What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 July 2017 15:26

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုးဆက်များ

အိပ်ချိန် နောက်ကျခြင်း၏ ဆိုးရွားသော အကျိုးဆက်များ google.com

အိပ်ရာဝင် နောက်ကျခြင်းဟာ ဆိုးရွားတဲ့အကျိုး သက်ရောက်မှု တွေကို ဖြစ်စေတတ်ပြီး ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေရုံမျှ မကဘဲ သင့်ရဲ့နေစဉ် လုပ်ငန်း ဆောင်တာတွေကိုလည်း ထိခိုက်စေပြီး စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေပါတယ်။

ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်း ဆိုင်ရာကိုပါ ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။

၁. ခေါင်းကိုက်ခြင်း နဲ့ နောက်ကျော နာကျင်ခြင်း

အိပ်ချိန်နောက်ကျခြင်းဟာ ဦးနှောက်ကို ဆိုးရွားစွာ သက်ရောက်မှု ရှိပါတယ်။ ဦးနှောက် ရဲ့လုပ်ဆောင်မှုဟာ ခက်ခဲလာပြီး မကြာခဏ ခေါင်းကိုက်ခြင်းတွေ ကြုံရလေ့ရှိပါတယ်။

ဒါ့အပြင် နောက်ကျော ကိုက်ခဲခြင်းတွေကိုလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ နောက်ပြီး အဆက်မပြတ် ချောင်းဆိုးခြင်းနဲ့ အဖျားဝင်ခြင်းတို့ကိုလည်း ခံစားရနိုင်ပါတယ်။

READ - ညဘက်ကောင်းကောင်းအိပ်ပျော်ချင်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းကောင်းများ

၂. စိတ်ဖိစီးမှု

စိတ်ဖိစီးမှု လက္ခဏာတွေဟာ အိပ်စက်ချိန် သင့်တင့်လျောက်ပတ်မှု မရှိခြင်း၊ စိတ်ဂယောင်ချောက်ချား ဖြစ်ခြင်းနဲ့ သတိမေ့ တတ်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျား ဖြစ်မှုတွေကို ဖြစ်ပေါ်စေ တတ်ပါတယ်။

နောက်ကျမှ အိပ်တတ်သူတွေဟာ အိပ်ဆေးတွေကို မှီဝဲနေရခြင်းက နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ထပ်မံမြင့်တက်စေပါတယ်။

၃. မျက်ကွင်းညိုခြင်း

မျက်ကွင်းညိုခြင်းဟာလည်း အိပ်ချိန်လုံလောက်မှု မရှိခြင်းနဲ့ အိပ်စက်ချိန် ပုံမှန်မရှိခြင်း တို့ကြောင့် ဖြစ်ပါတယ်။ ညဥ့်နက်တဲ့ တိုင်အောင် အလုပ်လုပ်ခြင်းနဲ့ နံနက်ပိုင်းမှာ အိပ်ရာထ နောက်ကျခြင်းတို့ကြောင့် ဒီလိုမျက်ကွင်း ညိုခြင်းတွေ ဖြစ်ပေါ်တတ်တာပါ။

ဝက်ခြံနဲ့တခြားသော အရေပြားဆိုင်ရာ ပြဿနာတွေဟာ အိပ်စက်ချိန်နဲ့ သက်ဆိုင်တဲ့ အားနည်းမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

၎. အဝလွန်ခြင်း

ပုံမှန်အားဖြင့် အိပ်ရာဝင် နောက်ကျတဲ့ သူတွေဟာ နံနက်စောစောတွင် စားသောက်လေ့ မရှိပါဘူး။ ဒါကြောင့် ဒီလိုလူတွေဟာ အလုပ်ချိန်မှာ အမြန်စာ Fast Food တွေကို အများအပြား စားမိလေ့ရှိပါတယ်။ သရေစာတွေကိုလည်း အများအပြား စားလေ့ရှိပါတယ်။

ညဥ့်နက်တဲ့အထိ နေလေ့ ရှိသူတွေဟာလည်း ဆိုဒါ၊ အချိုရည်နဲ့ အခြားအဆီ ပါဝင်တဲ့ အစားအစာ တွေကို စားသောက်လေ့ ရှိခြင်းကြောင့် အဝလွန်တာဖြစ်ပါတယ်။

READ - အိပ်ရေးမဝခြင်းရဲ့ ဆိုးကျိုး (၇) ခု

Source: မြ၀တီ

Read times
Rate this item
(3 votes)