မေလ ၈ ရက်တွင် မာဒါကာစကာနိုင်ငံမှ ကိုဗစ်အော်ဂဲနစ် ဆေးရည် တင်ပို့မှု ပထမအသုတ်ကို
လက်ခံရရှိကြောင်း တန်ဇန်းနီးယားနိုင်ငံက တရားဝင်ကြေညာသည်။
အာဖရိကနိုင်ငံတစ်ခု ဖြစ်သော မာဒါကာစကာနိုင်ငံမှ ကိုဗစ်အော်ဂဲနစ် ဆေးရည်သည် တန်ဇန်းနီးယား အပါအဝင် အာဖရိကနိုင်ငံအချို့တို့ တောင့်တနေသော ကိုဗစ်တိုက်ဖျက်ရေး ဆေးရည်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်ကို ကုသနိုင်ကြောင်း ခိုင်မာသည့် သက်သေအထောက်အထား မရှိကြောင်း ပြောဆိုထားသော်လည်း အာဖရိက နိုင်ငံများက လိုလားတောင့်တလျက် ရှိကြသည်။
အာဖရိကနိုင်ငံတစ်ခုဖြစ်သော ဆီနီဂေါမှ သိပ္ပံပညာရှင်များက ၎င်း ပဋိဆေးရည်ကို ဗိုင်းရပ်စ် ကူးစက်ခံလူနာများကို တိုက်ရန် မီးစိမ်းပြခဲ့ကြသည်။
မာဒါကာစကာနိုင်ငံ သမ္မတ Andry Rajoelin က ရုပ်မြင်သံကြားမှတစ်ဆင့် သဘာဝဆေးဘက်ဝင်အပင်ဖြင့် ဖော်စပ်ထားသော ဆေးရည် ကောင်းကြောင်း ပြောကြားခဲ့သည်။
![Madagascar's President Andry Rajoelina launched the purported concoction at a ceremony last month [Rijasolo/AFP]](https://www.aljazeera.com/mritems/imagecache/mbdxxlarge/mritems/Images/2020/5/8/82ce7a11c2cb4898b980e6eb45186650_18.jpg)
မာဒါကာစကာနိုင်ငံ သမ္မတ Andry Rajoelin က ဆေးရည် သောက်ပြနေပုံ
သူက Twitter တွင် ဆေးရည်ကို အာဖရိကနိုင်ငံများအား အခမဲ့ ဝေငှမည်ဖြစ်ပြီး အခြားနိုင်ငံများကို အဖိုးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးမည်ဟု ရေးသားခဲ့သည်။
၎င်းကိုဗစ်တိုက်ဖျက်ရေးဆေးကို သောက်ဆေးရည်အပြင် ထိုးဆေးအဖြစ်ဖြင့်လည်း ထုတ်လုပ်ရန် စီစဉ်နေသည်။ ငှက်ဖျားရောဂါအတွက် ဆေးထုတ်လုပ်ရာ၌ အဓိက သုံးစွဲသည့် Artemisia အပင်ငယ်ဖြင့် ကိုဗစ်တိုက်ဖျက်ရေးဆေးကို ထုတ်လုပ်ထားသည်။ အစိုးရ၏ Malagasy Institute of Applied Research မှ ဖော်ထုတ်ပေးခဲ့သော ဆေးရည် ဖြစ်သည်။









