What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 19 May 2020 02:56

ကမ္ဘာကျော် အောင်မြင်သူတွေ တစ်နေ့ ဘယ်နှနာရီ အိပ်ကြသလဲ

ဘ၀ခရီး အောင်မြင်မှုမှာ တစ်နေ့တာ အိပ်စက်ချိန် ဘယ်နှနာရီ ရှိသလဲဆိုတာ အရေးပါတဲ့ပြီး အရေးကြီးတဲ့ တိုင်းတာချက် တစ်ခု ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာအချမ်းသာဆုံး Jeff Bezos နဲ့ ကမ္ဘာအချမ်းသာဆုံး ဖြစ်ခဲ့ဖူးသူ Bill Gates တို့ တစ်နေ့ ဘယ်နှနာရီ အိပ်ခဲ့ကြသလဲ။ 

 

Apple ရဲ့ CEO ဖြစ် သူ Tim Cook ကနေ အမျိုးသမီး အဆိုတော် Dolly Parton အထိ အောင်မြင်တဲ့ဘဝတွေကို ရထားတဲ့သူတွေ ပြောကြတာက မိုးမလင်းခင် စောစောထတာဟာ အလုပ်လုပ်မယ့် တစ်နေ့တာမှာ အကျိုးအဖြစ်ထွန်းဆုံး ဖြစ်ဖို့အတွက် သော့ချက်ပဲလို့ ဆိုပါတယ်။

 

ဒါပေမဲ့ ထိထိရောက်ရောက်လုပ်ကိုင်ပြီး အောင်မြင်ဖြစ်ထွန်းတဲ့အပြင် ကျန်းကျန်းမာမာ ဖြစ်နေဖို့ဆိုတာအတွက် ညဖက် အိပ်ရေးဝဝ အိပ်ထားဖို့ အလွန်အရေးကြီးတယ်။

 

e-commerce ကုမ္ပဏီ Shopify ရဲ့ စီအီးအို Tobias Lutke က ဘာပြောသလဲဆိုတော့ အလုပ်မှာ အောင်မြင်ဖြစ်ထွန်းဖို့အတွက် တစ်ညလုံး အိပ်ရေးဝဝ သူ အိပ်ရပါတယ်လို့ တွစ်တာမှာ ရေးသားခဲ့တယ်။

 

"တစ်ညကို ၈ နာရီ အိပ်ဖို့ ကျွန်တော် လိုအပ်တယ်။ တခြားသူတွေလိုပါပဲ။ ကျွန်တော်တို့ အမှန်အတိုင်း ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ လူအများအဖို့ တစ်ည ၈ နာရီ အိပ်ချိန် ရှိဖို့ လိုမယ်"

 

American Academy of Sleep Medicine ရဲ့ အဆိုအရ အရွယ်ရောက်ပြီးသူတွေ တစ်ညကို ၇ နာရီမှ ၈ နာရီ အိပ်ဖို့ လိုအပ်ပါတယ်။

 

ဒါပေမဲ့ ဘဝရဲ့ အရေးပါတဲ့ အချိန်နေ့ရက်တွေမှာတော့ အိပ်ချိန်ဆိုတာထက် အလုပ်ချိန်ကို ဦးစားပေးကြတာ အောင်မြင်တဲ့ လုပ်ငန်းရှင်တွေမှာ တွေ့ရပါတယ်။

 

Tobias Lutke က တွစ်တာမှာ အခုလို ရေးသားခဲ့တယ်။ "ကျွန်တော် ညတစ်လျှောက်လုံး ဘယ်တော့မှ အလုပ် မလုပ်ဘူး။ ဘယ်အချိန်မှာပဲ တစ်ပတ်ကို နာရီ ၄၀ ကျော် အလုပ်လုပ်ခဲ့သလဲဆိုတော့ အလုပ်မှာ ဆန္ဒတွေ တောာက်လောင်နေတဲ့အခါမျိုးမှာ ဖြစ်ပါတယ်"

 

bitcoin ကုမ္ပဏီ Messari ပူးတွဲထူထောင်သူနဲ့ စီအီးအို Ryan Selkis က "အသက် ၂၀ ကျော်အရွဘ်မှာ ညဘက်တွေနဲ့ သီတင်းပတ်ကုန်ဆုံးရက် စနေတနင်္ဂနွေတို့မှာ ခင်ဗျားတို့ အလုပ်မလုပ်ရင် အောင်မြင်တဲ့ သက်မွေးမှုကို ခင်ဗျားတို့ ရဖို့ မလွယ်ဘူး" လို့ ပြောပါတယ်။

 

Bill Gates က Microsoft အစပြုကာလမှာ ညလုံးပေါက် အလုပ်လုပ်နေကျ ဖြစ်ခဲ့တယ်။ "ကျွန်တော် သိတယ်။ ကျွန်တော် ထက်ထက်မြက်မြက် ဖြစ်နေဘူး။ ကျွန်တော်က ကော်ဖီတွေ သောက်ပြီး ကဖိန်းတွေကြောင့် မျက်လုံးတွေ ကြောင်ပြီး အလုပ်ဆက်လုပ်နေတယ်။ ဒါပေမဲ့ အလုပ်မှာ ကျွန်တော် အသည်းအသန် ဖြစ်နေတယ်။ အိပ်နေရင် အတော်ပျင်းနေတာလို့ ခံစားမိတယ်"

 

အခုဆိုရင် သူက Microsoft ပူးတွဲထူထောင်သူ ဘီလျံနာ ဖြစ်နေပြီ။ အသက်လည်း အိုမင်းပြီ။ တစ်နေ့ အနည်းဆုံး ၇ နာရီ အိပ်စက်တယ်။ လူတွေ အားလုံး အဲဒီလောက်တော့ အိပ်သင့်တယ်လို့ သူက ရေးသားခဲ့တယ်။

Read times
Rate this item
(0 votes)