What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 June 2022 15:35

အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို အမြန်ဆုံး ပျောက်ကင်းစေမယ့်နည်းများ

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူလာတဲ့သူတွေ တစ်နေ့တစ်ခြားများပြားလာပါတယ်။ အရွယ်မတိုင်ခင်ဆံပင်ဖြူခြင်းဟာ ပတ်ဝန်ကျင်းနဲ့ဆက်ဆံရာမှာ စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပြီး ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုနည်းစေပါတယ်။

အောက်ပါအချက်တွေကတော့ ဆံပင်ဖြူရခြင်းအကြောင်းအရင်းတွေနဲ့ ကုသရန်အတွက် လွယ်ကူသက်သာစွာ လုပ်နိုင်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

မယ်လနင် ဓာတ်နည်းခြင်းကြောင့်

မယ်လနင်ဆိုတာ လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်ဖြစ်ပြီး အသားညိုတဲ့သူတွေများ ပိုများပါတယ်။ မယ်လနင်ဓာတ်ဟာ ထုတ်လွတ်မှု အကောင်းနေမယ်ဆိုရင်တော့ ဆံပင်ဟာပိတုံးရောင် နက်မှောင်နေမှာဖြစ်ပြီး ထုတ်လွတ်မှုအားနဲနေရင်တော့ ဆံပင်ဖြူမြန်စေနိုင်ပါတယ်။

မျိုးရိုးဗီဇ

တချို့ကတော့ ဘေးဥပ္ပါတ်ကြောင့်မဟုတ်ဘဲ မျိုးရိုးဗီဇလိုက်ပြီး ဆံပင်ဖြူတတ်ပါ။ အမေ၊အဖေတွေနဲ့ အဘိုးအဘွားတွေက အရွယ်မတိုင်ခင် ဆံပင်ဖြူခဲ့တယ်ဆိုရင်တော့ သင်ကိုယ်တိုင်ကလည်း အရွယ်မတိုင်ခင်ဆံပင်ဖြူဖို့ ရာခိုင်နှုန်းများပါတယ်။

ဓာတု ပစ္စည်း

ဓာတုပစ္စည်းပါဝင်မှုများတဲ့ အသုံးအဆောင်တွေ အစားအသောက်တွေ အသုံးစွဲခြင်းကြောင့်ဖြစ်တတ်ပါတယ်။ ဆံပင်ဆိုးဆေးတွေ ခေါင်းလျှော်ရေတွေနဲ့သုံးစွဲခြင်းကလည်းဖြစ်တတ်ပြီ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ စားသောက်ကုန်တွေ အများအပြားသုံးစွဲခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ် (ဥပမာ ခေါက်ဆွဲခြောက်) ။

စိတ်ဖိစီးမှု

မိသားစုကြောင့်ပဲဖြစ်ဖြစ်၊ ချစ်သူခင်သူတွေကြောင့်ပဲဖြစ်ဖြစ်၊ လုပ်ငန်းကိစ္စကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ မကြာခဏကြုံတတ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုကနေလည်း ဆံပင်ဖြူမြန်စေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို မလိုအပ်ပဲခေါင်းထဲမထားဖို့ အကြုံပြုလိုပါတယ်။ ဒ့ါအပြင် စိတ်ဖိစီးမှုကြောင့် အရွယ်အိုမြန်စေပါတယ်လို့ သုတေသီများကဆိုထားပါတယ်။

ရောဂါ

သွေးအားနည်းသူတွေ၊ နာတာရှည်ဖျားနာခြင်းနဲ့ သိုင်းရွက်ဂလန်းနဲ့ ပစ်ကျူထရီရောဂါတွေကြောင့် အရွယ်မတိုင်ခင်ဆံပင်ဖြူနိုင်သလို ဗီတာမင်ဘီတွဲ ချို့တဲ့တာတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။

ကုသနည်းများ

*အသားနဲ့ အဟာရဓာတ်ဖြစ်စေနိုင်တဲ့အစားအစာ များများစားပေးခြင်းဖြင့် မယ်လနင်ဓာတ်ကို ထုတ်လွတ်မှုအားကောင်းစေကာ ဆံပင်ဖြူခြင်းကို လျှော့ချနိုင်ပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေနိုင်ပါတယ်။

*ကြက်သွန်နီရည် - လက်ဖက်ရည်ဇွန်း (၃) ဇွန်း သံပုရာသီးရည် - လက်ဖက်ရည်ဇွန်း (၂) ဇွန်းတို့ကို ရောပြီး ဦးရောပြားအထိရောက်အောင်လိမ်းပေးပါ။ ထို့နောက် နာရီဝက်လောက်ထားပြီး ခပ်ပျော့ပျော့ခေါင်းလျှော်ရည်တစ်မျိုးနဲ့ ခေါင်းလျှော်ပါ။ ထိုနည်းကို တစ်ပတ်လျှင် (၅) ရက်ခန့်ပြုလုပ်ပေးပါက နှစ်ပတ်သုံးပတ်အတွင်း သိသိသာသာပြောင်းလဲလာပါလိမ့်မယ်။

*အုန်းဆီနဲ့ လိမ္မော်ရည်ကို ဆတူရောစပ်ပြီးအပူပေးပါ။ ခပ်နွေးနွေးဖြစ်ပြီဆိုရင် ခေါင်းကိုသုတ်လိမ်းပြီး နာရီဝက်အကြာမှာ ခေါင်းလျှော်ပါ။ တစ်ပတ်နှစ်ကြိမ်ပြုလုပ်ပေးဖို့လိုပါတယ်။

*ကော်ဖီမှုန့်နှင့် ဒန်းမှုန့်ကို ရောကာ ဦးရေပြားကို သုတ်လိမ်းပေးခြင်းဖြင့် ဆံပင်ဖြူခြင်းကို သက်သာသောက်ကင်းစေပါတယ်။ ၃ပတ်တစ်ခါ ပြုလုပ်ပေးပါ။

*နှမ်းနက်ဆီနဲ့ အုန်းဆီကိုဆတူရော၍ဆံပင်ကိုလိမ်းပါ။ ခေါင်းကိုသပတ်ဖြင့်ပေါင်းထားပြီး နာရီဝက် ထားပြီးခေါင်းလျှော်ပါ။ ပုံမှန်ပြုလုပ်လျှင် ဆံပင်အတွက်လိုအပ်သော မယ်လနင် (Melanin) ဓာတ်ကို ပိုပြီးအာကောင်းစေလ့ို ဆံပင်ကို ပိုပြီးနက်မှောင်စေပါတယ်။

Ref- Drပြည့်ရှင်း၊ Dr အေးမင်းထူး

Read times
Rate this item
(1 Vote)