(၁) အားကစားလုပ်ပါ
ကော်ဖီတခွက်
သည်
Faceboo
ဒါ့ကြောင့်အလုပ်တ
(၄) အဆင့်ငယ်လေးတွေခွဲပြီးလုပ်ေ
လုပ်ဆောင်စရာများတဲ့အလုပ်တေ
ဘယ်လို
ခွဲပြီးလုပ်ေ
ဒီလိုအလေ့အက
လူအမ
လေ့ကျင့်ဖို့လိုအပ်မ
အလုပ်မလ
အာရုံစူးစို
Unicode Version
အာရုံစူးစိုက်တယ်ဆိုတာ စိတ်ပြန့်လွင့်ခြင်းမရှိဘဲ အရာတခုပေါ်မှာ စိတ်ကိုစုစည်းထားနိုင်ခြင်းဖြစ်ပါတယ်။
ကျွန်တော်တို ့အာရုံစူးစိုက်လာနိုင်အောင် ကြိုးစားလို ့ရပါတယ်။
စိတ်ပညာရှင်တွေက မိမိလုပ်မယ့်အရာပေါ်မှာ အာရုံအပြည့်အဝထားနိုင်ခြင်းဟာကနဦးအောင်ပွဲလို ့ဆိုပါတယ်။
အာရုံစူးစိုက်နိုင်အောင်လုပ်ဆောင်သင့်တဲ့အချက်တွေကတော့
(၁) အားကစားလုပ်ပါ
ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းဟာ သင်ကြားခြင်းနှင့်မှတ်ညဏ်ကိုတိုးတတ်စေတဲ့ ဦးနှောက်အတွင်းက ဓာတုပစ္စည်းတွေကိုထုတ်ပေးတဲ့အတွက် အာရုံစူးစိုက်နိုင်စွမ်း တိုးတတ်စေပါတယ်။
ကော်ဖီတခွက်ထက်သာတယ်ဆိုရင်တောင်မှ အားကစားလုပ်ခြင်းဟာ စိတ်ကျန်းမာရေးတိုးတတ်အောင် ရေတိုကူညီပေးနိုင်ပါတယ်။
သည့်အပြင် လူတယောက်ကိုပိုပြီး စမတ်ကျစေသလိူ အာရုံစူးစိုက်ရာမှာလည်း စိတ်ပြန့်လွင့်မှုမရှိအောင် ကူညီပေးပါတယ်။
(၂) ဘဝမှာ အရေးကြီးတဲ့အရာတွေကို မှတ်စုလုပ်ထားပါ
ဘယ်အလုပ်တွေ၊ ဘယ်အရာတွေက သင့်ကိုဖိအားများစေတယ်၊စိုးရိမ်ပူပန်စေတယ် ဆိုတာကိုအချိန်ယူပြီးစဉ်းစားပါ။
စနစ်တကျ စာရင်းလုပ်ရမယ့်အရာဖြစ်ပါတယ်။
ပြီးဒီအရာတွေကို အဆင့်ငယ်လေးတွေခွဲပြီး အောင်မြင်အောင်လုပ်ဆောင်ရမယ်။
ပြီးမြောက်သွားတဲ့အခါ ရှေ ့ကိုခရီးဆက်ပြီး ပိုမြင့်မားတဲ့ဘဝရည်မှန်းချက်တွေဆီအရောက်လှမ်းရပါမယ်။
စိတ်ပြန့်လွင့်စေတဲ့အရာတွေ၊ စိတ်ရှုပ်စေတဲ့အရာတွေကို ဘဝထဲကထုတ်ပယ်လိုက်ပါ။
ယနေ့ခေတ်လူ့အဖွဲ့အစည်းဟာ နည်းပညာလောကပေါ်မှာအခြေခံပြီးတည်ဆောက်ထားတာဖြစ်ပြီး လူတိုင်းလူတိုင်းနဲ ့အချိန်အခါ၊ နေရာဒေသမရွေးဆက်သွယ်နိုင်ကြပါတယ်။
လေ့လာချက်တွေအရ ဝန်ထမ်းတဦးဟာ တနာရီကိုအကြိမ်၃၀နီးပါးသူ့ရဲ့အီးမေးလ်ကို စစ်တယ်လို ့ဆိုပါတယ်။
ဒါ့ကြောင့် အလုပ်ပေါ်မှာအာရုံစိုက်နိုင်ဖို ့ဆိုရင် မလိုအပ်တာတွေကို အကုန်ပိတ်ထားရပါမယ်။
Facebook ကနေ နိုတီတွေအရမ်းတတ်နေရင်၊ မက်ဆေ့တွေဝင်လာနေတယ်ဆိုရင် သင့်ဖုန်းကိုဘေးမှာချထားပြီး လိုအပ်ရင် အင်တာနက်ပိတ်ထားလိုက်ပါ။
