What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 February 2020 16:52

Dialysis - ကျောက်ကပ်ဆေးခြင်း ဆိုင်ရာ သိမှတ်ဖွယ်ရာများ အပိုင်း (၂)

Dialysis ကျောက်ကပ်ဆေးတာကို အလွယ်ပြောရမယ်ဆိုရင် ပျက်ဆီးသွားတဲ့ ကျောက်ကပ်တွေ အလုပ်လုပ်ဆောင်နိုင်ဖို့ သွေးထဲမှာ စုပုံလာတဲ့ အညစ်အကြေး တွေကို သန့်စင်အောင် ပြုလုပ်ပြီး ၊ ပိုလျှံလာတဲ့ ဆား နဲ့ ရေဓာတ်တွေကို ဖယ်ရှားပေးတာကို ကိုယ်စား လုပ်ဆောင်ပေးရတာဘဲ ဖြစ်ပါတယ်။

ကျောက်ကပ်ဆေးတာမှာ နည်းလမ်း ၂ မျိုးရှိပြီး တစ်မျိုးကတော့ Hemodialysis (HD) လို့ ခေါ်တဲ့ သွေးမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း နဲ့ Peritoneal dialysis (PD) လို့ခေါ်တဲ့ ဝမ်းဗိုက် အမြှေးပါးကိုအသုံးပြု၍ ကျောက်ကပ်ဆေးခြင်း စတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ 

 

အပိုင်း (၁) မှာ သွေးမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း (Haemodialysis/HD) နဲ့ ပတ်သက်ပြီး ဖော်ပြပေးခဲ့ပြီးဖြစ်တဲ့အတွက် မဖတ်ရသေးသူများအတွက် အောက်ပါလင့်ကို နိုပ်၍ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

>>>> (၁) သွေးမှတစ်ဆင့် ကျောက်ကပ်ဆေးခြင်း (Haemodialysis/HD) <<<<

 

(၂) ဝမ်းဗိုက်အမှေးပါးကိုအသုံးပြု၍ ကျောက်ကပ်ဆေးခြင်း (Peritoneal dialysis)

ဒီနည်းဟာ မြန်မာပြည်မှာ မတွင်ကျယ်သေးတဲ့အတွက် အများကြီးမပြောတော့ပါဘူး။ ခေါင်းပိုရှုပ်တာပဲ အဖတ်တင်မှာပါ။ Peritoneal dialysis (PD) လုပ်တော့မယ်ဆိုရင် ကြာရှည်ခံတဲ့ ပလတ်စတစ်ပိုက်ကို မိမိရဲ့ဝမ်းဗိုက်အခန်းထဲကို အပြင်ကနေ စိုက်ထားရပါတယ်။

 

ဒီပိုက်ဟာ အပျော့စားဖြစ်လို့ ကိုယ့်ဗိုက်ပေါ်မှာ ခွေထားပြီး အပေါ်ကအင်္ကျီနဲ့ ဖုံးလိုက်ရင် ဘယ်သူမှသတိမထားမိပါဘူး။ ကျောက်ကပ်ဆေးတဲ့အခါ ဒီပိုက်ကတစ်ဆင့် အပြင်ကနေ အချိုဓာတ်များတဲ့ dialysis solution အရေတမျိုးကို သွင်းပေးရပါတယ်။

 

ပုံမှန် ၂လီတာလောက်ကို သွင်းပြီး ဝမ်းဗိုက်အခန်းထဲမှာ ၄-၆ နာရီလောက် ထဲ့ထားရပါတယ်။ ဒီအရေတွေဟာ ဝမ်းဗိုက်အမှေးပါးကို ရေစစ်သဖွယ်ပြုပြီး သွေးထဲကအညစ်အကြေး၊ ပိုနေတဲ့ ရေဓာတ်တွေကို ဝမ်းဗိုက်ထဲကိုဆွဲသွင်းပါတယ်။ ပြီးတဲ့အခါမှာတော့ ဒီအညစ်အကြေးတွေနဲ့ရေတွေကို ဝမ်းဗိုက်ထဲကနေ ပိုက်ကနေတစ်ဆင့် အပြင်ကိုစွန့်ထုတ်ရပါတယ်။

 

ပြီးရင်တော့ နောက်တစ်ကြိမ် အရေအသစ်ပြန်လဲပေးပြီး နောက်တစ်ခါ အပေါ်ကနည်းအတိုင်း ဆေးရပါတယ်။ ဒီလိုအကြီမ်ပေါင်း တစ်နေ့ကို ၃-၄ ကြီမ်၊ တစ်ပတ်ကို ၇ရက်လုံးလုပ်ပေးရပါတယ်။ အရေဝမ်းဗိုက်ထဲကနေ အသွင်းအထုတ်လုပ်ပေးရတဲ့ အချိန်ပဲ ကိုယ်တိုင်လုပ်ပေးရပြီး ဝမ်းဗိုက်ထဲမှာထဲ့ထားတဲ့ အချိန်တွေမှာတော့ ပုံမှန်မိမိလုပ်စရာ ရှိတာလုပ်နေနိုင်ပါတယ်။ ကိုယ်တိုင်မလုပ်နိုင်ရင်တော့ ညအိပ်ချိန်မှာ စက်ကနေတစ်ဆင့် အရေအသွင်းအထုတ်လုပ်ပေးနိုင်ပါတယ်။

