What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 May 2018 11:58

ပိန်ဆေး ၊ အဆီကျဆေးတွေသောက်ရန် ဘာတွေဖြစ်နိုင်လဲ

ပိန်ဆေး ၊ အဆီကျဆေးတွေသောက်ရန် ဘာတွေဖြစ်နိုင်လဲ Facebook

အဆီကျဆေးတွေကို မသောက်ကြဖို့ပြောရတဲ့ အဓိကအချက်က အဆီကျပိန်ဆေးတော်တော်များများက နိုင်ငံတိုင်းလိုလိုမှာ FDA ခွင့်ပြုချက်ရထားတာသိပ်မရှိပါဘူး။

မြင်သာအောင်ပြောပြရရင်တော့ အဆီကျဆေးတော်တော်များများမှာ အဓိကပါဝင်နေတာက ဝမ်းနှုတ်ဆေးပါ။

သောက်သုံးလို့ရတယ်ဆိုပေမယ့်တောင် ရေရှည်မှာ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

ဝမ်းနှုတ်ဆေးက အလွန်အကျွံသောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက electrolyte ပမာဏမမျှတတာမျိုးဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင်ပိန်ဆေးတွေထဲမှာပါတဲ့ Guarana ဆိုတဲ့ အပင်တစ်မျိုးက ဆီးရွှင်စေနိုင်ပါတယ်။

ဒီအပင်က ကဖင်းဓာတ်ပါဝင်နေတဲ့ အပင်တစ်မျိုးဖြစ်ပြီး သွေးပေါင်ချိန်တက်တာမျိုးဖြစ်စေနိုင်ပါတယ်။

ဒါတင်မကပါဘူး ခန္ဓာကိုယ်ထဲမှာ မအီမသာဖြစ်တာ ၊ ညီးစီစီဖြစ်တာ နဲ့ စိတ်ဖိစီးတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

ဒါတွေအပြင် ပိန်ဆေးတွေထဲမှာ ပါလေ့ရှိတဲ့ juniper berries နဲ့ horse tail လိုမျိုး အပင်တွေကလည်း ဆေးဖက်ဝင်အပင်တွေဆိုပေမယ့်လာည်း တန်ရင်ဆေးလွန်ရင်ဘေးဆိုသလိုပါဘဲ။

ပမာဏအရမ်းများလာမယ်ဆိုရင် ကျောက်ကပ်ထိခိုက်တာနဲ့ ဦးနှောက်ထိခိုက်တာတွေအပါအဝင် ပြင်းထန်တဲ့ကျန်းမာရေးနောက်ဆက်တွဲ ပြဿနာတွေခံစားရနိုင်ပါတယ်။

ဆီးအရမ်းရွှင်စေတဲ့ ပိန်ဆေးတွေဆိုရင် ခေါင်းမူးတာ၊သွားဖုံးသွေးယိုတာ၊ဝမ်းမည်းမည်းတွေသွားတာ၊ စိတ်ရှုပ်ထွေးတာမျိုးတွေခံစားရနိုင်ပါတယ်။

sibutramine ပါဝင်နေတဲ့ အချို့ ပိန်ဆေးတွေဆိုရင် ရုတ်တရက်နှလုံးရပ်တာ နဲ့ လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကျန်းမာကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ်အလေးချိန် ကျစေမဲ့အစားအစားတွေ ၊ လေ့ကျင့်ခန်းတွေ လုပ်ပေးချင်ဖြင့် မိမိရဲ့ ကိုယ်အလေး ချိန်လျော့ချ လိုရမှာ လည်းဖြစ်ပါတယ်။

 

source:"helloDr"

 

Read: နေ့စဉ် ဘာကြောင့် တရုတ်နံနံပင်ကိုစားသင့်သလဲ

နေ့စဉ် ဘာကြောင့် တရုတ်နံနံပင်ကိုစားသင့်သလဲ

Read times Last modified on Friday, 25 May 2018 12:29
Rate this item
(1 Vote)