What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 May 2020 09:08

Covid-19 ရင်ဆိုင်နေရချိန် ကျန်းမာရေးဝန်ထမ်းများကို တစ်လကျပ်ငါးသောင်းစီ ထပ်ဆောင်းချီးမြှင့်မည်

Covid-19 ကပ်ရောဂါ ရင်ဆိုင်နေရချိန်တွင် ကျန်းမာရေး ဝန်ထမ်းများအား တစ်လလျှင် ကျပ်ငါးသောင်းစီ

ချီးမြှင့်ရန်အတွက် အစိုးရက ဘတ်ဂျက် ချထားပေးကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား သည်။

တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေ ဖြိုးက Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ရှေ့ တန်းက ပါဝင်ဆောင်ရွက်နေ သော ကျန်းမာရေးဝန်ထမ်းများအ တွက် ချီးမြှင့်ငွေနှင့် လိုအပ်သော အထောက်အပံ့ပေးသည့် အစီ အစဉ်များ ပြုလုပ်သင့်ကြောင်း အကြံပြု ဆွေးနွေးချက်အပေါ် ဒေါက်တာ မြင့်ထွေးက မေလ ၂၂ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။

‘‘ချီးမြှင့်ငွေ ကျွန်တော်တို့ လုပ်နေပါတယ်။ ကျန်းမာရေးဝန် ထမ်းတွေကို၊ Risk ရှိတဲ့ ဝန်ထမ်း တွေကို တစ်လကို ငါးသောင်းနှုန်း နဲ့ အစိုးရအနေနဲ့ ၂ ဒသမ ၅ ဘီ လီယံ ချထားပေးပါတယ်’’ ဟု ဒေါက်တာမြင့်ထွေးက ပြော သည်။ လာမည့် ဇွန်လဆန်းကစ၍ Covid-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုများကိုလည်း တိုး၍ လုပ်ဆောင်နိုင်တော့မည်ဖြစ် ကြောင်း ဝန်ကြီးက ပြောသည်။

လက်ရှိတွင် အမျိုးသား ဓာတ်ခွဲခန်း၌ ၂၄ နာရီ လည်ပတ် မည်ဆိုပါက တစ်ရက်လျှင် လူဦး ရေ ၇၅၀ ကို စစ်ဆေးနိုင်ပြီး ဆေး သုတေသနတွင် ၃၇၀ ဦး စစ်ဆေး နိုင်ကြောင်း၊ စစ်ဆေးရန် စက်ရှိ သော်လည်း ကျန်းမာရေးဝန်ထမ်း များအနေဖြင့် နေ့၊ ည လုပ်ငန်း များ ဆောင်ရွက်နေရ၍ များစွာ ပင်ပန်းနေပြီဖြစ်ကြောင်း ဒေါက် တာမြင့်ထွေးက ပြောသည်။
7DAYS NEWS

 

Covid-19 ကပ္ေရာဂါ ရင္ဆိုင္ေနရခ်ိန္တြင္ က်န္းမာေရး ဝန္ထမ္းမ်ားအား တစ္လလွ်င္ က်ပ္ငါးေသာင္းစီ ခ်ီးျမႇင့္ရန္အတြက္ အစိုးရက ဘတ္ဂ်က္ ခ်ထားေပးေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကား သည္။

တပ္မေတာ္သား လႊတ္ ေတာ္ကိုယ္စားလွယ္ ဗိုလ္မႉးေဇ ၿဖိဳးက Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးတြင္ ေရွ႕ တန္းက ပါဝင္ေဆာင္႐ြက္ေန ေသာ က်န္းမာေရးဝန္ထမ္းမ်ားအ တြက္ ခ်ီးျမႇင့္ေငြႏွင့္ လိုအပ္ေသာ အေထာက္အပံ့ေပးသည့္ အစီ အစဥ္မ်ား ျပဳလုပ္သင့္ေၾကာင္း အႀကံျပဳ ေဆြးေႏြးခ်က္အေပၚ ေဒါက္တာ ျမင့္ေထြးက ေမလ ၂၂ ရက္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ ျပန္လည္ ရွင္းလင္းေျဖၾကားခဲ့သည္။

‘‘ခ်ီးျမႇင့္ေငြ ကြၽန္ေတာ္တို႔ လုပ္ေနပါတယ္။ က်န္းမာေရးဝန္ ထမ္းေတြကို၊ Risk ရွိတဲ့ ဝန္ထမ္း ေတြကို တစ္လကို ငါးေသာင္းႏႈန္း နဲ႔ အစိုးရအေနနဲ႔ ၂ ဒသမ ၅ ဘီ လီယံ ခ်ထားေပးပါတယ္’’ ဟု ေဒါက္တာျမင့္ေထြးက ေျပာ သည္။ လာမည့္ ဇြန္လဆန္းကစ၍ Covid-19 ေရာဂါပိုးရွိ၊ မရွိ စစ္ေဆးမႈမ်ားကိုလည္း တိုး၍ လုပ္ေဆာင္ႏိုင္ေတာ့မည္ျဖစ္ ေၾကာင္း ဝန္ႀကီးက ေျပာသည္။

လက္ရွိတြင္ အမ်ိဳးသား ဓာတ္ခြဲခန္း၌ ၂၄ နာရီ လည္ပတ္ မည္ဆိုပါက တစ္ရက္လွ်င္ လူဦး ေရ ၇၅၀ ကို စစ္ေဆးႏိုင္ၿပီး ေဆး သုေတသနတြင္ ၃၇၀ ဦး စစ္ေဆး ႏိုင္ေၾကာင္း၊ စစ္ေဆးရန္ စက္ရွိ ေသာ္လည္း က်န္းမာေရးဝန္ထမ္း မ်ားအေနျဖင့္ ေန႔၊ ည လုပ္ငန္း မ်ား ေဆာင္႐ြက္ေနရ၍ မ်ားစြာ ပင္ပန္းေနၿပီျဖစ္ေၾကာင္း ေဒါက္ တာျမင့္ေထြးက ေျပာသည္။
7DAYS NEWS

Read times
Rate this item
(0 votes)