What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 February 2020 14:25

ရင်ဘတ်အောင့်ခြင်းကြောင့် အသက်အန္တာရယ် ထိခိုက်ရခြင်း

ရင်ဘတ်အောင့်ခြင်းက အသက်အရွယ် ကျား၊ မ မေရွးဖြစ်ပေါ်တတ်ပါတယ်၊

ရင်ဘတ်အောင့်ခြင်းက ရုတ်တရက် ဖြစ်ပေါ်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အသက်အန္တာရယ်ကိုပါ ထိခိုက်နိုင်တဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ ရင်ဘတ်အောင့်ခြင်းက နှလုံးသွေးကြောကျဉ်းတာ ၊ နှလုံးရှိကြွက်သားများ ပျက်စီးတာ ၊ အဆုတ်ထိမှုရှိခြင်းကြောင့်လည်း ရင်ဘတ်အောင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တစ်ကယ်လို့ ရင်ဘတ်ရုတ်တရက် ထိုးအောင့်ခြင်းနဲ့ ရင်ဆိုင်နေရလျှင် နီးစပ်ရာဆေးရုံ ၊ ဆေးခန်းကို လျှင်မြန်စွာ သွားရောက်ကုသဖို့ လိုပါတယ်။

 

ရင်ဘတ်အောင့်ခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်း

အဆုတ်အမြေးဖုံးလေဝင်တာ ၊ အဆုတ်တွင်သွေးခဲတာ ၊ နှလုံးသွေးကြော ရုတ်တရက်ပိတ်ဆို့တာ၊ နံရိုးရောင်ရမ်းတာ ၊ နှလုံးအပြင်လွှာအောင့်တာ ၊ အစာလမ်းကြောင်းချို့ယွင်းတာ ၊ သည်းခြေအိတ် ၊ သရက်ရွက် ရောင်တာ ၊ အဆုတ်သွေးကြောပိတ်တာနဲ့ အဆုတ်သွေးတိုးခြင်းကလည်း ရင်ဘတ်အောင့်ခြင်းကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံ များသို့ လျှင်မြန်စွာသွားရောက် ကုသမှုခံယူပါ။

 

ရင်ဘတ်အောင့်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့လက္ခဏာများ

သတိလစ်တာ၊ အသက်ရှူကျပ်တာ ၊ မောပန်းတာ ၊ စကားပြောရန်ခက်ခဲပြီး ရင်ဘတ်နာကျင်တာ ၊ မူးဝေတာ၊ ပျို့အန်တာ၊ ချွေးစေးပြန်တာ ၊ လက်မောင်း၊ ပုခုံးများအောင့်တာ ၊ ရင်ဘတ်နားတစ်ဝှိုက်မကြာခဏ အောင့်တာ စတဲ့လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

Clinics (ဆေးကုခန်းပေါင်း ၁၀၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Clinics

 

ရင်ဘတ်အောင့်ရခြင်း အကြောင်းရင်းရှာဖွေ စမ်းသပ်နည်း

ECG ရိုက်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ဆို့ခြင်း ရှိမရှိစစ်ဆေးတာ ၊ သွေးစစ်တာ၊ ရင်ဘတ်ကို x- way ရိုက်တာ၊ CT-scan ရိုက်တာ၊ echocardiogram - အသံလှိုင်းများ အသုံးပြုစစ်ဆေးတာ၊ နှလုံး နဲ့ နှလုံးသွေးကြောများ အပေါ်ဖိအားပေးပြီး စမ်းသပ်တာ နဲ့ Nuclear Perfusion Scan များအသုံးပြုခြင်းဖြင့် ရင်ဘတ်အောင့်ရခြင်း အကြောင်းရင်းကို ရှာဖွေစမ်းသပ်မှုများ ပြုလုပ်နိုင်ပါတယ်။

 

ရင်ဘတ်အောင့်ခြင်းမှ လျော့ချနည်း

ဆေးလိပ် ၊အရက်သောက်ခြင်းမှာ ရှောင်ကျဉ်တာ ၊ အပူအစပ်အလွန်စားတာ ၊ အလွန်မောပန်းချိန်ချက်ခြင်း ရေသောက်တာ၊ အစားအစာကို လျှင်မြန်စွာ အလွန်အကျွံစားတာ၊ အဆီများများစားခြင်းမှ ရှောင်ကျဉ်တာ ၊ စိတ်ဖိစီးမှုကို လျော့ချတာ ၊ ကျန်းမာရေးကောင်းမွန်စေသော အမျှင်ဓာတ်ပါဝင်သော အစားအစာများစားတာ ၊ ပေါ့ပါးသော ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာ နဲ့လတ်ဆက်သော အစိမ်းရောင်အရွက်များ စားပေးခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းကို လျော့ချကာကွယ်နိုင်ပါတယ်။