 

အိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့နည်းမို့ ကျောက်ကပ်ဆေးတဲ့နေရာကိုလဲ တကူးတကသွားစရာမလိုပါဘူး။ ငွေကုန်ကျေးကြလဲ ပိုသက်သာပါတယ်။ ဒီနည်းနဲ့ ကျောက်ကပ်ဆေးတာ နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ ဝမ်းဗိုက်အမှေးပါးအလုပ်မလုပ်တော့တာတော့ ဖြစ်တတ်ပါတယ်။

 

အဲ့ဒီအချိန်ကြရင်တော့ သွေးနဲ့ဆေးတဲ့စနစ်ကို ပြောင်းရပါတယ်။ ဝမ်းဗိုက်မှာစိုက်ထားတဲ့ပိုက်ကနေတစ်ဆင့် ပိုးဝင်တာဖြစ်နိုင်ပါတယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့ သူတွေမှာပိုဖြစ်တတ်ပါတယ်။

 

အချုပ်ပြောရရင်တော့ ဒီနည်း ၂မျိုးလုံးကကောင်းပါတယ်။ ကိုယ်နဲ့ ပိုပြီးသင့်တော်တာကို ကျောက်ကပ်သမားတော်နဲ့ တိုင်ပင်ပြီးရွေးချယ်ရမှာပါ။

ဒေါက်တာဇေထက်

 

(Zawgyi)

======

Dialysis - ေက်ာက္ကပ္ေဆးျခင္း ဆိုင္ရာ သိမွတ္ဖြယ္ရာမ်ား အပိုင္း (၂)

 

Dialysis ေက်ာက္ကပ္ေဆးတာကို အလြယ္ေျပာရမယ္ဆိုရင္ ပ်က္ဆီးသြားတဲ့ ေက်ာက္ကပ္ေတြ အလုပ္လုပ္ေဆာင္ႏိုင္ဖို႔ ေသြးထဲမွာ စုပုံလာတဲ့ အညစ္အေၾကး ေတြကို သန႔္စင္ေအာင္ ျပဳလုပ္ၿပီး ၊ ပိုလွ်ံလာတဲ့ ဆား နဲ႔ ေရဓာတ္ေတြကို ဖယ္ရွားေပးတာကို ကိုယ္စား လုပ္ေဆာင္ေပးရတာဘဲ ျဖစ္ပါတယ္။

 

ေက်ာက္ကပ္ေဆးတာမွာ နည္းလမ္း ၂ မ်ိဳးရွိၿပီး တစ္မ်ိဳးကေတာ့ Hemodialysis (HD) လို႔ ေခၚတဲ့ ေသြးမွတစ္ဆင့္ ေက်ာက္ကပ္ေဆးျခင္း နဲ႔ Peritoneal dialysis (PD) လို႔ေခၚတဲ့ ဝမ္းဗိုက္ အေျမႇးပါးကိုအသုံးျပဳ၍ ေက်ာက္ကပ္ေဆးျခင္း စတဲ့ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။

 

အပိုင္း (၁) မွာ ေသြးမွတစ္ဆင့္ ေက်ာက္ကပ္ေဆးျခင္း (Haemodialysis/HD) နဲ႔ ပတ္သက္ၿပီး ေဖာ္ျပေပးခဲ့ၿပီးျဖစ္တဲ့အတြက္ မဖတ္ရေသးသူမ်ားအတြက္ ေအာက္ပါလင့္ကို ႏိုပ္၍ ဝင္ေရာက္ဖတ္ရႈႏိုင္ပါတယ္။

>>>> (၁) ေသြးမွတစ္ဆင့္ ေက်ာက္ကပ္ေဆးျခင္း (Haemodialysis/HD) <<<<

 

(၂) ဝမ္းဗိုက္အေမွးပါးကိုအသုံးျပဳ၍ ေက်ာက္ကပ္ေဆးျခင္း (Peritoneal dialysis)

ဒီနည္းဟာ ျမန္မာျပည္မွာ မတြင္က်ယ္ေသးတဲ့အတြက္ အမ်ားႀကီးမေျပာေတာ့ပါဘူး။ ေခါင္းပိုရႈပ္တာပဲ အဖတ္တင္မွာပါ။ Peritoneal dialysis (PD) လုပ္ေတာ့မယ္ဆိုရင္ ၾကာရွည္ခံတဲ့ ပလတ္စတစ္ပိုက္ကို မိမိရဲ႕ဝမ္းဗိုက္အခန္းထဲကို အျပင္ကေန စိုက္ထားရပါတယ္။

