What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 16 August 2017 14:26

အကြာကြီး ဆီးအောင့်ထားတယ်ဆိုရင်

အကြာကြီး ဆီးအောင့်ထားတယ်ဆိုရင် google.com

အစည်းအဝေးထဲမှာ အကြာ ကြီးထိုင်နေရချိန်၊ တစ်နေရာရာ ကို အချိန်မီ အပြေးသွားဖို့လိုလာ ချိန်တွေမှာ ဆီးသွားချင်စိတ်ဖြစ် လာတဲ့အခါ အောင့်ထားတတ် တယ်ဆိုရင်တော့ အဲဒီအမူအကျင့် ကို ပြောင်းလဲပစ်ဖို့ လိုအပ်လာပါ ပြီ။

အထူးသဖြင့် အမျိုးသမီးတွေ ဆိုရင် ဆီးသွားချင်ပေမယ့်လည်း နေရာထိုင်ခင်းအဆင်မပြေတာ တို့၊ အိမ်သာ ရုတ်တရက် ရှာမရ တဲ့အနေအထားတွေမှာ ဆီး အောင့်ထားလေ့ရှိကြပါတယ်။

အချိန်အတော်ကြာအောင် ဆီး အောင့်ထားတာမျိုးတွေက ဆိုး ကျိုးတွေရှိနိုင်တာကြောင့် သိထား ရအောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။

ကျောက်ကပ်ကျောက်တည်စေ ခြင်း

- အချိန်အကြာကြီး ဆီး အောင့်ထားရာကနေ ကျောက် ကပ်နဲ့ ဆီးလမ်းကြောင်း ကျောက် တည်တာတွေ ဖြစ်စေနိုင်ပါတယ်။ ကျောက်အရွယ်အစား သေးရင် တော့ နာကျင်မှုမရှိဘဲ အလို အလျောက် အပြင်ကိုစွန့်ထုတ်နိုင် ပေမယ့် အရွယ်အစားကြီးလာခဲ့ ရင်တော့ ဆီးလမ်းကြောင်း ပိတ် စေပြီး အပြင်းအထန် နာကျင်စေ မှာဖြစ်ပါတယ်။

ဆီးအိမ်ကြွက်သားများ အားယုတ်စေခြင်း

အကြာကြီး ဆီးထိန်း ထားရတာကြောင့် ဆီးစွန့်ထုတ်မှု စနစ်ကို ဒုက္ခပေးနိုင်ပြီး ဆီးအိမ်ထဲ ကဆီးတွေ အကုန်မစွန့်ထုတ်နိုင် တာမျိုးတွေပါ ကြုံရတတ်ပါတယ်။ နောက်ပြီး ဆီးအိမ်နံရံတွေကို လည်း ရောင်ရမ်းတာမျိုးတွေ ဖြစ် တတ်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

အကြာကြီးဆီးအောင့်ထားရာက နေ ဆီးလမ်းကြောင်း ပိုးဝင်တာ မျိုးတွေလည်း ဖြစ်လေ့ရှိပါတယ်။ ဆီးအိမ်ထဲမှာ ဆီးတွေအကြာကြီး ထိန်းထားရာကနေ ဗက်တီးရီး ယား ပေါက်ပွားမှုပမာဏမြင့်လာ စေပြီး ဆီးလမ်းကြောင်း၊ ဆီးအိမ် နဲ့ ကျောက်ကပ်ပိုးဝင်တာမျိုး ဖြစ် နိုင်ပါတယ်။

ပုံမှန်အားဖြင့် တစ်နေ့ကို ဆီးရှစ်ကြိမ်ကနေ ဆယ်ကြိမ်အ ထိ သွားလေ့ရှိပြီး လူတစ်ယောက် နဲ့တစ်ယောက် မတူညီတတ်ပါ ဘူး။

ကျန်းမာရေးဆိုးကျိုးမရှိရ လေအောင် ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် ဆီးအကြာကြီး မအောင့်ထားသင့်ကြောင်း ဖော်ပြပေး လိုက်ပါတယ်။

READ - သင်၏ဆီးက ဖော်ပြနေသော ကျန်းမာရေးအခြေအနေများ

Source: 7day daily

Read times
Rate this item
(1 Vote)