(၃)အလုပ်တခုကို တကြိမ်ဘဲလုပ်ပါ
တချိန်တည်းမှာဘဲ အလုပ်မျိုးစုံလုပ်ခြင်းဟာ အာရုံစူးစိုက်ခြင်းရဲ့ရန်သူတော်ကြီးပါ
လေ့လာချက်တွေအရ တကြိမ်တည်းမှာ လုပ်ငန်းများစွာကိုလုပ်မယ်ဆိုရင် ဘယ်လုပ်ငန်းမှ အပြီးအထိ ဆုံးခန်းတိုင်မှာမဟုတ်ဘူးလို ့ဆိုပါတယ်။
ဒါ့ကြောင့်အလုပ်တခုကိုဘဲအာရုံစိုက်ပြီး ပြီးဆုံးအောင်သေချာအာရုံစူးစိုက်ပြီးလုပ်ပါ။
ပိုပြီး သိသိသာသာ တိုးတတ်လာတာကိုခံစားမိမှာဖြစ်သလို ဖိအားလည်းနည်းသွားမှာအမှန်ပါဘဲ
(၄) အဆင့်ငယ်လေးတွေခွဲပြီးလုပ်ဆောင်ပါ
လုပ်ဆောင်စရာများတဲ့အလုပ်တွေ၊ စီမံကိန်းတွေကို အဆင့်ငယ်လေးတွေခွဲပြီးမလုပ်ဘူးဆ်ိုရင် အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။
ဘယ်လိုလုပ်ငန်းကိစ္စတွေမှာဖြစ်ဖြစ်အာရူံစူးစိူက်နိုင်စွမ်းလျော့နည်းနေပြီလို ့ခံစားမိရင် မိမိလုပ်ငန်းကိစ္စရဲ့နောက်ဆုံးအဆင့်အထိ ရောက်အောင်ဘယ်လို အဆင့်ငယ်လေး တွေ
ခွဲပြီးလုပ်ဆောင်မလဲဆိုတာကိုဆုံးဖြတ်ပါ။
ဘယ်လောက်ဘဲသေးငယ်ပါစေ ပြီးပြီးမြောက်မြောက်လုပ်ဆောင်သွားမယ်ဆိုရင် စီမံကိန်းလုပ်ငန်းတခုလုံးအောင်မြင်မှာပါဘဲ။
ဒီလိုအလေ့အကျင့်ကိုပြုစုပျိူးထောင်ခြင်းဟာ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းကိုတိုးတတ်စေပါတယ်။
(၅) ပြန်ပြီးအာရုံစိုက်ပါ
အဓိကအချက်ကတော့ limit ကိုရောက်လာတဲ့အခါ သင်ဘာလုပ်သလဲဆိုတာပါဘဲ။
လူအများစုဟာ အရာတခုကိုမိနစ်၄၀လောက်ဘဲအာရုံစိုက်နိုင်ကြတယ်။
အနှေးနဲ ့အမြန် အာရုံမစိုက်နိုင်ကြတော့ပါဘူး။
ဒါပေမယ့် အာရုံစူးစိုက်နိုင်တဲ့သူတွေဟာ အရာတခုထဲကိုဘဲထပ်ခါထပ်ခါ ပြန်လည်အာရုံစူးစိုက်ကြတဲ့သူတွေပါ။
လေ့ကျင့်ဖို့လိုအပ်မှာဖြစ်ပါတယ်။
(၆) သင့်ရဲ့စိတ်ကိုပြင်ဆင်ပါ
ဘာအလုပ်မှမလုပ်ခင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။
မိနစ်အနည်းငယ်လောက် သက်တောင့်သက်သာရှိမယ့် အနေအထားတိုင်းနေပြီး အသက်ပြင်းပြင်းရှုပါ။
အလုပ်မလုပ်ခင် သင့်ရဲ့ခန္တာကိုယ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။
ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းကိုတိုးတတ်စေတယ်ဆိုတာသိရလာရပါလိမ့်မယ်။
အာရုံစူးစိုက်နိုင်ဖို ့လုပ်ရမှာက သင့်ရဲ့စိတ်ကိုအရင်ပြင်ဆင်၊ပြီးမှ အလုပ်ကိုအောင်မြင်အောင်အစွမ်းကုန်ကြိုးစားပါ ။