ်ဆိုတာ ဦးနှောက်အစိတ်အပိုင်း တစ်ချို့စီသို့ သွေးလည်ပတ်စီးဆင်းမှု ပြတ်တောက်တာ ၊လျော့နည်းတာကြောင့် တစ်သျှူးများစီ အာဟာရ ၊ အောက်စီဂျင် မရောက်ရှိနိုင်ဘဲ ဦးနှောက်ဆဲလ်များသေဆုံးခြင်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။

 

လေဖြတ်ခြင်း လက္ခဏာများ

စကားပြောရန်ခက်ခဲတာ ၊ မပီသတာ၊ ခန္ဓာကိုယ် တစ်ဖက်ဖက် နဲ့ ခြေလက်များ အားနည်းလာတာ၊ အမြင်အာရုံဝါးလာတာ ၊ ခေါင်းအလွန်ကိုက်တာ ၊ မူးဝေတာ ၊ လမ်းလျှောက်ရန်ခက်ခဲတာ ၊ ဆီးဝမ်းပြဿနာဖြစ်ပေါ်တာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်တာ၊ ခြေလက်များထုံကျင်တာ ၊ မှတ်ဉာဏ်ချို့ယွင်းလာတာ ၊ သတိလစ်မေ့မြောတာ၊ မျက်နှာကြွက်သားများ ပုံပျက်လာတာ နဲ့ လျှာ လှုပ်ရှားရန် ခက်ခဲလာတာ စတဲ့လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Optical/Optometry  (မျက်စိ စမ်းသပ် ပစ္စည်း ကိရိယာ ရောင်းချသော ဆိုင်ပေါင်း ၃၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Optical/Optometry

လေဖြတ်ခြင်းမဖြစ်ပွားအောင် ဆောင်ရန် ရှောင်ရန်များ

ဆေးလိပ် ၊ အရက်များ သောက်ခြင်းမှ ရှောင်ကျဉ်တာ ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးတာ ၊ သွေးတိုး နဲ့ သွေးချို ဆီးချို ရောဂါ မဖြစ်အောင်နေထိုင် စားသောက်တာ ၊ အဆီများလျော့စားတာ ၊ အသီးအရွက်များများစားပေးတာ နဲ့ အိပ်စက်ချိန်များတွင် ခန္ဓာကိုယ်နွေးအောင်ဝတ်ဆင်ထားပြီး အိပ်စက်တာ များပြုလုပ်ပေးခြင်းဖြင့် လေဖြတ်ခြင်း မဖြစ်ပွားရလေအောင် နေထိုင်နိုင်ပါတယ်။ ဒါအပြင် လေဖြတ်နိုင်ချေရှိမရှိစစ်ဆေးတာ ၊ လေမဖြတ်ခင် ရှေ့ပြေးလက္ခဏာများဖြစ်ဖြစ်ခြင်း ကုသမှုခံယူတာ ၊ နှလုံးခုန်နှုန်းမှန်မမှန်စစ်ဆေးတာ နဲ့ အာရုံကြောဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ပေးခြင်းဖြင့် လေဖြတ်ခြင်းမှ လျော့ချနိုင်ပါတယ်။

 

လေဖြတ်ခြင်းမှကုသနည်း

လေဖြတ်ခြင်းကို ဖြစ်ဖြစ်ခြင်း ၄ရက်အတွင်း Asprin ပေးပြီး TPA - သွေးခဲမှုကို ပျော်ဝင်တဲ့ဆေးကို ထိုးပေးတာ ၊ သွေးတိုးကျ ၊ သွေးတိုးတက်ခြင်းကိုသက်သာစေတဲ့ ဆေးများထိုးတာ ၊ warfarin ၊ Clopidogrel စတဲ့ ဆေးကျဲဆေးများထိုးပေးတာ၊ ကိုယ်ကာယ လေ့ကျင့်ခန်းများပြုလုပ်ပေးတာ ၊ ဝေဒနာရှင်ရဲ့စိတ်ပိုင်းဆိုင်ရာ မြင့်မားအောင် ကူညီပေးတာ ၊ လေဖြတ်ရတဲ့အကြောင်းမှ စတင်ကုသတာ နဲ့ ဆေးဝါးများကို ကျွမ်းကျင်ဆရာဝန်များရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာကုသမှု ခံယူပါ။

Written By Health Products Directory


(Zawgyi)

=====

ေလျဖတ္ျခင္းမွ ေလ်ာ့ခ်နည္း

ေလျဖတ္ျခင္းက လူ႕ဘ၀ကိုအဓိပၸာယ္မဲ့မႈမ်ား ျဖစ္ေပၚေစႏိုင္တဲ့အျပင္ ရွင္လွ်က္နဲ႔ ေသသူျဖစ္ေနရတဲ့ ေ၀ဒနာတစ္ခုလည္းျဖစ္ပါတယ္။ ေလျဖတ္တယ္ဆိုတာ ဦးေႏွာက္အစိတ္အပိုင္း တစ္ခိ်ဳ႔စီသို႔ ေသြးလည္ပတ္စီးဆင္းမႈ ျပတ္ေတာက္တာ ၊ေလ်ာ့နည္းတာေၾကာင့္ တစ္သွ်ဴးမ်ားစီ အာဟာရ ၊ ေအာက္စီဂ်င္ မေရာက္ရွိႏိုင္ဘဲ ဦးေႏွာက္ဆဲလ္မ်ားေသဆံုးျခင္းေၾကာင့္ ျဖစ္ေပၚရျခင္း ျဖစ္ပါတယ္။

