What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 07 September 2017 10:52

ဝိတ်လျှော့နေသူတိုင်း မဖြစ်မနေလိုက်နာသင့်သည့်အချက်များ

ဝိတ်လျှော့နေသူတိုင်း မဖြစ်မနေလိုက်နာသင့်သည့်အချက်များ google.com

၁. တစ်နေ့လျှင် အစာနည်းနည်းချင်းစီကို 5-6 ကြိမ်ခွဲစားပါ။

တစ်နေ့လျှင် အကြိမ်အရေအတွက်များများစားပေးခြင်းကြောင့် ကယ်လိုရီကို ပုံမှန်လောင်ကျွမ်းစေကာ ဆာလောင်မှုလည်း ပြေပျောက်စေပါတယ်။ ဒါ့အပြင် သွေးထဲရှိသကြားဓာတ်ကို ပုံမှန်ဖြစ်စေတဲ့အတွက် အင်ဆူလင်ဓာတ် လိုအပ်မှုလည်း လျော့စေပါတယ်။

၂. ကယ်လိုရီပါဝင်မှုများတဲ့ အစားအစာတွေကို လျှော့စားပါ။

(ဥပမာအားဖြင့် ရေခဲမုန့်ထဲမှာဘယ်ရီသီးများများထည့်စားတာမျိုး၊ ချိစ်ထဲမှာအရွက်ကိုများများထည့်သုပ်စားတာမျိုး၊ အသီးအရွက်နဲ့ အသားညှပ်စားရတဲ့ အစာသွပ်မုန့်တွေထဲမှာ အသီးအရွက်များများထည့်စားတာမျိုး )

၃. ကယ်လိုရီများများလောင်ကျွမ်းစေဖို့ ရေများများသောက်ပါ။

ကယ်လိုရီများများလောင်ကျွမ်းစေဖို့ ရေသောက်ပေးပါ။ ရေအစားအချိုရည်တွေ မသောက်မိစေဖို့ သတိပြုသင့်ပါတယ်။

၎. ညစာကို နည်းနည်းသာစားပါ။

ကိုယ်အလေးချိန်လျော့ချနေသူတွေအနေနဲ့ ညစာကို ထမင်း၊ ဟင်းအစားအရွက်သုပ် စားပေးတာပိုသင့်တော်ပါတယ်။

၅. အချိန်မှန်မှန်စားပါ။

တီဗီကြည့်ရင်း၊ စာအုပ်ဖတ်ရင်း အစားစားခြင်းကို ရှောင်ကြဉ်ပါ။

စားသောက်တဲ့အစားအစာတိုင်းမှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆံတွေ ပါဝင်အောင်စားပါ။

မိမိစားမယ့်ပန်းကန်ထဲမှာ စားနိုင်သလောက်ပမာဏမျှသာထည့်ပြီး အပိုထပ်ထည့်စားခြင်းမျိုးကို ရှောင်ကျဉ်သင့် ပါတယ်။                  

ဟင်းရည်နဲ့ အရွက်သုပ်ကို အစာစားတိုင်းမှာ ထည့်စားပါ။

ဖြူစင်အောင်ဖွပ်ထားသော ဂျုံချော၊ ဆန်ချောကို ရှောင်ကျဉ်ပါ။

READ - မိတ်ကပ်မလိုဘဲ ပင်ကိုယ်အလှပေါ်လွင်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းကောင်းများ

Source: drmyanmar.com

Read times
Rate this item
(1 Vote)