 

ရင်ဘတ်အောင့်ခြင်းမှ ကုသနည်း

ရင်ဘတ်အောင့်ရခြင်း အကြောင်းရင်းများကို စမ်းသပ်စစ်ဆေးကာ အတည်ပြုပြီး ဖြစ်ပေါ်ရတဲ့အကြောင်းရင်းမှ စတင်ကုသမှုများပြုလုပ်ရပါတယ်။ သွေးတိုးကြောင့်ဆိုရင် သွေးကျဲဆေး သောက်သုံးတာ၊ နှလုံးကြောင့်ဆိုရင် နှလုံးခုန်နှုန်းထိန်းဆေး သောက်သုံးတာ ၊ အစာအိမ်ကြောင့်ဆိုရင် အစာအိမ်အက်စစ်ဓာတ်ကို လျှော့ပေးတဲ့ဆေးသုံးတာ ၊စိတ်ပိုင်းဆိုင်ဆိုရင် စိတ်ငြိမ်ဆေးသုံးတာ ၊ သွေးစီးဆင်းမှုကိုထိန်းတဲ့ဆေး သောက်သုံးတာ နဲ့ အဆုတ်ထဲလေဝင်ခြင်းကြောင့်ဆိုရင် အဆုတ်ထဲပြွန်ထည့်သွင်းပေးတာ စတဲ့နည်းများကို ဆရာဝန်နှင့်ပြသ စစ်ဆေးပြီး ကုသမှုကိုခံယူပါ။

Written By Health Products Directory


(Zawgyi)

=====

ရင္ဘတ္ေအာင့္ျခင္းေၾကာင့္ အသက္အႏာၱရယ္ ထိခို္က္ရျခင္း

ရင္ဘတ္ေအာင့္ျခင္းက အသက္အရြယ္ က်ား၊ မ ေမရြးျဖစ္ေပၚတတ္ပါတယ္၊ ရင္ဘတ္ေအာင့္ျခင္းက ရုတ္တရက္ ျဖစ္ေပၚတတ္တဲ့ ေရာဂါတစ္ခုျဖစ္ၿပီး အသက္အႏၱာရယ္ကိုပါ ထိခုိက္ႏိုင္တဲ့အထိ ျဖစ္ေပၚႏိုင္ပါတယ္။ ရင္ဘတ္ေအာင့္ျခင္းက ႏွလံုးေသြးေၾကာက်ဥ္းတာ ၊ ႏွလံုးရွိၾကြက္သားမ်ား ပ်က္စီးတာ ၊ အဆုတ္ထိမႈရွိျခင္းေၾကာင့္လည္း ရင္ဘတ္ေအာင့္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။ တစ္ကယ္လို႔ ရင္ဘတ္ရုတ္တရက္ ထိုးေအာင့္ျခင္းနဲ့ ရင္ဆိုင္ေနရလွ်င္ နီးစပ္ရာေဆးရံု ၊ ေဆးခန္းကို လွ်င္ျမန္စြာ သြားေရာက္ကုသဖုိ႔ လုိပါတယ္။

 

ရင္ဘတ္ေအာင့္ျခင္းကို ျဖစ္ေပၚေစတဲ့အေၾကာင္းရင္း

အဆုတ္အေျမးဖံုးေလ၀င္တာ ၊ အဆုတ္တြင္ေသြးခဲတာ ၊ ႏွလံုးေသြးေၾကာ ရုတ္တရက္ပိတ္ဆို႔တာ၊ နံရိုးေရာင္ရမ္းတာ ၊ ႏွလံုးအျပင္လႊာေအာင့္တာ ၊ အစာလမ္းေၾကာင္းခ်ိဳ႔ယြင္းတာ ၊ သည္းေျခအိတ္ ၊ သရက္ရြက္ ေရာင္တာ ၊ အဆုတ္ေသြးေၾကာပိတ္တာနဲ႔ အဆုတ္ေသြးတိုးျခင္းကလည္း ရင္ဘတ္ေအာင့္ျခင္းကို ျဖစ္ေပၚေစႏိုင္တဲ့အတြက္ နီးစပ္ရာ ေဆးခန္း၊ ေဆးရံု မ်ားသို႔ လွ်င္ျမန္စြာသြားေရာက္ ကုသမႈခံယူပါ။

 