 

ေလျဖတ္ျခင္း လကၡဏာမ်ား

စကားေျပာရန္ခက္ခဲတာ ၊ မပီသတာ၊ ခႏၶာကိုယ္ တစ္ဖက္ဖက္ နဲ႔ ေျခလက္မ်ား အားနည္းလာတာ၊ အျမင္အာရံု၀ါးလာတာ ၊ ေခါင္းအလြန္ကိုက္တာ ၊ မူးေ၀တာ ၊ လမ္းေလွ်ာက္ရန္ခက္ခဲတာ ၊ ဆီး၀မ္းျပႆနာျဖစ္ေပၚတာ၊ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈျဖစ္တာ၊ ေျခလက္မ်ားထံုက်င္တာ ၊ မွတ္ဥာဏ္ခ်ိဳ႔ယြင္းလာတာ ၊ သတိလစ္ေမ့ေျမာတာ၊ မ်က္ႏွာၾကြက္သားမ်ား ပံုပ်က္လာတာ နဲ႔ လွ်ာ လႈပ္ရွားရန္ ခက္ခဲလာတာ စတဲ့လကၡဏာမ်ား ျဖစ္ေပၚေစႏိုင္ပါတယ္။

 

Optical/Optometry  (မ်က္စိ စမ္းသပ္ ပစၥည္း ကိရိယာ ေရာင္းခ်ေသာ ဆိုင္ေပါင္း ၃၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Optical/Optometry

 

ေလျဖတ္ျခင္းမျဖစ္ပြားေအာင္ ေဆာင္ရန္ ေရွာင္ရန္မ်ား

ေဆးလိပ္ ၊ အရက္မ်ား ေသာက္ျခင္းမွ ေရွာင္က်ဥ္တာ ၊ ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ေပးတာ ၊ ေသြးတိုး နဲ႔ ေသြးခ်ိဳ ဆီးခ်ိဳ ေရာဂါ မျဖစ္ေအာင္ေနထိုင္ စားေသာက္တာ ၊ အဆီမ်ားေလ်ာ့စားတာ ၊ အသီးအရြက္မ်ားမ်ားစားေပးတာ နဲ႔ အိပ္စက္ခ်ိန္မ်ားတြင္ ခႏၶာကိုယ္ေႏြးေအာင္၀တ္ဆင္ထားၿပီး အိပ္စက္တာ မ်ားျပဳလုပ္ေပးျခင္းျဖင့္ ေလျဖတ္ျခင္း မျဖစ္ပြားရေလေအာင္ ေနထိုင္ႏိုင္ပါတယ္။ ဒါအျပင္ ေလျဖတ္ႏိုင္ေခ်ရွိမရွိစစ္ေဆးတာ ၊ ေလမျဖတ္ခင္ ေရွ႕ေျပးလကၡဏာမ်ားျဖစ္ျဖစ္ျခင္း ကုသမႈခံယူတာ ၊ ႏွလံုးခုန္ႏႈန္းမွန္မမွန္စစ္ေဆးတာ နဲ႔ အာရံုေၾကာဆိုင္ရာ စစ္ေဆးမႈမ်ားျပဳလုပ္ေပးျခင္းျဖင့္ ေလျဖတ္ျခင္းမွ ေလ်ာ့ခ်ႏိုင္ပါတယ္။

 

ေလျဖတ္ျခင္းမွကုသနည္း

ေလျဖတ္ျခင္းကို ျဖစ္ျဖစ္ျခင္း ၄ရက္အတြင္း Asprin ေပးၿပီး TPA - ေသြးခဲမႈကို ေပ်ာ္၀င္တဲ့ေဆးကို ထိုးေပးတာ ၊ ေသြးတိုးက် ၊ ေသြးတိုးတက္ျခင္းကိုသက္သာေစတဲ့ ေဆးမ်ားထိုးတာ ၊ warfarin ၊ Clopidogrel စတဲ့ ေဆးက်ဲေဆးမ်ားထိုးေပးတာ၊ ကိုယ္ကာယ ေလ့က်င့္ခန္းမ်ားျပဳလုပ္ေပးတာ ၊ ေ၀ဒနာရွင္ရဲ႔စိတ္ပိုင္းဆိုင္ရာ ျမင့္မားေအာင္ ကူညီေပးတာ ၊ ေလျဖတ္ရတဲ့အေၾကာင္းမွ စတင္ကုသတာ နဲ႕ ေဆး၀ါးမ်ားကို ကၽြမ္းက်င္ဆရာ၀န္မ်ားရဲ႔ လမ္းညႊန္ခ်က္အတိုင္း လိုက္နာကုသမႈ ခံယူပါ။

Written By Health Products Directory

Read times
Rate this item
(0 votes)