What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 22 July 2019 17:01

ေလျဖတ္ထားေသာ လူနာမ်ားအတြက္ အိမ္တြင္းေလ့က်င့္ခန္းမ်ား

ေလျဖတ္လူနာမ်ားအတြက္ အိမ္မွာပင္္ လြယ္ကူစြာလုပ္ေဆာင္ေပးႏိုင္ရန္ ေျခေထာက္ေလ့က်င့္ခန္းမ်ားပဲျဖစ္ပါတယ္။

ယခုေလ့က်င့္ခန္းမ်ားကိုေတာ့ ေဝဒနာ႐ွင္အားအိပ္ရာေပၚတြင္ပက္လက္အိပ္ေစ၍ ေဘးမွျပဳစုကူညီေပးသူ (care giver) မွ အဓိက လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္။ ေဝဒနာ႐ွင္ကိုယ္တိုင္ ျပဳလုပ္ႏိုင္တဲ့ ေျခေထာက္ေလ့က်င့္ခန္းမ်ားကို Video ႏွင့္ တကြ ေဖာ္ျပေပးလိုက္ပါတယ္။

 

အဆင့္ (၁)

လူနာ၏ေျခေထာက္ကို ထိန္းကိုင္ၿပီးတျဖည္းျဖည္းေျခေထာက္ေျမႇာက္၍ ဒူးေခါင္းကိုေကြးႏိုင္သေလာက္ေကြးေပးရန္

 

အဆင့္ (၂)

ေျခေထာက္ကို ဆန္႔လ်က္အေနအထားအတိုင္း ထိန္းကိုင္၍ ေဘးဘက္သို႔ အနည္းငယ္ကားထုတ္ေပးၿပီး စကၠန္႔ ၂၀ ခန္႔ထိန္းထားေပးရန္

 

အဆင့္ (၃)

ေျခေထာက္ကို ၉၀ဒီကရီအေနအထားအတိုင္းထိန္းကိုင္ၿပီး ၎အေနအထားျဖင့္ဒူးေခါင္းမွစ၍ ေျခေအာက္ပိုင္းတေလ်ာက္ကို ေဘးဘယ္ညာသို႔ တလွည့္စီလွည့္ေပးရန္ (တစ္ဘက္ကို စကၠန္႔ ၂၀စီထိန္းေပးထားရန္)

 

အဆင့္ (၄)

၉၀ဒီကရီအေနအထားျဖင့္ ေျခေထာက္ေအာက္ပိုင္းကို အေပၚဘက္သို႔ဆန္႔ႏိုင္သမ်ွဆန္႔ၿပီး စကၠန္႔ ၂၀ ထိန္းထားေပးရန္

 

အဆင့္(၅)

ေျခက်င္းဝတ္အတြက္ေလ့က်င့္ရန္မွာ လူနာေျခဆန္႔လ်က္အေနအထားတြင္ ဒူးေနရာႏွင့္ေျခဖဝါးေနရာမ်ားမွထိန္းကိုင္ေပးၿပီး ေျခဖဝါးေနရာမွမိမိလက္ဖ်ံ၏အားျဖင့္ လူနာကိုေျခဖဝါးေကာ့တက္ေစရန္ျဖည္းျဖည္းတြန္းေပးၿပီး စကၠန္႔ ၂၀ခန္႔ထိန္းထားေပးရန္

 

အဆင့္ (၆)

ေျခဖမိုးမွထိန္းကိုင္၍ ေျခေခ်ာင္းတစ္ေခ်ာင္းခ်င္းစီကို ေ႐ွ႕ေနာက္တလွည့္စီတြန္းေပး၊ ေကာ့ေပးရန္

 

ေဖာ္ျပပါေလ့က်င့္ခန္းမ်ားကို လူနာခံႏိုင္ရည္႐ွိသလို တစ္ေန႔ကို ႏွစ္ႀကိမ္သံုးႀကိမ္ခန္႔ျပဳလုပ္ေပးလို႔ရပါတယ္။ ေလ့က်င့္ခန္းလုပ္ေနစဥ္ မိမိဘက္မွအားအလြန္ထည့္ၿပီးေကြးဆန္႔ျခင္းမ်ိဳးမလုပ္သင့္ပါ။ လူနာခံႏိုင္ရည္႐ွိမ႐ွိ အျမဲသတိျပဳၿပီး တစ္ဆင့္ၿပီးတစ္ဆင့္ တစ္ႀကိမ္ၿပီးတစ္ႀကိမ္ကို ေျဖးညင္းစြာျဖင့္သာ စတင္ျပဳလုပ္ေပးရပါမယ္။စစခ်င္းျပဳလုပ္ခ်ိန္မွာအေၾကာမ်ားတင္းေတာင့္ေနျခင္းေၾကာင့္အခက္အခဲမ်ား႐ွိႏိုင္ေသာ္လည္း အခ်ိန္ယူၿပီးတျဖည္းျဖည္းခ်င္းဇြဲ႐ွိ႐ွိျပဳလုပ္ေပးရင္းတိုးတက္မႈမ်ားရ႐ွိလာမွာျဖစ္ပါတယ္ေနာ္။