ရင္ဘတ္ေအာင့္ျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့လကၡဏာမ်ား

သတိလစ္တာ၊ အသက္ရွဴက်ပ္တာ ၊ ေမာပန္းတာ ၊ စကားေျပာရန္ခက္ခဲၿပီး ရင္ဘတ္နာက်င္တာ ၊ မူးေ၀တာ၊ ပ်ိဳ႕အန္တာ၊ ေခၽြးေစးျပန္တာ ၊ လက္ေမာင္း၊ ပုခံုးမ်ားေအာင့္တာ ၊ ရင္ဘတ္နားတစ္၀ိႈက္မၾကာခဏ ေအာင့္တာ စတဲ့လကၡဏာမ်ား ျဖစ္ေပၚေစႏိုင္ပါတယ္။

 

Clinics (ေဆးကုခန္းေပါင္း ၁၀၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Clinics

 

ရင္ဘတ္ေအာင့္ရျခင္း အေၾကာင္းရင္းရွာေဖြ စမ္းသပ္နည္း

ECG ရိုက္ျခင္းနဲ႔ ႏွလံုးေသြးေၾကာပိတ္ဆို႔ျခင္း ရွိမရွိစစ္ေဆးတာ ၊ ေသြးစစ္တာ၊ ရင္ဘတ္ကို x- way ရိုက္တာ၊ CT-scan ရိုက္တာ၊ echocardiogram - အသံလိႈင္းမ်ား အသံုးျပဳစစ္ေဆးတာ၊ ႏွလံုး နဲ႔ ႏွလုံးေသြးေၾကာမ်ား အေပၚဖိအားေပးၿပီး စမ္းသပ္တာ နဲ႔ Nuclear Perfusion Scan မ်ားအသံုးျပဳျခင္းျဖင့္ ရင္ဘတ္ေအာင့္ရျခင္း အေၾကာင္းရင္းကို ရွာေဖြစမ္းသပ္မႈမ်ား ျပဳလုပ္ႏုိင္ပါတယ္။

 

ရင္ဘတ္ေအာင့္ျခင္းမွ ေလ်ာ့ခ်နည္း

ေဆးလိပ္ ၊အရက္ေသာက္ျခင္းမွာ ေရွာင္က်ဥ္တာ ၊ အပူအစပ္အလြန္စားတာ ၊ အလြန္ေမာပန္းခ်ိန္ခ်က္ျခင္း ေရေသာက္တာ၊ အစားအစာကို လွ်င္ျမန္စြာ အလြန္အကၽြံစားတာ၊ အဆီမ်ားမ်ားစားျခင္းမွ ေရွာင္က်ဥ္တာ ၊ စိတ္ဖိစီးမႈကို ေလ်ာ့ခ်တာ ၊ က်န္းမာေရးေကာင္းမြန္ေစေသာ အမွ်င္ဓာတ္ပါ၀င္ေသာ အစားအစာမ်ားစားတာ ၊ ေပါ့ပါးေသာေလ့က်င့္ခန္းကို ပံုမွန္လုပ္ေပးတာ နဲ႕လတ္ဆက္ေသာ အစိမ္းေရာင္အရြက္မ်ား စားေပးျခင္းျဖင့္ ရင္ဘတ္ေအာင့္ျခင္းကို ေလ်ာ့ခ်ကာကြယ္ႏိုင္ပါတယ္။

 

ရင္ဘတ္ေအာင့္ျခင္းမွ ကုသနည္း

ရင္ဘတ္ေအာင့္ရျခင္း အေၾကာင္းရင္းမ်ားကို စမ္းသပ္စစ္ေဆးကာ အတည္ျပဳၿပီး ျဖစ္ေပၚရတဲ့အေၾကာင္းရင္းမွ စတင္ကုသမႈမ်ားျပဳလုပ္ရပါတယ္။ ေသြးတိုးေၾကာင့္ဆိုရင္ ေသြးက်ဲေဆး ေသာက္သံုးတာ၊ ႏွလံုးေၾကာင့္ဆိုရင္ ႏွလံုးခုန္ႏႈန္းထိန္းေဆး ေသာက္သံုးတာ ၊ အစာအိမ္ေၾကာင့္ဆိုရင္ အစာအိမ္အက္စစ္ဓာတ္ကို ေလွ်ာ့ေပးတဲ့ေဆးသံုးတာ ၊စိတ္ပိုင္းဆိုင္ဆိုရင္ စိတ္ျငိမ္ေဆးသံုးတာ ၊ ေသြးစီးဆင္းမႈကိုထိန္းတဲ့ေဆး ေသာက္သံုးတာ နဲ႔ အဆုတ္ထဲေလ၀င္ျခင္းေၾကာင့္ဆိုရင္ အဆုတ္ထဲျပြန္ထည့္သြင္းေပးတာ စတဲ့နည္းမ်ားကို ဆရာ၀န္ႏွင့္ျပသ စစ္ေဆးၿပီး ကုသမႈကိုခံယူပါ။ 

Written By Health Products Directory

Read times Last modified on Wednesday, 19 February 2020 14:39
Rate this item
(0 votes)