What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 17 June 2020 16:04

သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မည့် ဖျော်ရည်များ

ညအချိန် သန်းခေါင်းကျော်တဲ့အထိ အိပ်ရာထဲလူးလှိမ့်ပြီး အိပ်ပျော်ဖို့ ကြိုးစားရင် မိုးစင်စင်လင်းခဲ့ရဲတာမျိုးဖြစ်နေရင် သင် ည အိပ်မပျော်တဲ့ ဝေဒနာ ခံစားနေရပါပြီး။

ညအိပ်မပျော်တဲ့အခါ နေ့ရက်တွေမှာ ကိုယ်စိတ်နှလုံး နွမ်းနယ်ပြီး ရက်ကြာလာရင် ကျန်းမာရေး ထိခိုက် လာနိုင်ပါတယ်။ ညအိပ်မပျော်တဲ့ အကြောင်းအရင်းတွေက ဖိစီးမှုတွေ ပူပန်သောကတွေ ပတ်ဝန်းကျင်အခြေအနေတွေဲ့ ဆေးဝါးတွေကြောင့် အမျိုးမျိုးဖြစ်နိုင်ပေမဲ့ ညအိပ်မပျော်တာကို သေချာကုသဖို့ လိုအပ်ပါတယ်။

အိပ်ပျော်စေတဲ့ဆေးဝါးတွေက သောက်သုံးတာများလာရင် ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တာကြောင့် သဘာဝအိပ်ပျော်စေတဲ့ နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Almond Milk

ဆီရိုတိုနင်ဟော်မုန်းက အိပ်ပျော်စေဖို့ အရေးပါတဲ့ ဟော်မုန်းပါ။ ဦးနှောက် အာရုံကြော အဖွဲ့အစည်းကနေ ဆီရိုတိုင်ဟော်မုန်း ထုတ်လုပ်ပေးဖို့အတွက်က ထရိုတိုဒန်ဆိုတဲ့ဓာတ်တစ်မျိုးပေါ် မူတည်နေတာပါ။ အယ်မွန်စေ့ကနေ ထုတ်ထားတဲ့နို့က ထရိုင်တိုဖန်ကို မြင့်တတ်စေလို့ ညမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

 

ချီယားစေ့ဖျော်ရည်

ချီယားစေ့ဟာ ခုနောက်ပိုင်းမှာ ထိပ်တန်းဖြည့်စွက်အစာအဖြစ် နာမည်ရနေတဲ့ သဘာဝအစာတစ်မျိုးဖြစ်ပါတယ်။ ချီယားစေ့မှာ အိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ ထရိုင်ကိုဖန်အပြင် အိုမီဂါဖက်တီးအက်ဆစ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကျန်းမာရေးအတွက် ကောင်းကျိုးများစေတဲ့ ချီယားစေ့ကို အိပ်မပျော်တဲ့ညတွေ လွန်မြောက်အောင် ဖျော်ရည်လုပ်ဆောင်ပေးဖို့ မမေ့နဲ့နော်...။

 

ချယ်ရီသီးဖျော်ရည်

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် လူသိများတဲ့ သဘာဝအိပ်ပျော်ဆေးကတော့ ချယ်ရီသီးဖျော်ရည် ချဉ်ချဉ်လေးပါပဲ။ ဒီဖျော်ရည်က ညအိပ်ပျော်အောင် ကူညီပေးတဲ့ မယ်လတိုနင်ဟော်မုန်း ပမာဏကို မြင့်တတ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို နေ့ဘက်မှာလည်း ကိုယ်ရောစိတ်ပါ ပေါ့ပါး လန်းဆန်းစေနိုင်ပါသတဲ့။

 

Carod Drink

ချောကလက်ဖျော်ရည်ပူပူလိုပဲ Carob မှုန့်ကို ဖျော်သောက်ရတာပါ။ Carod မှုန့်က တိုတိုးမှုန့်လိုပဲ ပုံစံတူပါတယ်။ သူ့မှာက အိပ်ပျော်စေတဲ့ ဗီတာမင်ဘီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆီရိုကိုနင် ပမာဏကို မြင့်တတ်စေပြီး နှစ်ခြိုက်စွာအိပ်ပျော်စေတဲ့အတွက် ညအိပ်ရာမဝင်မီ နို့ပူပူတစ်ခွက်နဲ့ ရောဖျော်သောက်ပေးရင် အကောင်းဆုံးပါပဲ။

 

အုန်းရည်

အုန်းရည်ကို ပင်ပန်းနွမ်းလျတဲ့အခါ အားအင်ပြန်ဖြည့်စေဖို့ သောက်ကြသလိုပဲ ညအိပ်မပျော်တဲ့အခါ ကောင်းကောင်း အိပ်ပျော်အောင် သဘာဝ အိပ်ဆေးအနေနဲ့ သောက်လို့ရပါတယ်။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အုန်းရည်ဟာ ရေဓာတ် ပြန်ဖြည့်ပေးလို့ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းပြီး ဖိစီးမှု ကင်းကင်းနဲ့ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

 

Health Products Directory

Read times
Rate this item
(1 Vote)