အားနည္းသြားတဲ့ႂကြက္သားေနရာႏွင့္ပမာဏမ်ားမွာတစ္ဦးႏွင့္တစ္ဦး မတူညီတတ္တာမို႔ ယခုထက္ပို၍ျပည့္စံုေသာအေထာက္အကူျပဳကိရိယာမ်ားသံုး၍ေလ့က်င့္ျခင္းမ်ားကိုလည္း ျပဳလုပ္ႏိုင္ပါတယ္။

 

Asia Royal Hospital

 

 

{Unicode}

=======

လေဖြတ်လူနာများအတွက် အိမ်မှာပင် လွယ်ကူစွာလုပ်ဆောင်ပေးနိုင်ရန် ခြေထောက်လေ့ကျင့်ခန်းများပဲဖြစ်ပါတယ်။ ယခုလေ့ကျင့်ခန်းများကိုတော့ ဝေဒနာရှင်အားအိပ်ရာပေါ်တွင်ပက်လက်အိပ်စေ၍ ဘေးမှပြုစုကူညီပေးသူ (caregiver) မှ အဓိက လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ဝေဒနာရှင်ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ ခြေထောက်လေ့ကျင့်ခန်းများကို Video နှင့် တကွ ဖော်ပြပေးလိုက်ပါတယ်။


အဆင့် (၁)

လူနာ၏ခြေထောက်ကို ထိန်းကိုင်ပြီးတဖြည်းဖြည်းခြေထောက်မြှောက်၍ ဒူးခေါင်းကိုကွေးနိုင်သလောက်ကွေးပေးရန်

အဆင့် (၂)

ခြေထောက်ကို ဆန့်လျက်အနေအထားအတိုင်း ထိန်းကိုင်၍ ဘေးဘက်သို့ အနည်းငယ်ကားထုတ်ပေးပြီး စက္ကန့် ၂၀ ခန့်ထိန်းထားပေးရန်

အဆင့် (၃)

ခြေထောက်ကို ၉၀ဒီကရီအနေအထားအတိုင်းထိန်းကိုင်ပြီး ၎င်းအနေအထားဖြင့်ဒူးခေါင်းမှစ၍ ခြေအောက်ပိုင်းတလျောက်ကို ဘေးဘယ်ညာသို့ တလှည့်စီလှည့်ပေးရန် (တစ်ဘက်ကို စက္ကန့် ၂၀စီထိန်းပေးထားရန်)

အဆင့် (၄)

၉၀ဒီကရီအနေအထားဖြင့် ခြေထောက်အောက်ပိုင်းကို အပေါ်ဘက်သို့ဆန့်နိုင်သမျှဆန့်ပြီး စက္ကန့် ၂၀ ထိန်းထားပေးရန်


အဆင့်(၅)

ခြေကျင်းဝတ်အတွက်လေ့ကျင့်ရန်မှာ လူနာခြေဆန့်လျက်အနေအထားတွင် ဒူးနေရာနှင့်ခြေဖဝါးနေရာများမှထိန်းကိုင်ပေးပြီး ခြေဖဝါးနေရာမှမိမိလက်ဖျံ၏အားဖြင့် လူနာကိုခြေဖဝါးကော့တက်စေရန်ဖြည်းဖြည်းတွန်းပေးပြီး စက္ကန့် ၂၀ခန့်ထိန်းထားပေးရန်


အဆင့် (၆)

ခြေဖမိုးမှထိန်းကိုင်၍ ခြေချောင်းတစ်ချောင်းချင်းစီကို ရှေ့နောက်တလှည့်စီတွန်းပေး၊ ကော့ပေးရန်
ဖော်ပြပါလေ့ကျင့်ခန်းများကို လူနာခံနိုင်ရည်ရှိသလို တစ်နေ့ကို နှစ်ကြိမ်သုံးကြိမ်ခန့်ပြုလုပ်ပေးလို့ရပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် မိမိဘက်မှအားအလွန်ထည့်ပြီးကွေးဆန့်ခြင်းမျိုးမလုပ်သင့်ပါ။ လူနာခံနိုင်ရည်ရှိမရှိ အမြဲသတိပြုပြီး တစ်ဆင့်ပြီးတစ်ဆင့် တစ်ကြိမ်ပြီးတစ်ကြိမ်ကို ဖြေးညင်းစွာဖြင့်သာ စတင်ပြုလုပ်ပေးရပါမယ်။စစချင်းပြုလုပ်ချိန်မှာအကြောများတင်းတောင့်နေခြင်းကြောင့်အခက်အခဲများရှိနိုင်သော်လည်း အချိန်ယူပြီးတဖြည်းဖြည်းချင်းဇွဲရှိရှိပြုလုပ်ပေးရင်းတိုးတက်မှုများရရှိလာမှာဖြစ်ပါတယ်နော်။

အားနည်းသွားတဲ့ကြွက်သားနေရာနှင့်ပမာဏများမှာတစ်ဦးနှင့်တစ်ဦး မတူညီတတ်တာမို့ ယခုထက်ပို၍ပြည့်စုံသောအထောက်အကူပြုကိရိယာများသုံး၍လေ့ကျင့်ခြင်းများကိုလည်း ပြုလုပ်နိုင်ပါတယ်။

Asia Royal Hospital

Read times Last modified on Saturday, 28 December 2019 12:03
Rate this item
(4 votes)