What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 September 2017 10:40

ဇီးဖြူသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဇီးဖြူသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ google.com

ဇီးဖြူသီးက ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဗီတာမင်စီကြွယ်ဝ

ဇီးဖြူသီးမှာ ဗီတာမင်စီကြွယ်ဝစွာ ပါဝင်တာကြောင့် ဗီတာမင်စီအားဖြည့်ဆေးတွေအစား ဇီးဖြူသီးခြောက်ကို စားသုံးပေးနိုင်ပါတယ်။

၂. အအေးမိသက်သာစေ

ဇီးဖြူသီးက လည်ချောင်းနာတာနဲ့ အအေးမိတာကို ကုသရာမှာ များစွာ အထောက်အကူပြုပါတယ်။

၃. အဆစ်ရောင် သက်သာစေ

ဇီးဖြူသီးမှာ ရောင်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိတာကြောင့် အဆစ်တွေ နာကျင်ရောင်ရမ်းတာကို သက်သာစေပါတယ်။

၎. အမြင်အာရုံကောင်းမွန်စေ

ဇီးဖြူသီးက အမြင်အာရုံကို ကောင်းမွန်စေသလို မျက်စိကျိန်းစပ်တာ၊ မျက်လုံးနီတာတွေကိုပါ သက်သာစေနိုင်ပါတယ်။

READ - ဒီလိုစားရင် ကျန်းမာမှာ

၅. ဝမ်းချုပ်တာ သက်သာစေ

နေ့စဉ် ဇီးဖြူသီးစားသုံးပေးတာက ဝမ်းမချုပ်အောင်လုပ်ဆောင်ပေးနိုင်သလို အစာချေဖျက်မှုကိုလည်း တိုးတက် ကောင်းမွန် စေပါတယ်။ ဇီးဖြူသီးမှာ ဝမ်း ပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းသတ္တိရှိသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် အစာချေဖျက်မှုဆိုင်ရာ ပြဿနာရှိသူတွေ အထူးသင့်တော်ပါတယ်။

၆. အဆီကိုလောင်ကျွမ်းစေ

ဇီးဖြူသီးက အဝလွန်တာကို လျော့ကျစေပါတယ်။ ခန္ဓာကိုယ် ရဲ့ ပရိုတင်းပမာဏကို တိုးစေပြီး မလိုအပ်တဲ့အဆီတွေကို လျှော့ချပေးပါတယ်။

၇. ဆီးချိုကို ထိန်းညှိပေးခြင်း

ဇီးဖြူသီးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးချိုသမားတွေ စားသုံးဖို့သင့်တော်ပါတယ်။

၈. ပါးစပ်အနာ သက်သာစေ

ပါးစပ်အနာဖြစ်ရတဲ့ အကြောင်းအရင်းတွေ အများအပြားရှိပါတယ်။ အစာမကြေတာကြောင့်ဖြစ်နိုင်သလို ပိုးကူး စက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပါးစပ်အနာရှိသူတွေအတွက် ဇီးဖြူသီးဖျော်ရည်က အကောင်းဆုံးသော ဆေးတစ်မျိုးပါ။

၉. အစာအိမ် ထိန်းညှိပေးခြင်း

အစာအိမ်ရောင်တာနဲ့ ဝမ်းဗိုက်တွင်း ဝေဒနာတွေအတွက် ဇီးဖြူသီးက ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။

၁၀. သွေးသန့်စေခြင်း

ဇီးဖြူသီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ်ဖြစ်သလို သွေးသန့်စေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဇီးဖြူသီးနေ့တိုင်းစားပေးပါက ခန္ဓာကိုယ်ရဲ့ သွေးဖြူဥဆဲလ်နဲ့ သွေးနီ ဥဆဲလ်တွေကိုတိုးပွားစေပါတယ်။

၁၁. ကိုယ်ခံအားတိုးစေခြင်း

ဇီးဖြူသီးက ဗီတာမင်စီကြွယ်ဝတာကြောင့် ကူးစက်ရောဂါနဲ့ကူးစက်ရောဂါတွေကိုတိုက်ထုတ်ပေးတဲ့ ကိုယ်ခံအားကို တိုးစေပါတယ်။

၁၂. အိပ်မပျော်မှု သက်သာစေ

အိပ်မပျော်တဲ့ ဝေဒနာခံစားနေရတယ်ဆိုရင် ဇီးဖြူသီးဖျော်ရည်သောက်ပေးတာက ကောင်းကောင်းအိပ်ပျော်စေပါတယ်။

၁၃. အရိုးတွေသန်မာစေခြင်း

ဇီးဖြူသီးမှာ ကယ်လ်ဆီယမ်ဓာတ်ပါဝင်တာကြောင့် အရိုးတွေကို သန်စွမ်းစေသလို အရိုးကျိုးစေနိုင်တဲ့ osteoclast ဆဲလ်တွေကိုလည်း လျော့ပါးစေပါတယ်။

၁၄. ကင်ဆာကာကွယ်

ဇီးဖြူသီးမှန်မှန်စားသုံးပေးတာက ကင်ဆာရောဂါဖြစ်နိုင်ခြေလျော့ပါးစေပါတယ်။

၁၅. နှလုံးကျန်းမာစေခြင်း

ဇီးဖြူသီးက ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပေးတာကြောင့် နှလုံးကျန်းမာသန်စွမ်းစေပါတယ်။

၁၆. သွေးရောဂါတစ်မျိုးဖြစ်တဲ့ Scurvy မဖြစ်အောင်ကာကွယ်ပေးခြင်း

မနက်တိုင်း ဇီးဖြူသီးဖျော်ရည် မှန်မှန်စားသုံးပေးပါက အသားဝါနဲ့ ဗီတာမင်စီချို့တဲ့မှုကြောင့် ဖြစ်တဲ့သွေးရောဂါ တစ်မျိုးဖြစ်တဲ့ Scurvy မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

READ - ပင်ပန်းနွမ်းနယ်နေချိန်မှာ စားသင့်တဲ့ အစားအစာများ

Source: kumudranews

Read times
Rate this item
(1 Vote)