 

ဒီပိုက္ဟာ အေပ်ာ့စားျဖစ္လို႔ ကိုယ့္ဗိုက္ေပၚမွာ ေခြထားၿပီး အေပၚကအက်ႌနဲ႔ ဖုံးလိုက္ရင္ ဘယ္သူမွသတိမထားမိပါဘူး။ ေက်ာက္ကပ္ေဆးတဲ့အခါ ဒီပိုက္ကတစ္ဆင့္ အျပင္ကေန အခ်ိဳဓာတ္မ်ားတဲ့ dialysis solution အေရတမ်ိဳးကို သြင္းေပးရပါတယ္။

 

ပုံမွန္ ၂လီတာေလာက္ကို သြင္းၿပီး ဝမ္းဗိုက္အခန္းထဲမွာ ၄-၆ နာရီေလာက္ ထဲ့ထားရပါတယ္။ ဒီအေရေတြဟာ ဝမ္းဗိုက္အေမွးပါးကို ေရစစ္သဖြယ္ျပဳၿပီး ေသြးထဲကအညစ္အေၾကး၊ ပိုေနတဲ့ ေရဓာတ္ေတြကို ဝမ္းဗိုက္ထဲကိုဆြဲသြင္းပါတယ္။ ၿပီးတဲ့အခါမွာေတာ့ ဒီအညစ္အေၾကးေတြနဲ႔ေရေတြကို ဝမ္းဗိုက္ထဲကေန ပိုက္ကေနတစ္ဆင့္ အျပင္ကိုစြန႔္ထုတ္ရပါတယ္။

 

ၿပီးရင္ေတာ့ ေနာက္တစ္ႀကိမ္ အေရအသစ္ျပန္လဲေပးၿပီး ေနာက္တစ္ခါ အေပၚကနည္းအတိုင္း ေဆးရပါတယ္။ ဒီလိုအႀကီမ္ေပါင္း တစ္ေန႔ကို ၃-၄ ႀကီမ္၊ တစ္ပတ္ကို ၇ရက္လုံးလုပ္ေပးရပါတယ္။ အေရဝမ္းဗိုက္ထဲကေန အသြင္းအထုတ္လုပ္ေပးရတဲ့ အခ်ိန္ပဲ ကိုယ္တိုင္လုပ္ေပးရၿပီး ဝမ္းဗိုက္ထဲမွာထဲ့ထားတဲ့ အခ်ိန္ေတြမွာေတာ့ ပုံမွန္မိမိလုပ္စရာ ရွိတာလုပ္ေနႏိုင္ပါတယ္။ ကိုယ္တိုင္မလုပ္ႏိုင္ရင္ေတာ့ ညအိပ္ခ်ိန္မွာ စက္ကေနတစ္ဆင့္ အေရအသြင္းအထုတ္လုပ္ေပးႏိုင္ပါတယ္။

 

အိမ္မွာကိုယ္တိုင္လုပ္ႏိုင္တဲ့နည္းမို႔ ေက်ာက္ကပ္ေဆးတဲ့ေနရာကိုလဲ တကူးတကသြားစရာမလိုပါဘူး။ ေငြကုန္ေက်းၾကလဲ ပိုသက္သာပါတယ္။ ဒီနည္းနဲ႔ ေက်ာက္ကပ္ေဆးတာ ႏွစ္ေပါင္းမ်ားစြာၾကာလာတဲ့အခါမွာေတာ့ ဝမ္းဗိုက္အေမွးပါးအလုပ္မလုပ္ေတာ့တာေတာ့ ျဖစ္တတ္ပါတယ္။

 

အဲ့ဒီအခ်ိန္ၾကရင္ေတာ့ ေသြးနဲ႔ေဆးတဲ့စနစ္ကို ေျပာင္းရပါတယ္။ ဝမ္းဗိုက္မွာစိုက္ထားတဲ့ပိုက္ကေနတစ္ဆင့္ ပိုးဝင္တာျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ တကိုယ္ရည္သန႔္ရွင္းမႈ အားနည္းတဲ့ သူေတြမွာပိုျဖစ္တတ္ပါတယ္။

 

အခ်ဳပ္ေျပာရရင္ေတာ့ ဒီနည္း ၂မ်ိဳးလုံးကေကာင္းပါတယ္။ ကိုယ္နဲ႔ ပိုၿပီးသင့္ေတာ္တာကို ေက်ာက္ကပ္သမားေတာ္နဲ႔ တိုင္ပင္ၿပီးေ႐ြးခ်ယ္ရမွာပါ။

ေဒါက္တာေဇထက္

Read times
Rate this item
(0 votes)